Monday, August 20, 2012

ပြည်သူ့လွှတ်တော်မှ နိုင်ငံတော်သမ္မတထံသို့ ပေးပို့သော သ၀ဏ်လွှာ

0 comments

                နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် များက ကျေနပ် လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူ များအား လုံးအတွက် ထိခိုက် နစ်နာမှု အနည်းဆုံးဖြင့် သင့်မြတ်ပြီး တရားနည်းလမ်း ကျသော ဆောင်ရွက်ချက် များဖြစ်လာ စေရန်အ တွက် စေတနာ ကောင်းဖြင့် အကြံပြု ပေးပို့ခြင်း ဖြစ်ပါကြောင်း။
                နိုင်ငံတော် သမ္မတကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးသို့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၃ / ညမ(၁)၃-၁(၉၂)နပတ (၇၂) အရ တင်သွင်းခဲ့သော  တင်သွင်းလွှာ အပေါ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ် ချက်ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အများစုဖြစ်သော ကိုယ်စားလှယ်ပေါင်း ၃၀၀ ဦးက ကျေနပ်လက်ခံ နိုင်ခြင်းမ ရှိသည့်အတွက် စွပ်စွဲပြစ်တင်မှု ပြုလုပ်ပေးရန် ပြည်သူ့ လွှတ်တော် ဥက္ကဌ ထံသို့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၈)ရက် နေ့တွင် လွှတ်တော် အခွင့်အရေး ကော်မတီမှ တစ်ဆင့် ဒုတိယ အကြိမ် အဆိုပြု တင်ပြလာ ပါကြောင်း။
      ၂၀၁၂ခုနှစ်၊ ဧပြီလ(၂၆)ရက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်  တတိယပုံမှန် အစည်းအဝေး ကျင်းပခဲ့သည့် အချိန်တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၁၉၀ ဦးက လက်မှတ်ရေး ထိုး၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန် အရေးကြီး အဆိုတင်သွင်း မည်ဖြစ်ကြောင်း၊ လွှတ်တော် အခွင့်အရေး ကော်မတီမှ တစ်ဆင့် မိမိထံ အသိပေး တင်ပြလာခဲ့ ပါကြောင်း၊ ၄င်းကိစ္စအား ပြည်သူ့လွှတ်တော် ဥက္ကဌအနေဖြင့် ခေတ္တဆိုင်းငံ့ထား ခဲ့ပြီး ပြည်သူ့လွှတ်တော်မှ ကော်မတီ ဥက္ကဌများ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေး မှူးများ အဖွဲ့တို့ဖြင့် နိုင်ငံတော် သမ္မတ ထံတင်ပြခဲ့ရာ နိုင်ငံတော် သမ္မတက အဆင်ပြေ ကျေနပ်မှု ရှိစေရေးအတွက် ဆောင်ရွက်သွား မည်ဟု ပြောကြားခဲ့ ကြောင်းကို လွှတ်တော်ကော်မတီ ဥက္ကဌများနှင့် အတွင်းရေးမှူး များအဖွဲ့မှ ပြည်လည် ရှင်းလင်း ပြောကြားခဲ့ ပါကြောင်း၊ သက်ဆိုင်သူ များဖြင့် သီးခြားတွေ့ဆုံညှိနှိုင်း အဖြေရှာမှုများဆောင်ရွက် ခဲ့ရာ ယနေ့အထိ အဆင့်ပြေမှု မရရှိသေး သဖြင့်  လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ဦးက လက်မှတ်ရေး ထိုးပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ -၃၃၄၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)ပါပြဌာန်းချက်အား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ်(၅)အရ ဥပဒေ အရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာမထမ်းဆောင်နိုင်ခဲ့ခြင်းတို့ကြောင့်  စွပ်စွဲပြစ်တင်ပြမှုပြုလုပ်ရန် တင်ပြ လာခြင်းဖြစ်ကြောင်း လည်း သိရှိရ ပါကြောင်း။
      မိမိအနေဖြင့် ဤအခြေအနေ၊ ဤအဆင့်သို့ ရောက်ရှိလာခြင်း မရှိဘဲ နိုင်ငံတော် သမ္မတ ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က တင်သွင်းခဲ့သော တင်သွင်းလွှာအား ပြည်လည် ရုပ်သိမ်းပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင် များကလည်း ၄င်းတို့၏ ဆန္ဒအလျောက် တာဝန်မှ အနားယူ သွားစေရေး တို့ကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့ မတိုင်မီ အပြီးဆောင် ရွက်သွားခြင်း သည်သာ သင့်လျော်၍ အဆင် အပြေဆုံးဖြစ်သည့် နည်းလမ်း တစ်ခုဖြစ်သည်ဟု ထင်မြင် ယူဆပါကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်တွင် ဖွဲ့စည်းထားသော ဥပဒေရေးရာနှင့် အထူးကိစ္စများ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အနေဖြင့်လည်း ဤသို့ ဆောင်ရွက်ခြင်း သည်သာ နိုင်ငံတော်နှင့် လွှတ်တော်များ၏ ဂုဏ်သိက္ခာ အတွက်သော် လည်းကောင်း၊ သက်ဆိုင် သူများအားလုံး အတွက်လည်းကောင်း၊ ထိခိုက် နစ်နာမှု အနည်းဆုံး ဖြစ်နိုင်သော သင့်မြတ်ပြီး တရားနည်းလမ်း ကျ သည့် ဆောင်ရွက်ချက် ဖြစ်ကြောင်း အကြုံပြု တင်ပြခဲ့ကြောင်း။
        သို့ဖြစ်ပါ၍ အခြေအနေ အရပ်ရပ်ကို သိရှိသုံးသပ် ဆောင်ရွက် နိုင်ပါရန် သဝဏ်လွှာ ပေးပို့အပ် ပါ ကြောင်းဖြင့် သတင်း ရရှိပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here