Sunday, September 16, 2012

မြန်မာသံရုံးစာပါမှ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတော့မည်

0 comments


ထိုင်းနိုင်ငံအတွင်းမှာ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ကုမ္ပဏီအများစုက တရားမဝင် စာရွက်စာတမ်း အတုတွေနဲ့ လုပ်လာတာ တွေ့ရှိလို့ မြန်မာသံရုံးရဲ့ စာပါမှ ထုတ်ပေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို နိုင်ငံသားစိစစ်မှုလုပ်ငန်းနဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးနေပါတယ်။ ချင်းမိုင်၊ ဘန်ကောက်မြို့တွေမှာ သုံးရုံး၊ စူရတ်ဌာနီနဲ့ ရနောင်းတွေမှာ သုံးရုံးနဲ့ စုစုပေါင်း ခြောက်ရုံး ဖွင့်ထားပါတယ်။ “သြဂုတ် ၂၁ ရက်ကစပြီး ယခင်ကလို မျက်မြင်စစ်ဆေးမှုတွေကို ရပ်တန့်ပြီး စခန်းခြောက်ခုလုံးကို မြန်မာသံရုံးရဲ့ ညွှန်ကြားချက်စာအတိုင်း လိုက်နာဆောင်ရွက်နေတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းဘက်က ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတို့က ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးဖို့ ခွင့်ပြုမိန့် ပေးထားပြီးတဲ့ သူတွေကို ဆက်ထုတ်ပေးဖို့ လာရောက်ညှိနှိုင်းမှုတွေတော့ ရှိလာ တယ်၊ ညှိနှိုင်းဆဲပဲ ရှိကြသေးတယ်” လို့ သတင်းတပ်ဖွဲ့က ရဲမှူးကြီးဝင်းနိုင်ထွန်းက ပြောပါတယ်။ မြန်မာသံရုံး နဲ့ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ကို ပေးပို့ပြီး နိုင်ငံသားဟုတ်မဟုတ် စိစစ်မှု မပြုလုပ်ဘဲ ထိုင်းအလုပ်သမား ဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေဆီကနေ ညှိနှိုင်းရလာတဲ့ စာရွက်စာတမ်းတွေနဲ့ ပတ်သက်လာတယ်။ နိုင်ငံသား ဟုတ်မှန်ကြောင်း စိစစ်ခွင့်ပြုပြီးထားတဲ့ စာရွက်စာတမ်း အဟောင်းတွေနဲ့ အသစ်လုပ်တဲ့သူတွေရဲ့ အမည် အစားထိုးလာတာတွေ၊ ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှာ မှတ်ပုံတင်ထားတဲ့ စာရွက်တစ်ခုတည်းနဲ့ လူလေးငါးဦးပွားပြီး လုပ်တာတွေ ရှိလာပါတယ်။ ဒါကြောင့် ဘန်ကောက်မြို့ မြန်မာသံရုံးကနေ ယာယီမြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့စခန်း ခြောက်ခုလုံးကို မြန်မာသံရုံး ရဲ့ စာမပါဘဲ ယာယီနိုင်ငံကူးလက်မှတ် ထုတ်မပေးဖို့နဲ့ မြန်မာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စိစစ်ထားပြီးတဲ့သူ ဟုတ်မဟုတ် သံရုံးက ပေးပို့ထားတဲ့ အမည်စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီးမှ ထုတ်ပေးဖို့ ညွှန်ကြားထားတယ်လို့ သိရှိရသည်။
From : မော်ဒန်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here