Thursday, August 30, 2012

အာအက်ဖ်အေရေဒီယိုမြန်မာပိုင်းသတင်းဌာန အယ်ဒီတာကျင့်ဝတ်မညီသူတဦးအား အရေးယူခြင်းမရှိ

0 comments
ယ္ခု မိမိလက်အောက်မှာအမှုထမ်းနေသူအိမ်ထောင်ရှင်ဝန်ထမ်းအမျိုးသမီးနှစ်ဦးနှင့်လူမှုရေးဖောက်ပြန် သည်ဟုသတင်းထွက်ပေါ်နေသည့် အမေရိကန်နိုင်ငံဝါရှင်တန်အခြေစိုက်အာအက်ဖ်အေမြန်မာပိုင်း ဌာန အယ်ဒီတာဦးခင်မောင်စိုးအားသက်ဆိုင်ရာကယနေ့အထိအရေးယူမူမရှိသေးကြောင်း စုံစမ်းသိရှိရသည်။ လွန်ခဲ့သောသတင်းပတ်ကအာအက်အေ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိနှင့်အယ်ဒီတာဦးခင်မောင်စိုးတို့၏ တယ်လီဖုံးမှတဆင့် ၎င်းတို့အတွင်းရေးများအချီအချပြောဆိုသည်ဟုယုံကြည်ရလောက်သည့်လှို့ဝှက် အသံဖိုင်နှစ်ခု ပြင်ပအင်တာနက်မီဒီယာလောကသို့ပေါက်ထွက်လာရာမှအစပြုပြီးအဆိုပါဋ္ဌာနအယ်ဒီတာ ဦးခင်မောင်စိုးနှင့်ဒေါ်ခင်ခင်အိအပြင် ဒေါ်သင်းသီရိတို့၏ လူမှုရေးဖောက်ပြန်မှုများပေါ်ထွက်လာခြင်းဖြစ်သည်။ အာအက်ဖ်အေနှင့်နီးစပ်သည့်သတင်းရပ်ကွက်၏အဆိုအရ လတ်တလောအချိန်အထိကာယကံရှင် အယ်ဒီတာနှင့်ဝန်ထမ်း များအပေါ် အရေးယူခြင်းမရှိသေးသော်လည်းဋ္ဌာနတွင်းစုံစမ်းစစ်ဆေးမှုများကိုမူ ဆောင်ရွက်နေသည်ဟုယူဆရကြောင်းသိရသည်။ အဆိုပါလေ့လာစုံစမ်းမှု၌အာအက်အေ မြန်မာပိုင်းဋ္ဌာနမှမဟုတ်သည့်အထက်လူကြီးများပါဝင်နိုင်သလို၊ ရုံးတွင်းလှို့ဝှက်ချက်များပြင်ပသို့ပေါက်ကြားခဲ့သည့်ဖြစ်စဉ်ကိုအဓိက ဦးစားပေးစစ်ဆေးနေသည်ဟုယူ ဆရကြောင်းလည်းအဆိုပါအာအက်အေနှင့် နီးစပ်သည့်သတင်းရပ်ကွက်အဆိုအရသိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍၀ါရှင်တန်ဒီစီအခြေစိုက်အာအက်ဖ်အေမြန်မာပိုင်းဌာနသို့ ဆက်သွယ်မေးမြန်းကြည့် သောအခါထိုဋ္ဌာနမှအမည်မဖော်လိုသည့်အယ်ဒီတာတဦးက ယင်းကိစ္စရပ်များနှင့်ပတ်သက်၍မိမိတို့သတင်းဋ္ဌာ နမှမည်သူတဦးတယောက်မှပြောဆိုဖြေကြားခွင့်မရှိကြောင်း၊သို့သော်အရေးယူစုံစမ်းမှုများလုပ်ကောင်းလုပ် နိုင်ကြောင်း၊မိမိတို့အနေနှင့်ဤကိစ္စတစုံတရာမှမသိရှိသလို၊ထင်မြင်ချက်လည်းမပေးနိုင်ကြောင်း တုန့်ပြန်ဖြေကြားခဲ့သည်။ လွန်ခဲ့သောသတင်းပတ်ကပြင်ပသို့ပျံ့နှံ့ခဲ့သည့်အသံဖိုင်နှစ်ခုစလုံးတွင်ဒေါ်ခင်ခင်အိ၏အသံ တခုသာကြားရပြီး တဖက်မှအယ်ဒီတာဦးခင်မောင်စိုး၏အသံကိုသဲကွဲစွာမကြားရပါ။ သို့သော် အဆိုပါအသံဖိုင်ကိုသေချာလေ့လာ နားထောင်ပါက တဖက်အသံရှင်မှာဦးခင်မောင်စိုးဖြစ်နိုင်သလို၊သူတို့နှစ်ဦး၏ချစ်မှုရေးရာနှင့်ပတ်သက်သည့် မကြေနပ်ချက်များ၊ဖြေရှင်းချက်များ၊ပါဝင်နေပါသည်။အဆိုပါအသံဖိုင်အရအယ်ဒီတာဦးခင်မောင်စိုးသည်သူ၏ လက်အောက်ငယ်သားနှစ်ဦးဖြစ်သည့်အာအက်အေ၀ိုင်းတော်သားဒေါ်ခင်ခင်အိနှင့်ဒေါ်သင်းသီိရိတို့နှင့်ချစ်မှုရေး ရာငြိစွန်းမှုများရှိသလို၊သုံးပွင့်ဆိုင်မကြေလည်မှုများ လည်းရှိနေကြောင်းသိနိုင်သည်။ စိတ်ဝင်စားဘွယ်ကောင်းသည့်အချက်များတွင်ရုံးတွင်းလျှို့ဝှက်ချက်အသံဖိုင် ပြင်ပပေါက်ကြားမှုလည်းပါဝင်သည်။ အာအက်အေမြန်မာပိုင်းသတင်းဋ္ဌာနမှတစုံတယောက်မှမပို့ဘဲဤအသံဖိုင်များပြင်ပရောက်နိုင်မည်မဟုတ်ပါ။ အကဲခတ်သုံးသပ်သူတို့အဆိုအရ၊ဤအသံဖိုင်ပေါက်ကြားမှုတွင်ဦးခင်မောင်စိုးတို့သုံးပွင့်ဆိုင်ချစ်မှုရေးရာ သို့မဟုတ်အခြားအလုပ်ကိစ္စနှင့်ဖြစ်စေ အလိုမကျသူဝိုင်းတော်သားတဦးဦးကအသံဖိုင်မှတ်တမ်းကိုကူးယူဖြန့်ချိခြင်း၊သို့မဟုတ်ဒေါ်ခင်ခင်အိအလုပ်စားပွဲမှ တိတ်တဆိတ်အသံဖမ်းဖြန့်ချိခြင်း၊သို့မဟုတ်ကာရကံရှင်ဒေါ်ခင်ခင်အိကိုယ်တိုင်လည်းအသံဖိုင်သို့မဟုတ်အသံဖမ်း၍ဖြန့်ခြင်း ၊သို့မဟုတ်ပြင်ပမှတယ်လီဖုံးလိုင်းကှိုတဆင့်ခိုးယူအသံကူးခြင်းစသည်တို့ဖြစ်စေ၊အခြားနည်းလမ်းတမျိုးမျိုးနှင့်ဖြစ်စေဆောင် ရွက်ဟန်တူကြောင်းခန့်မှန်းပြောဆိုမှုများလည်းရှိနေသည်။ [...]





ref:

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here