Tuesday, August 7, 2012
တချိန်က သမိုင်းအထင်ကရများ
0 comments
ပျောက်သောသူ ရှာရင်တွေ့ သေသောသူ ကြာရင်မေ့လို့ ဆိုစကား ရှိခဲ့ပေမဲ့လဲ မိမိနိုင်ငံ မိမိလူမျိုး များအတွတ်   ခေတ်အဆက်ဆက် သူ့ကျွန်မခံ သမိုင်းဝင် သူရဲကောင်းတွေနဲ့ အာဇာနည် ခေါင်းဆောင်ကြီး များကိုတော့ မမေ့သင့်ပေ ယနေ့ဆိုလျှင် သူ့ကျွန်မခံ လိုသော မောရိယမဟာဝံသ သီရိသုဓမရာဇာ သိုဟုံဘွား မျိုးချစ် ဝန်းသို စော်ဘွားကြီး စ၀်အောင်မြတ် ကွယ်လွန်ခဲ့တာ ၄၇ ခုနှစ်ပြည့်ဖြစ်ပါတယ် စော်ဘွားကြီးဟာ နယ်ချဲ့ကိုလိုနီတွေ ရွပ်ရွပ်ချွံချွံ ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့တဲ့ သမိုင်း စံထားရတဲ့ အမျိုးသား ခေါင်းဆောင်ကြီး တဦးပါ အခုအခါမှာတော့ သမိုင်း အထင်ကရ တဦးရဲ့  ဂူဗိမာန်ဟာ အိမ်ကြို အိမ်ကြိုကြား မှာ အင်းကျီ အ၀တ်စားများ မလှန်းရုံတမယ်ပါ..
လက်ရှိအုပ်နေသော အစိုးရများဟာ ရှေးဘဝေသဏီက နန်းဟောင်းတွေ ကျုံးတွေကိုတော့ ပြန်လည်တူးပေါ် တည်ဆောက်တွေ လုပ်နေကြပြီးမှ  ကိုလိုနီနယ်ချဲ့တွေတောင် သူရဲကောင်းလို့ မှတ်တမ်းတင် ထားခြင်း ခံခဲရတဲ့ မျိုးချစ်စော်ဘွားကြီးရဲ့ ဂူဗိမာန်ကိုတော့ ခြံလေးတောင် မ၀ိုက်နှိင်ကြပါလား ...  နိုင်ငံတော် အစိုးရက ဘာဖြစ်လို့ ထိမ်းသိမ်း ထားပေးခြင်း မရှိတာလဲ ဒီလိုပြစ်ထားခဲ့တာက ဘာကြောင့်လဲ မျိုးချစ်စော်ဘွားကြီးဟာ သျှမ်းဖြစ် နေလို့လားတော့မသိပါ..
ဒါပေမဲ့ တခုတော့ ကျားတွေကိုလဲ အသိပေး လိုက်ပါရစေ  မြန်မာပြည်တွင်း မှာရော ပြည်ပမှာရောက် နေကြတဲ့ သျှမ်းစော်ဘွားတွေရဲ့မျိုးဆက်တွေလဲ အများအပြားပါ ...  သူတို့ လည်း ထိုနည်းလည်းကောင်း တွေနေမှာပါ... 
သူ့သမိုင်းတခေတ် 
သူ့သွေးစစ်နဲ့ ထုဆစ်ခဲ့တဲ့ 
နယ်ချဲ့ကျွန်တပေါက် မရောက်ရလေအောင် 
သူ့လိုဂုဏ်ရောင် သတ္တိပြောင်းတဲ့
မျိုးချစ်စော်ဘွား ၀န်းသိုဖွားပါ 
ကောင်းရာသုဂတိလားပါစေ..
ဝန်းသိုစော်ဘွား စ၀်အောင်မြတ် အကြောင်းတစေ့တစောင်း  *"۩"*
အိမ်ကြို အိမ်ကြားက မထင်မရှား သမိုင်း အထင်ကရများ
ဓါတ်ပုံ-ညီဇော်မိုး ပေးပို့သည်
သမိုင်း တလျှောက် ထွန်းသောက်တဲ့ သျှမ်းလူငယ်တွေ ဖြစ်ကြပါစေ...
Leave a Reply
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings
You can add link or short description here