Tuesday, August 21, 2012

ပါတီတွင်း ရင်ကြားမစေ့နိုင်သေးတဲ့ NLD မှ ကော့သောင်းတွင် ကိုယ့်ပါတီ ကိုယ် ပြန်ပြီး ဆန္ဒပြ

0 comments

ပါတီတွင်း ရင်ကြားမစေ့နိုင်သေးတဲ့ NLD မှ ကော့သောင်းတွင်း ကိုယ့်ပါတီ ကိုယ် ပြန်ပြီး ဆန္ဒပြ မှုတစ်ခုကို မနေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD တွင် ခရိုင်/မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်ဖွဲ့ စည်းခဲ့ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်သူ ပါတီဝင်တချို့က ယနေ့ မွန်းလွှဲပိုင်း၌ ပါတီရုံးရှေ့တွင် ဆန္ဒပြကြသည်။

တနင်္သာရီတိုင်းဒေသကြီး NLD အနေဖြင့် ပါတီညီလာခံ ကျင်းပရေးကော်မရှင်ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုပြီး မကျေ နပ်မှုများ ဖြစ်ပွားခဲ့ရာမှ ယင်းကဲ့သို့ ဆန္ဒပြခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် NLD ဥက္ကဌ ဦးမြင့်မောင်က ပြောသည်။

ဦးမြင့်မောင်က “ဒီညီလာခံလုပ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဘဲ သူတို့လိုလားတဲ့ လူလောက်နဲ့ပဲ ဖွဲ့ခဲ့ပြီးတော့ အကောင်အထည် ဖေါ်တဲ့အပေါ် မကျေနပ်ဘူး။ အဖွဲ့ဝင်ဟောင်းတွေ ၉၀ပြည့်နှစ်က လုပ်လာတဲ့ လူဟောင်းတွေ မပါဘူး။ အဖွဲ့ဝင်တောင် မကျသေးဘူးဗျာ။ ဖေါင်တင်ထားတဲ့သူတွေနဲ့ အဲဒီလူတွေနဲ့ ဖွဲ့စည်းတယ်”ဟု ပြောဆိုသည်။

ယင်းဆန္ဒပြပွဲကို ကော့သောင်းမြို့နယ် NLD မှ ဦးမျိုးလွင်က ဦးဆောင်ပြီး ပါတီဝင်အင်အား ၁၅၀ ဦးခန့် ပါဝင်သည်ဟု သိရသည်။

ပြီးခဲ့တဲ့ အပတ်ကလည်း မြိတ်မြို့ NLD မှလည်း ပါတီအတွင်း စုန်းမရှိတယ် ဆိုပြီး ဆန္ဒပြမှု တစ်ခု ပြုလုပ်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း အနယ်နယ်အရပ်ရပ်မှ NLD ပါတီ တွင်း ပြိုကွဲမှု များ ဆက်တိုက်ဖြစ်ပေါ်လျှက် ရှိပြီး ပါတီတွင်း ငြိမ်းချမ်းရေး မရသေးတဲ့ NLD ၏ ပါတီ ဥက္ကဌမှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။
 
ref:ME

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here