Wednesday, August 29, 2012

ပင်းတယနှင့် ရွာငံတွင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီလက်တွေ့စည်းရုံးရေးသင်တန်းဖွင့်လှစ်

0 comments

 ပင်းတယမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီမှဖွင့်လှစ်သည့် ပါတီလက်တွေ့စည်းရုံးရေးသင်တန်း၊အမှတ်စဉ်(၄/၂၀၁၂) ကို သြဂုတ်လ ၂၇ ရက်နေ့က မြို့နယ်ပါတီရုံးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်လို့သိရပါတယ်။ ဒီသင်တန်းကို ပါတီဝင် ၆၀ ဦးနဲ့ သင်တန်း သား/သင်တန်းသူ ၅၈ ဦးတက်ရောက်ခဲ့ပါတယ်။  သင်တန်းကို သြဂုတ်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဖွင့်လှစ်မှာ ဖြစ်ပြီး ပြည်နယ်ပါတီအလုပ်အမှုဆောင် ဦးစိန်လေးမောင်နဲ့ ခရိုင်အလုပ်အမှုဆောင် ဦးမျိုးဆန်းတို့က သင်ကြားပို့ချ သွားမှာဖြစ်ပါတယ်လို့ သိရပါတယ်။
          ဒါ့အပြင် ရွာငံမြို့မှာလည်း ပါတီလက်တွေ့စည်းရုံးရေးသင်တန်းအမှတ်စဉ်(၁/၂၀၁၂)ကို မြို့နယ်ပါတီရုံးမှာ သြဂုတ်လ ၂၇ ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ အဆိုပါသင်တန်းသည်လည်း ၅ ရက်ကြာမြင့်မှာဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ ၅၀ ဦးတက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here