Monday, April 1, 2013

ဗိုလ်ချုပ် ဆေထင် ပြောစကားများက ပြည်ထောင်စုကြီးတစ်ခုလုံး ပြိုကွဲသွားအောင် သွေးထိုးလှုံ့ဆော် လိုက်တဲ့ သဘောလား….?

2 comments
ဧပြီ(၁)



ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ လားရှိုးမြို့၌ မတ်(၂၁) ရက်နေ့က ကျင်းပခဲ့သော ရှမ်း-ကယား ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ SSPA/SSA မှအထင်ကရခေါင်းဆောင် ဗိုလ်ချုပ်  ဆေထင် လည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထိုဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ဆေထင် အား အလွတ်သတင်းထောက်တစ်ဦးမှ မေးမြန်းမှုများအပေါ် ဗိုလ်ချုပ် ဆေထင် ပြန်လည်ဖြေကြားခဲ့သော စကားများက စည်းလွတ်ဝါးလွတ်နိုင်လွန်းသည် ဟု ပြောချင် ပါသည်။

“လက်နက်စွန့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကို ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ အစားထိုးမှ သာလျှင် နိုင်ငံရေး ပြဿနာဖြေရှင်းနိုင်မယ်” ဟု ဦးဆေထင် ပြောသွားသည့်အပေါ် မေးစရာမေးခွန်း များ ပေါ်လာပါသည်။

SSPA/SSA ဆိုတာ  နိုင်ငံတော်အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပြီးသော အဖွဲ့ အစည်း ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာချိန်မှာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ SSPA/SSA သည် ပြည်ထောင်စု တပ်မတော်၏ အောက်တွင်ရှိပြီး နယ်ခြားစောင့်တပ်၊ အသွင်ပြောင်းဌာနေပြည်သူ့စစ်အဖွဲ့များ အသွင်ပြောင်း၍ လက်နက်ကိုင် လမ်းစဉ်ကို စွန်လွှတ်ရမည်။ ပြည်ထောင်စုတပ်မတော်၏ ဖွဲ့စည်းပုံ၊ မူဝါဒများနှင့်အညီ နယ်ခြားစောင့်တပ်၊ အသွင်ပြောင်းဌာနေ ပြည်သူ့စစ်အဖွဲ့များအား နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရန် လက်နက်ကိုင်ဆောင်ခွင့်ပြုထားကြောင်း သိရှိရပါသည်။ SSPA/SSA ၏ လက်နက်ကိုင်ပြီး လူသစ်စု၊ ဆက်ကြေးကောက်၊ ဘိန်းခွန်ကောက်၊ သစ်ခိုးထုတ် တဲ့ တရားမ၀င်လုပ်ရပ်တွေကိုတော့ လုပ်လို့မရတော့ ဘူးပေါ့။ ဒ့ါကြောင့် ဦးဆေထင် လက်နက်မစွန့် ချင်တာ ဖြစ်ပါလိမ့်မည်။

ဦးဆေထင်တို့ လက်နက်မစွန့်လွှတ်ချင်၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ချင်တဲ့ အဓိကအကြောင်း အရင်းက အာဏာတည်မြဲဖို့နဲ့ စီးပွားဥစ္စာ ချမ်းသာကြွယ်ဝဖို့ပဲ ဖြစ်ပါသည်။ ရှမ်းပြည်နယ်တစ်ခုလုံးမှာ ဘိန်းခင်းတွေက နေရာအနှံ့ စိုက်တော့ ဘိန်းခွန်တွေ နှစ်စဉ်ရနေသည်။ သစ်တွေခုတ်ပြီး တရုတ်ပြည် ခိုးရောင်းတော့ ငွေအလုံးအရင်း ၀င်သည်။ စားစရာ ဆန်၊ ဆီကအစ ကျွဲ၊ နွား၊ ၀က်ပါမကျန် ရွာတွေဆီက ၁၅ ရက်တစ်ကြိမ် အလှည့်ကျတောင်းသည်။ စစ်တိုက်ခိုင်းရန် ရွာသားတွေကို အတင်းအဓမ္မခြိမ်းခြောက် လူသစ်စုဆောင်းသည်။ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေး မဆွေးနွေးခင်ကာလကနေ ယနေ့အချိန်အထိ ရှမ်းပြည်နယ်မှ ထွက်သမျှ ခနောက်စိမ်း၊ ရွှေ၊ ကျောက်မီးသွေးနှင့် သယံဇာတအားလုံး လက်နက် အားကိုးဖြင့် အပိုင်သိမ်းထားသည်။ ထိုသို့သော ၀င်ငွေများရရှိသောကြောင့် SSPA/SSA ခေါင်းဆောင် အရာရှိများကတော့ မြို့ကြီးတွေပေါ်မှာ ဇိမ်ခံတိုက်၊ ဇိမ်ခံကား စီးပြီး မယားငယ် သုံးယောက်လောက် နဲ့ ပျော်ပါးခံစားနေနိုင်တာပေါ့။ အဲဒီအရသာများကို မြိန်ရည်ယှက်ရည်ခံစားနေရတဲ့ SSPA/SSA ရဲ့ အထင် ကရခေါင်းဆောင် ဗိုလ်ချုပ် ဆေထင်က လက်နက်စွန့်ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ သွေးရူးသွေးတန်း စကား များ ပြောနေခြင်း ဖြစ်ပါသည်။

ဦးဆေထင်က  “ ရှမ်းတွေက အင်္ဂလိပ်ကျွန် မဖြစ်စေရသလို၊ ဗမာကျွန်လည်း မဖြစ်စေရဘူးလို့ ဗိုလ်ချုပ် က ပြောခဲ့တယ်၊ ဗိုလ်ချုပ် အောင်ဆန်း သေတော့ ကျွန်တော်တို့လည်း ဗမာကျွန်ဖြစ်သွားတာပဲ၊ ဒီပြဿနာ ကို ဖြေရှင်းဖို့က အချိန်ယူရမယ် ” ဆိုတဲ့ စကားမှာ ရှမ်းနဲ့ ဗမာကြား သွေးထိုးလှုံ့ဆော်လိုက်တဲ့ သဘောဖြစ် ပါသည်။  

ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရရှိဖို့ တောင်တန်းဒေသများပါ မကျန်ရလေအောင် စည်းရုံးရေး အဓိပ္ပာယ်ကိုသိသာအောင် ဥပမာပေးခဲ့ခြင်း ဖြစ်ဟန်တူပါသည်။ ဦးဆေထင်ပြောတဲ့ ရှမ်းက ဗမာကျွန် ဖြစ် သွားတယ်ဆိုတာ ဘယ်လို အထောက်အထားရှိလို့ စွပ်စွဲပုတ်ခတ်ပြောဆိုခဲ့တာပါလဲ။  သားစဉ်မြေးဆက် ရှမ်းနဲ့ ဗမာ တိုင်းရင်းသားများ အကြားမှာ စိတ်ဝမ်းကွဲမှု၊ အငြိုးအာဃာတတွေနဲ့ အမုန်းတရားတွေ ၀င်ရောက်သွား မှာကို စိုးရိမ်မိပါသည်။

အမြင်ကျဉ်းမြောင်းသော လူမျိုးစွဲဝါဒ လက်ကိုင်ထားပြီး ဒီမိုကရေစီနိုင်ငံတော်ကြီး ပြိုကွဲရေး သွေးထိုး လှုံ့ဆော် နေသော SSPA/ SSA မှ ဗိုလ်ချုပ် ဆေထင်ကို ငြိမ်းချမ်းရေးလိုလားသော တိုင်းရင်းသားအားလုံး က မျက်ခြေမပြတ် သတိထားစောင့်ကြည့်ရန် အရေးကြီးကြောင်း သတိပေးလိုက်ပါသည်။

2 Responses so far.

  1. Unknown says:

    မပြောပါနဲ့တော့ဗျာ။ သူတို့လိုလူမျိုးတွေကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံမတိုးတက်သေးတာ

  2. Unknown says:

    ဒီလိုမျိုးတွေ ရှိနေသေး သရွေ့ ဒီနေ့မြန်မာနိုင်ငံဟာ ဖာသည်နိုင်ငံကြီးဖြစ်နေဦးမှာပဲ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here