Tuesday, August 28, 2012

တာလေမြို့နယ်ခွဲ နှင့် မိုင်းကိုးကျေးရွာအုပ်စုတွင် တာချီလိတ်မြို့နယ် ကြံ့ဖွံ့ပါတီမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး

0 comments
တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းနှင့် ပါတီဝင်ကော်မတီဝင်များသည် တာလေမြို့နယ်ခွဲ နှင့် မိုင်းကိုးကျေးရွာအုပ်စုတို့တွင်
ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအတွက် လိုအပ်သည်များကို သွားရောက်၍ ၂၀၁၂ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။


တာလေမြို့နယ်ခွဲ တာကြန့်ကျေးရွာ၌ မိုးရွာသီအတွင်းသွားလာရခက်ခဲနေသော လမ်းအား ကိုယ်ထူကိုယ်ထ ကျောက်ခင်းလမ်း ပြုပြင်ရေးအတွက် ကြံ့ဖွံ့ပါတီမှ စက်သုံးဆီအတွက် ( ၃၀၀၀ )ဘတ်
ကူညီပေးခဲ့ကြသည်။


တစ်ဆက်တည်းမှာပင် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုရှိ ဟွေတာတံတားပြုပြင်ရန်အတွက် လိုအပ်နေသည့် သစ်များအတွက် တန်ဘိုးငွေ ( ၁၅၀၀၀၀ )ကျပ် ကူညီပေးခဲ့ကြောင်းသိရှိရသည်။

ထိုတံတားအားပြုပြင်ရန်အတွက် လိုအပ်နေသည့် သစ်များမှာ -
(က) တံတားအောက်ခံရန် (၄x၄x၆')ပေ အရှည်ရှိသော သစ်(၁၂)ချောင်း
(ခ) တံတားအပေါ်ခင်းရန် (၂x၂x၆')ပေ အရှည်ရှိသော သစ်(၁၁)ချောင်း တို့ဖြစ်ကြပြီး
တံတားအပေါ်ခင်းရန် သစ်(၁၁)ချောင်းနှင့် တံတားအောက်ခင်းရန် သစ်(၁၂)ချောင်းအတွက် စုစုပေါင်း ကုန်ကျမည်မှာ ( ၁၅၀၀၀၀)ကျပ် ဖြစ်သည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here