Wednesday, September 5, 2012

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၄ ရက်နေ့မှ စ၍ လွှတ်တော်မှ ခွင့်ယူ

0 comments



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မွန်းလွဲပိုင်းမှစ၍ လွှတ်တော်မှ ခွင့်ယူထားကြောင်း သိရသည်။
 လွှတ်တော်မှ ခွင့်ယူထားသည်မှာ ခွင့်ယူသည့်နေ့မှစ၍ လက်ရှိ ကျင်းပလျက်ရှိသော လွှတ်တော်အ စည်းအဝေးများပြီးဆုံးသည်အထိဖြစ် ကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါသည်။
 ''၇ ရက်နေ့အထိ ခွင့်ယူထားပါတယ်။ ၇ ရက်နေ့မှာ ဒီတစ်ကြိမ် အစည်းအဝေးတွေလည်း ပြီးပါပြီ။ အဲဒီနေ့မှာ လွှတ်တော်မပြီးလည်း နောက်အစည်းအဝေးမှ ပြန်တက်မှာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း နှုတ်ဆက်သွားပါတယ်''ဟု ဦးအုန်းကြိုင်က ပြောပါသည်။
 ဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ယခုလအတွင်း အမေရိကန်နိုင် ငံသို့ သွားရောက်ရန် စီစဉ်ထားပြီး အဆိုပါခရီးစဉ်အတွက် ပြင်ဆင်ရန် အတွက် ဖြစ်နိုင်ကြောင်းလည်း သိ ရသည်။ ခရီးစဉ်အတွင်း ဒေါ်အောင် ဆန်းစုကြည်သည် အမေရိကန်ဝါရှင် တန်အခြေစိုက် National Endowment for Democracy တွင် စက်တင် ဘာလ ၂၀ ရက်နေ့၌ မိန့်ခွန်းပြော ကြားမည်ဖြစ်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here