Monday, August 20, 2012

လားရှိုးမြို့မှာ မကြုံဖူးလောက်အောင် ရေကြီး

0 comments
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၁၉ ရက်နေ့က နံနက် ၉ နာရီခန့် ကစ၍ လားရှိုးမြို့တွင်းနဲ့ မြို့ပတ်ဝန်းကျင် နေရာအတော် များ များမှာ မကြုံဖူးလောက်အောင် ရေကြီးမှုနဲ့ ကြုံတွေ့ခဲ့ပြီး မြို့တွင်းမှာတင် အိမ်ခြေပေါင်း ရာနဲ့ချီ ရေမြုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ရေကြီးတာကတော့ နေရာအနှံ့ပဲ။ ရတနာမာန်အောင် ဘုရားနဲ့ ဘူတာ ကြားက ရပ်ကွက်တွေက အိမ်တွေ အများစုကတော့ရေဝင်ကုန်ပြီ။အိမ် ပေါင်း ၄-၅ ရာထက်တော့ နည်းမှာ မဟုတ်ဘူး- လို့ လားရှိုးမြို့ကို ရောက်နေတဲ့ ကုန်သည် တစ်ဦးက ကော့လီကို ပြောပါတယ်။

မြေနိမ့်ပိုင်းက ရပ်ကွက်တွေကိုထဲကို ရေဝင်လာတယ်။ တောင်ကျရေတွေပဲ။ အိမ်တွေ၊ အုတ်တံ တိုင်းတွေပြိုကုန်တယ်။အိမ်တွေကပစ္စည်းတွေ လည်း မျောပါကုန်တယ်။ ခွေးတွေ၊ ဝက်တွေလည်း မျောပါသွားတာပဲ။ ဝပ်ရှော့မှာ ရပ် ထားတဲ့ သုံးဘီးတွေတောင် မျောသွား တယ်။ ရပ်ကွက်(၁၀) ဘက်က ဟင်းသီးဟင်းရွက် စိုက်တဲ့ခြံတွေဆိုရင် ရေက ခါးလယ်လောက်အ ထိတက်တော့ အကုန် ပျက်စီးကုန်တယ်။ လူတွေကိုကိုယ့် အိမ်ကို သော့ခတ်ပြီး ရေလွတ်ရာကို ရှောင်ကြတော့ အိမ်တွေကို သူခိုးဖောက် တာ ခံရတာလည်း ရှိတယ်။ မြို့ပြင်က အီနိုင်းဘက်က လယ် တွေဆိုရင်လည်း ရေမြုပ်ကုန်ပြီ။ အီနိုင်းက နမ့်ယောင်ချောင်းနဲ့ နီးတာကိုး။ မြို့ပြင် ကားလမ်းဘေးက ပြောင်းခင်းတွေလည်း မလွတ်ဘူး ဗျ – လို့ လားရှိုးမြို့ခံ တစ်ဦးကပြောပါတယ်။

အဓိကကတော့ လားရှိုးမြို့ ရေကန်တောင်ရှိ ရေကန်များက ရေမနိုင်လို့ ဩဂုတ်လ ၁၉ ရက်နေ့က ရေလွှတ်လိုက်တာက မြို့တွင်းရေကြီး မှုကို ပိုမိုဆိုးရွားစေခဲ့တယ်လို့လည်း သိရပါတယ်။ ဩဂုတ်လ ၁၈ ရက်နေ့ည နဲ့ ၁၉ ရက်နေ့မနက်ပိုင်းက လားရှိုးမြို့နဲ့ ပတ်ဝန်းကျင်မှာ မိုး သည်း ထန် ရွာခဲ့တယ်လို့လည်း သိရပါတယ်။

ကံကောင်းလို့ ရေကန်တောင်ကပဲ လွှတ်လိုက်လို့ပေါ့။ နမ့်စမ် ရေလှောင်ကန် ကသာ ထပ်လွှတ်လိုက်ရင် ရပ်ကွက်(၄) တစ်ခုလုံး မလွယ် ဘူး – လို့ လားရှိုးမြို့ခံ တစ်ဦးက ပြောပြပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ရေလျော့သွားပေမယ့် အတော်များများ ကျန်နေသေးတယ်လို့ လားရှိုးမြို့ခံများက ပြောပါတယ်။

စက်မှုလယ်ယာရှေ့၊ အာသောက ဆီဆိုင်ဘက် မှာလည်း ရေတွေရှိသေးတယ်။ အေတီတံတားနဲ့ ကောင်းခါး ရပ်ကွက်ဘက်မှာလည်းရေတွေ ရှိနေတုန်းပဲ။ အခုဆိုရင် အေတီ တံတားကို ဖြတ်ဖို့စောင့်နေတဲ့ ကားတွေအများကြီးပဲ။ မ စောင့် နိုင်လို့ ဖြတ်ဖို့ကြိုးစားတဲ့ ကားတချို့လည်း ရေလယ်မှာ ရပ်နေပြီ – လို့ လားရှိုးမြိုခံက ပြောပါတယ်။

မနေ့က ရေကြီးမှုကြောင့် လူတချို့ မျောပါသေဆုံးမှုများလည်း ရှိတယ်လို့ သိရပါတယ်။ ရေဘေးကြောင့် ဒုက္ခရောက်သူတွေ အတွက် စေ တ နာရှင်များ ထမင်းထုပ်များ လိုက်လံဝေငှနေကြတယ်လို့လည်း သိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here