Sunday, September 8, 2013

တာချီလိတ်၌ (အိုက်စ်) ပုံဆောင်ခဲ အပါအ၀င် ဆူဒိုအက်ဖီဒရင်းအမှုန့် နှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးသိမ်းဆည်းရမိ

0 comments

8.9.2013


တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀ိန်းကျောက်ကျေးရွာ၊ အာခါဈေးလမ်းအနီးရှိ နေအိမ်တစ်ခုတွင် မက်သာအက်ဖီတမင်း(ရေခဲ)၊ စိတ်ကြွရူးသွပ်ဆေးပြား နှင့် ဆူဒို အက်ဖီဒရင်းအမှုန့် စသည့် တန်ဘိုးငွေ ကျပ် သိန်း ၁၁၉သိန်းခန့်ရှိသော မူးယစ်ဆေးဝါးများအား စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က တရားခံနှင့်အတူ သိမ်းဆည်းရမိကြောင်း သိရသည်။


ဖြစ်စဉ်မှာ တာချီလိတ်မူးယစ်(အထူး)အဖွဲ့မှ ဦးဆောင်သော ပူးပေါင်းအဖွဲ့တို့မှ မူးယစ်ဆေးဝါးသတင်းအရ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀ိန်းကျောက်ကျေးရွာ၊ အာခါဈေးလမ်းအနီးရှိ နေအိမ်တစ်အိမ်အား ၀င်ရောက်ရှာဖွေစစ်ဆေးရာ နေအိမ်အိပ်ခန်း ခြေရင်းဘက်ရှိ မှန်ဘီဒိုအတွင်းမှ ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် မက်သာအက်ဖီတမင်း(ရေခဲ) ကာလတန်ဘိုးငွေ ကျပ်သိန်း ၁၁၂.၈ခန့် တန်ဘိုးရှိသော အလေးချိန် ၇၀၅ ဂရမ်၊ ကျပ်သိန်း ၂.၆သိန်းခန့်တန်ဘိုးရှိသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀ ပြားအား ရှာဖွေတွေ့ရှိရသည်။

အဆိုပါအဖွဲ့မှ ဆက်လက်၍ ရှာဖွေရာ နေအိမ်ခြံဝန်းအတွင်းရှိ မီးဖိုဆောင် အတွင်းမှ ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် ကာလတန်ဘိုးငွေ ကျပ် ၄.၅၅သိန်ခန့် တန်ဘိုးရှိသော ဆူဒိုအက်ဖီဒရင်းအမှုန့် ၄၅၅ ဂရမ်အား တွေ့ရှိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသူ တရားခံ အသက် ၄၅ နှစ်ရှိ ဦးစိုင်းxxxxx နှင့် အသက် ၄၈ နှစ်ရှိ ဦးနန်းxxxxx တို့အား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၁၀၉/၂၀၁၃၊ မူးစိတ် ၁၅/၁၉(က) /၁၆ (ခ)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တာချီလိတ်သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here