Tuesday, September 17, 2013

နယ်စပ်မြစ် ကို ဖြတ်ကူး လာသည့် မြောက် ကိုရီးယား နိုင်ငံသား ကို တောင် ကိုရီးယား ပစ်သတ်

0 comments


17.9.2013

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မြစ် ကို ဖြတ်ကူး ရန် ကြိုးစား သည့် မြောက် ကိုရီးယား ဘက် မှ လူ တစ်ဦး ကို တောင် ကိုရီးယား တပ်ဖွဲ့ဝင် များ က ပစ်သတ် ခဲ့ကြောင်း ဘီဘီစီ သတင်း တွင် စက် တင်ဘာ ၁၆ ရက် က ဖော်ပြ သည်။

နယ်စပ်မြစ် အင်ဂျင်းမြစ် အတွင်း ခုန်ဆင်း ကူးခပ်ရာ ၄င်းကို ရပ်တန့် ရန် သတိပေးသော် လည်း မရ သဖြင့် တောင်ကိုရီးယား စစ်သားများ က ပစ်ခတ် ခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိ သူများ က ဆို သည်။

မြောက် ကိုရီးယားနှင့် တောင် ကိုရီးယားနှစ်နိုင်ငံ သည် ၁၉၅ဝ - ၅၃ စစ်ပွဲဖြစ် ပြီး နောက်ပိုင်း စစ် ဆိုင်း ကာလ အဖြစ် ဆက်လက် ရှိနေပေ မယ့် ငြိမ်းချမ်းရေး သဘော တူညီမှု ရယူ ထားခြင်း မရှိ သည့် နှစ်နိုင်ငံဖြစ် သည် ။တောင် ကိုရီးယားနိုင်ငံ အတွင်း မြောက် ကိုရီးယားပြည်ပြေး ထောင်ပေါ င်း များစွာ ရှိနေ သည်။

ယခု ပစ်ခတ်မှု ဖြစ်ပွား ချိန် မှာ နှစ်နိုင်ငံ ပူးပေါင်း ကေဆောင် စက်မှု ဇုန် သဘော တူညီ မှုရ ပြီးပြန် လည် ဖွင့်လှစ် သည့် ကာလ ၌ ပေါ်ပေါက် လာခြင်း ဖြစ် သည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here