Thursday, August 16, 2012

မင်္ဂလာမန္တလေးမြို့သစ် စီမံကိန်း စတင်တော့မည်၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ကျပ် ၉၁ ဘီလီယံလျာထား

0 comments



မန္တလေးမြို့တွင် နိုင်ငံတကာ အဆင့်မီ မင်္ဂလာမန္တလေးမြို့သစ် အမည်ရှိ စီမံကိန်းကို သြဂုတ်လ ၁၂ ရက်နေ့တွင် လုပ်ငန်းစတင်မည်ဖြစ်ကြောင်း စီမံကိန်း ဖော်ဆောင်မည့် C.A.D ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ  ဦးဇင်မင်းဆွေက ပြောကြားသည်။ ထိုစီမံကိန်းကို အမေရိက၊ တရုတ်၊ စင်ကာပူ၊ ထိုင်ဝမ် စသည့် နိုင်ငံတကာ ဗိသုကာ ပညာရှင်များ ပါဝင်သည့် SCP အဖွဲ့နှင့် မန္တလေးမှ မြန်မာ ဗိသုကာများ ပါဝင်သည့် C.A.D အဖွဲ့များ ပူးပေါင်း ပုံစံထုတ် ဒီဇိုင်းရေးဆွဲခြင်းဖြစ်ပြီး
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူ New Star Light ဆောက်လုပ်ရေးနှင့် C.A.D ဆောက်လုပ်ရေးတို့မှ မြန်မာကျပ်ငွေ ၉၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။  မန္တလေးမြို့ ၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား၊ ချမ်းမြသာစည်မြို့နယ် နိုင်ငံတကာ ဘောလုံးကွင်းသစ်ကြီးနှင့် မျက်နှာချင်းဆိုင်ရှိ မြေဧရိယာ ၄၇ ဧကတွင် တည်ဆောက်သွားမည် ဖြစ်သည်။“မျက်နှာချင်းဆိုင်မှာရှိတဲ့ နိုင်ငံတကာ အားကစားကွင်းကြီးကို အထောက်အကူပြု အဆောက်အဦတွေဖြစ်တဲ့ ကားပါကင်၊ ဟိုတယ်တွေ၊ စူပါမားကက်တွေအပြင် အိမ်ရာစီမံကိန်းလည်း ပါဝင်ပါတယ်။ လမ်းတွေမပြီး၊ ဘာတွေမပြီးနဲ့ မြေကွက်ရိုက်ပြီး ပေးလိုက်တဲ့ စီမံကိန်း ပုံစံမျိုးတွေကနေ ခွဲထွက်ပြီး အခြေခံ အဆောက်အအုံတွေ ဆောက်လို့ အားလုံးပြီးမှ ဒီမြေကွက်တွေကို ရောင်းပေးသွားမှာပါ။ ကြိုပွိုင့်စနစ်နဲ့ ရောင်းတဲ့ပုံစံမျိုးလည်း မဟုတ်ပါဘူး။ ရေမြောင်းတို့၊ လျှပ်စစ်မီးစနစ်တွေကိုလည်း မြေအောက်စနစ် အသုံးပြုမှာပါ။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here