Sunday, September 22, 2013

မန္တလေးတိုင်း ၂ နှစ်အတွင်း စည်းကမ်းနှင့်မညီသည့် KTV ဆိုင် ၁၆ ဆိုင် ပိတ်သိမ်း

0 comments
မန္တလေး၊ စက်တင်ဘာ ၂၀

ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များပါ မျက်စိကျရာ ဒေသတစ်ခု ဖြစ်လာသော စီးပွားရေး အခွင့်အလမ်းကောင်း များစွာ ရှိနေသည့် မန္တလေးတိုင်း ဒေသကြီးအတွင်း ပြည်သူများ စိတ်အပန်းပြေစေမည့် လုပ်ငန်းများစွာ တရားဝင်ခွင့်ပြု လုပ်ကိုင်ခွင့်ပေး ထားသည့်အနက် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း စည်းကမ်းနှင့်မညီသည့် ကေတီဗီဆိုင် ၁၆ ဆိုင်ကို ပိတ်သိမ်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း စင်တင်တေးဂီတနှင့် ကာရာအိုကေဆိုင်များကို တရားဝင် ဖွင့်လှစ်ခွင့်ပေးထားပြီး Day Club နှင့် Night Clup များကို ဖွင့်လှစ်ခွင့်ပြုမည် မဟုတ်ကြောင်း၊ စားသောက်ဆိုင်များတွင် အများပြည်သူ စိတ်အပန်းပြေစေရန် အတွက် ဖျော်ဖြေရေးနှင့် တွဲဖက်ဖွင့်လှစ် ခွင့်ပြုပေးထားပြီး ၁၉၉၆ ခုနှစ်မှ စတင်ကာ ဗီဒီယိုလုပ်ငန်း ခေါင်းစဉ်အောက်တွင် စီဒီအိုကေများကို ဖွင့်လှစ်ခွင့်ပြု ခဲ့ကြောင်း ၄င်းကဆိုသည်။

မန္တလေးမြို့တွင် ကလပ်ဟူ၍ သီးခြားမရှိဘဲ ဘားတွင် အဖွဲ့ဝင်များက ကခုန်ကြခြင်းနှင့် လူငယ်များစုပြီး ပါတီပေးကာ ကသည့်ဓလေ့ ယခုနောက်ပိုင်း အတွေ့ရများလာကြောင်း မန္တလေးမြို့တော်ရှိ လူငယ်အများစုက တူညီစွာပြောကြားသည်။

စည်းကမ်းနှင့်အညီ ဖွင့်လှစ်ခွင့်ပြုခဲ့သည့် ကာရာအိုကေနှင့် စင်တင်စားသောက်ဆိုင် များမှ အခွန်ရရှိငွေမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၁၀၀ ကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၃၅ သိန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် သြဂုတ်လ ကုန်ထိ ကျပ်သိန်း ၄၀ ခန့်ရရှိကြောင် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here