Wednesday, August 29, 2012

ကမ္ဘာ့အသက်အကြီးဆုံး အဖွားအို ၁၁၆ နှစ်ပြည့် မွေးနေ့ကျင်းပ

0 comments
လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် စံချိန်တင်ထားသော အဖွားအိုသည် အသက် (၁၁၆)နှစ်မြောက် မွေးနေ့ကို ကျင်းပနိုင် ခဲ့ပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ဒေသမှ ဘက်ဆီကူးပါး သည် တနင်္ဂနွေနေ့က အသက်(၁၁၆)နှစ် ပြည့်မြောက်ခဲ့သည်။
မှတ်တမ်းများအရ ထိုအသက်အရွယ်ထိ ရှင်သန်နေထိုင်နိုင်ခဲ့သူ အားလုံးအနက် ဘက်ဆီသည် (၈)ဦးမြောက် ဖြစ်ကြောင်းလည်း သိရှိရသည်။ 

ဘက်ဆီ၏ မွေးနေ့တွင် ဂျော်ဂျီယာရှိ မွန်ရိုးအရပ်မှ တံတားတစ်စင်းကို ဝေါ်လ်တန်ခရိုင် အုပ်ချုပ်ရေး အဖွဲ့က သူမ၏ အမည် ပြောင်းလဲကာ ဂုဏ်ပြုခဲ့သည်။ ဘက်ဆီသည် ဂျော်ဂျီယာတွင် ပထမ ကမ္ဘာစစ် ကာလကတည်းက နေထိုင်ခဲ့သူလည်း ဖြစ်သည်။ ဘက်ဆီကို (၁၈၈၆)ခုနှစ်က တင်နက်ဆီတွင် မွေးဖွားပြီး ထိုမှတစ်ဆင့် ဂျော်ဂျီယာသို့ ပြောင်းရွှေ့လာခဲ့သည်။ သူမသည် သားသမီး (၄)ဦး၊ မြေး (၁၂)ဦးနှင့် မြစ်နှင့် တီအထိ အဆက်အနွယ်များပင် ရှိနေပြီဟု သိရသည်။ ဘက်ဆီက သူမ၏ အသက်ရှည်နည်း လျှို့ဝှက်ချက်ကို မေးမြန်းရာ၌ အာဟာရမဖြစ်သော မုန့်ပဲသွားရည်စာများကို ရှောင်ကြဉ်လေ့ရှိကြောင်း ဖြေကြားခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here