Monday, September 17, 2012

တောင်ကြီးမြို့ရှိ ရေလှောင်ကန်များ

0 comments

တောင်ကြီးမြို့မှာရှိတဲ့ တောင်ပေါ်အခြမ်းက ရေလှောင်ကန်တွေကို ဖော်ပြလိုက်ပါတယ်။ မြို့ထဲမှာနေတဲ့ သူတွေ ရောက်ဖို့ နဲနဲလှမ်းတာမို့ တွေ့မြင်ရအောင် ရှာဖွေစုဆောင်းထားတွေ တင်ပေးလိုက်ပါတယ်။ အဲ့ဒီ ရေကန်တွေ ကတော့ ရုရှား (ထီသိမ်)ကန်လိုမျိုး အဓိက ရေပေးဝေနေတဲ့ ကန်တွေ ဖြစ်ပါတယ်။

ဘဲဥကန်ပါ

ဘဲဥကန်နဲ့ ကပ်လျက်ရှိတဲ့ မပြင်ဆင်ရသေးတဲ့ ရေလှောင်ကန် အဟောင်းပါ။

ဒီရေကန်ကလဲ နာမည်ရှိပါတယ်။ မှတ်ထားတာ မေ့သွားလို့ မသိတော့ပါဘူး။ သိသောသူများ ဖြည့်စွက်ပေးပါ။ ရေကန်တွေ အားလုံးကတော့ ရေတွေ ပြည့်လျှံနေပါတယ်။

ဒီကန်ကတော့ နွေရာသီမှာ ဘောလုံးကွင်းဖြစ်ပါတယ်။ မိုးတွင်းပဲ ရေရှိပြီး၊ နွေရာသီမှာ ရေမနေဘူးလို့ သိရပါတယ်။
တောင်ကြီးမြို့မှာ လွန်ခဲ့တဲ့ အပတ် အနည်းငယ်က မိုးသည်းလို့၊ အဲ့ဒီရေကန်တွေက ပြည့်လျှံထွက်ပြီး လမ်းတချို့ရေကျော်ခဲ့ပါ သေးတယ်။ ရေတိုးလို့ တံတိုင်းတချို့ အိကျ ပြိုလဲ ခဲ့ပါတယ်။ ရေထိုးကြောင်းနဲ့ တိုးသွားတဲ့ နှစ်ထပ်တိုက်ရဲ့ တစ်ခြမ်းလဲ ရေထဲပါသွားတယ်လို့ ကြားခဲ့ရပါတယ်။

အခြား ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ပါဘူး။ ရေကြီးတယ်လို့ ပြောရတဲ့ အထိတော့ မဖြစ်ခဲ့ပါဘူး။ တချို့လဲ သိတောင်မသိလိုက်ဘူးနဲ့ တူပါတယ်။ အဖြစ်ကတော့ ညလုံးပေါက် မိုးသည်းခဲ့လို့ တောင်ပေါ် ရေကန်တွေ ရေကျော်ခဲ့တာပါ။ တာဝန်ရှိသူတွေကလဲ ဖြစ်ဖြစ်ခြင်း လိုက်လံဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ နောက်တစ်နေ့ နေ့လည်လောက်မှာတော့ လမ်းပေါ်က ရေတွေ အကုန်ဆင်းသွားပါတယ်။ အဓိကကတော့ ရေနှုပ်မြောင်းတွေ ပိတ်ပြီး ရေမထုတ်နိုင်လို့ ရေမြောင်းတွေကနေ လမ်းမပေါ်ကို ရေကျော်ခဲ့တာ ဖြစ်တယ်လို့ တွေ့ရပါတယ်။ ရေနှုပ်မြောင်းတွေက ခြုံတွေ အမှိုက်တွေ ရှင်းလင်းပေးလိုက်တာနဲ့ ရေတွေကျသွား ခဲ့တယ်လို့ သိရပါတယ်။
ref: Taunggyi Cherry Land

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here