Wednesday, August 29, 2012

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပအိုဝ်းကျောင်းသား ဟောင်းအဖွဲ့မှ ပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးပွဲပြုလုပ်

0 comments


၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့က တောင်ကြီးမြို့၊ စ၀်စံထွန်းရပ်ကွက်၊ မင်းကွန်းပရိယတ္တိစာသင်တိုက် ဓမ္မာရုံမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းဦးစီးတဲ့အဖွဲ့ဝင်တွေနဲ့  ပအိုဝ်းကျောင်းသားအဖွဲ့မှ အဖွဲ့ဝင်တွေဟာ နေ့ လည် ၁ နာရီကနေ ညနေ ၅ နာရီထိတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
          ဒီဆွေးနွေးပွဲကို ပအိုဝ်းကျောင်းသားဟောင်းအဖွဲ့မှ ဥက္ကဌ ဦးခွန်သန်းရွှေဦးဆောင်တဲ့အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့ပါတယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ပအိုဝ်းကျောင်းသားအဖွဲ့တစ်ဦးကပြောပါတယ်။  အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပအိုဝ်းကျောင်းသားဟောင်းအဖွဲ့ဥက္ကဌ ဦးသန်းရွှေက “သူဟာ ပအိုဝ်းတက္ကသိုလ်ကျောင်းသားဟောင်းအဖွဲ့ရဲ့ဥက္ကဌဖြစ်တဲ့အကြောင်း၊ PNLO အဖွဲ့ကိုယခုလိုတွေ့ဆုံရတဲ့အ တွက်ဝမ်းသာမိကြောင်း၊ PNLO အဖွဲ့အနေနဲ့လည်းငြိမ်းချမ်းရေးအခြေအနေ အပါအ၀င်အခြားလုပ်ဆောင် မှု တွေကို လည်းအသိပေးသင့်သလောက်ပေးအပ် ဖို့အတွက်ပြောလိုပါတယ် ဆိုတဲ့အကြောင်း” ပြောကြားခဲ့ ပါတယ်လို့ပြောပါတယ်။
          အဲ့ဒီနောက် မအိုဝ်းကျောင်းသားဟောင်းအဖွဲ့ ဒုဥက္ကဌဦးခွန်ကျော်ဇေယျက “လက်ရှိအနေဖြင့် ပအိုဝ်း တက္ကသိုလ်ကျောင်းသားဟောင်းအဖွဲ့ကိုယာယီဖွဲ့စည်းထားပြီးဖြစ်တဲ့အတွက် မကြာခင်မှာ အများဆန္ဒနဲ့ ပြန်လည်ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း၊ အဖွဲ့အနေနဲ့လည်း ဥပဒေဘောင်အတွင်းမှ အမျိုးသားရေးကိုတတ်နိုင်သလောက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မိမိတို့ပအိုဝ်းတိုင်းရင်း သားတွေဟာ ဘာသာတရားကိုင်းရှိုင်းသူတွေဖြစ်တဲ့အတွက်ကြောင့် အခမဲ့ဆေး ခန်းတွေကိုမြို့နယ်အလိုက် ပအိုဝ်းဘုန်းကြီးကျောင်းတွေမှာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ချို့တဲ့သည့်ထူးချွန် ကျောင်းသားများ အားထောက်ပံ့နိုင်ရေးအတွက် မတည်ငွေ ကျပ်သိန်း ၅၀ ဖြင့်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး ပအိုဝ်းကျောင်းသားဟောင်းအဖွဲ့မှ အဖွဲ့ဝင်များက တစ်ဦးချင်းနှုတ်ခွန်းဆက် စကားများပြောဆိုခဲ့တယ် လို့ပြောပါတယ်။
PNLO အဖွဲ့က ဦးခွန်မြင့်ထွန်းက “သူ့အနေနဲ့ ပအိုဝ်းကျောင်းသားဟောင်းများအဖွဲ့မှ နောင်တော်ကြီးများ အားကျေးဇူးတင်စကားပြောလိုပါကြောင်း၊ သူဟာ ပအိုဝ်းတိုင်းရင်းသားတစ်ယောက်ဖြစ်ပေမယ့်လည်း ပအိုဝ်းစကားမတတ်ကြောင်း၊ သူဟာ NLD မှ လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်တဲ့ အတွက် ပြည်သူလူထု ကတာဝန်ပေးထားသည့် အမျိုးသားအခွင့်အရေးကိုတန်းတူရရှိသည့် ဒီမိုကရေစီရရှိနိုင်အောင် အထူးကြိုး စားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ခုချိန်မှာပအိုဝ်းအမျိုးသားအားလုံးရဲ့ညီညွတ်ရေးတည်ဆောက် ရန်အတွက်အကောင်းဆုံးအချိန်ဖြစ်ပါကြောင်း” ပြောကြားခဲ့ပါတယ်။ 
ပအိုဝ်းကျောင်းသားဟောင်းသမဂ္ဂအဖွဲ့မှတွဲဘက်အတွင်းရေးမှူးဦးခွန်စိန်ဝင်းက“ပအိုဝ်း တိုင်းရင်းသား များဟာယခင်အစိုးရလက်ထက်တွင် ဆင်းရဲနွမ်းပါးမှုများရှိတဲ့အတွက်  ဘိန်းစိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ အကျဉ်းထောင်မှာရှိတဲ့အကျဉ်းသားအရေအတွက်မှာ မူးယစ်ဆေးဝါးမှုဖြင့်အကျဉ်းကျခံရ သည့်ပအိုဝ်း တိုင်းရင်းသား အရေအတွက်အများဆုံးဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမှုဖြင့်အကျဉ်းကျခံရသည့်ပအိုဝ်းတိုင်းရင်း သားတွေဟာလည်းနိုင်ငံရေးအကျဉ်းသားတွေဘဲဖြစ်တဲ့အတွက် ပအိုဝ်းဘိန်းစိုက်နိုင်ငံရေး အကျဉ်းသား များအား ပြန် လည်လွတ်မြောက်ရေးအတွက် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ PNLO အဖွဲ့ အနေဖြင့် ဆောင်ရွက် ပေးရန် မေတ္တာရပ်ခံအပ်ပါကြောင်း” ပြောကြားခဲ့ပါတယ်။
          အဲ့ဒီပြောကြားချက်တွေကို ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှာ ပြောဆိုပေးသွားမယ်လို့သိရပါတယ်။
တောင်ပေါ်သားလေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here