Monday, September 17, 2012

၁၁၃နှစ်ပြည့် ရှမ်းမြို့တော်၊ ပန်းမြို့တော်

0 comments

"ဖြူစင်သော မိုးရေစက်၊ အေးမြသော ရာသီဥတု၊ မြင့်မားသော တောင်တန်း၊ ကွေ့ဝိုက်သော အတက်အဆင်း နှစ်ထပ်လမ်း၊ ရပ်နားစခန်း အလီလီနှင့် အစီအရီပွင့်သော ငုပန်းဝါ၀ါလွှမ်းခြုံနေသည့် ပန်းမြို့တော် (သို့မဟုတ်) ရှမ်းပြည်နယ်တောင်ပိုင်း၏ မြို့တော် တောင်ကြီးမြို့သည် ၂၀၁၂ခုနှစ်၊ စက်တင်ဘာ ၁၅ရက်နေ့တွင် မြို့တည်သက်တမ်း ၁၁၈နှစ် ပြည့်မြောက်ခဲ့ပါပြီ။"

 တောင်ကြီးမြို့ရဲ့ ကိုချစ်တဲ့သူတွေအတွက်တောင်ကြီးမြို့အကြောင်းတင်ပေးလိုက်ပါတယ်။

ဆောင်းရာသီမှာ အအေးဆုံး ၈.၈ စင်တီဂရိတ် ရှိခဲ့တဲ့ ဒယ်အိုးပုံ တောင်ကလပ်မြို့လေး ဖြစ်တယ်ဆိုတာ..

ရှမ်းဘာသာ "တွံတီ"၊ "တွမ်းတီး"၊ "ထောင်ကျည်း" ဆိုတဲ့ စကားကနေ တောင်ကြီးလို့ ဖြစ်လာတယ်ဆိုတာ..

လူသိများတဲ့ အဆောင်အဦတွေက `အိမ်တော်´၊ ရှမ်းပြည်နယ် အစည်းအဝေးခန်းမ (ကျားခေါင်း)၊ ယဉ်ကျေးမှု ပြတိုက်၊ မြို့တော်ခန်းမ၊ ဘူတာရုံ၊ စ၀်စံထွန်းဆေးရုံ၊ တောင်ကြီးဂေါက်ကွင်း၊ အေးသာယာ ဂေါက်ကွင်း၊ Taunggyi University၊ Technological University (Taunggyi)၊ Computer University (Taunggyi)၊ ပညာရေး ကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်း၊ သမ၀ါယမ သင်တန်းကျောင်း၊ မြို့မဈေးကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၊ အေးသာယာ ကျောင်းထိုင် ဘုန်းတော်ကြီး သင်တန်းကျောင်းတွေ ဖြစ်တယ်ဆိုတာ..

တန်ခိုးကြီး ဘုရားစေတီများမှာ စူဋ္ဌာမုနိလောကချမ်းသာဘုရား၊ ရွှေဘုန်းပွင့်ဘုရား၊ မြစိမ်းတောင်ဘုရား၊ ပတမြားလှိုင်ဂူ ဘုရား၊ နဂါးနှစ်ကောင်ဆင်တဲ၊ ကိုးန၀င်းဘုရား၊ ရွှေချမ်းသာဘုရား၊ ဆုတောင်းပြည့်ဘုရား၊ ရွှေမုဋ္ဌောဘုရား၊ ရွှေမြင်တင်ဘုရား၊ ဓာတ်တော်ကြို ဘုရား၊ သက်စေ့ရန်အောင်ဘုရား၊ ဖရဲငွေတောင်ဘုရား၊ ရပ်တော်မူဘုရား၊ ဆုတောင်းပြည့် အောင်တော်မူဘုရား၊ ကုန်းသာဘုရား၊ ပေါ်တော်မူဘုရား၊ မြစင်္ကြာဘုရား၊ ရန်ကင်းတောင် ဘုရား၊ စသည်ဖြင့် ဘုရားစေတီပေါင်း (၄၈)ဆူ စံပျော်နေတယ်ဆိုတာ..

မြို့ပေါ်ဈေးများ ဖြစ်တဲ့ မြို့မဈေး၊ စ၀်စံထွန်းဈေး၊ အမှတ် (၅)ဈေး၊ ၂၁၂ ရဲဘော်ဈေး တွေ ရှိတယ်ဆိုတာ..

တောင်ကြီးမြို့ဟာ ၄၂၀.၈၄ စတုရန်းမိုင်၊ ၂၆၉၃၃၇ ဧက ကျယ်ပြီး၊ အရှေ့အနောက် အကျယ်ဆုံးမိုင် ၂၀၊ တောင်မြောက် အကျယ်ဆုံး ၂၉မိုင် ရှိတယ်ဆိုတာ.. ၂၀၀၇ခုနှစ်မှာ လူဦးရေ ၂၇၂၀၉၂ဦး ရှိပြီ ဆိုတာ..
အော်တိုတယ်လီဖုံး ၄၄၂၂လုံး၊ လက်လှည့် ၅၅၀လုံး အသုံးပြုနိုင်တယ်ဆိုတာ.. (ADSL, IPSter, Dial Up နဲ့ GSM သုံးလို့ ရနေပြီး ဆိုတာတော့ ဆောင်းပါးမှာ မပါလာလို့ ဖြည့်စွက်လိုက်ပါတယ်..)

ပြည်နယ် အားကစားပြိုင်ကွင်း၊ မိုးလုံလေလုံ အားကစားရုံ၊ မြို့နယ်ဘောလုံးကွင်း (ရွှေညောင်)၊ ပအိုဝ်းအမျိုးသား ဘက်စုံ အားကစား ပြိုင်ကွင်း (ဂနိုင်ရေး) တွေ ရှိတဲ့ အကြောင်း..

အပန်းဖြေစရာ ရှုခင်းသာ ကြိုးတံတား ပန်းခြံ၊ Zool၊ ငါးဥယျာဉ်၊ မြကန်သာပန်းခြံ၊ ဗိုလ်ချုပ်ပန်းခြံတွေ ဖွင့်လှစ်ထားပြီး၊ ရုပ်ရှင်ရုံ တွေ အနေနဲ့ မြသုခ၊ Bandula တို့ ရှိတဲ့ အကြောင်း.. ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း စုစုပေါင်း ၅၂ခု ရှိတယ်ဆိုတဲ့ အကြောင်း..

အဲ့ ဒီ အကြောင်းအရာပေါင်းစုံကို တစုတစည်းတည်း ဖော်ပြပေးတဲ့ အတွက် အများကြီး ဗဟုသူတရခဲ့ ပါတယ်။ ဆောင်းပါးရှင်ကတော့ အောက်ပါစာသားတွေနဲ့ သူရဲ့ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်..

"တောင်ကြီးမြို့ကို ပန်းမြို့တော် ဖြစ်ရေးအတွက် ချယ်ရီ၊ စိန်ပန်းပြာ၊ ငု၊ ထင်းရှူး၊ ကျောက်ပန်းနှင့် အလှစိုက် ပန်းအမျိုးမျိုးတို့ကို သက်ဆိုင်ရာမှ နေရာအနှံ့ တိုးချဲ့ စိုက်ပျိုးလျက်၊ အမှိုက်ကင်းမဲ့ ဇုန်များ သတ်မှတ်ရှင်းလင်းကာ အထူးဆောင်ရွက်လျက် ရှိသဖြင့် ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးသည် မြို့သက်တမ်း ၁၁၈နှစ်မှသည် လှသထက် လှ၊ စည်သထက် စည်ကားလာဦးမည် ဖြစ်သည်။ ပြည်တွင်းပြည်ပ ဧည့်သည်များလည်း ၀င်လာမဆဲ တသဲသဲ ဖြစ်လာပေဦးမည် ဖြစ်သည်။"
ref:စိုင်းအောင်မြတ် (တောင်ကြီး) ရေးတဲ့ ဆောင်းပါးတစ်ပုဒ်အားပြန်လည်ပြင်ဆင်၍ အမှတ်တရဖော်ပြပါသည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here