Wednesday, September 5, 2012

လစ်လပ်နေသောဝန်ကြီးဌာန ၁၀ ခု၏ ပြည်ထောင်စုဝန်ကြီးများနေရာတွင် ခန့်အပ်ရန် အမည်စာရင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့

0 comments


ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ရန် အမည်စာရင်းကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာတစ်စောင် ပေးပို့ထားကြောင်း သိရသည်။ အဆိုပါစာရင်း ကို စက်တင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံရေးပါတီ ဥက္ကဋ္ဌများထံ ပေးဝေခဲ့ပြီး စက်တင်ဘာလ ၇ ရက်၌ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အ စည်းအဝေးတွင်တင်သွင်းဖွယ်ရှိသည်။
ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခြင်းခံရသူအများစုမှာ လက်ရှိတွင် ၀န်ကြီးဌာနများ၌ ဒုတိယ၀န်ကြီးများအဖြစ် တာဝန်ထမ်းဆောင်နေသူများဖြစ်သည်။
နိုင်ငံတော်သမ္မတက ပြည် ထောင်စုလွှတ်တော်နာယကထံသို့ ပေးပို့ထားသောသူများမှာ ဦးအေးမြင့်ကြူ (ဒုဝန်ကြီး၊ အားကစားဝန်ကြီးဌာန)၊ ဗိုလ်ချုပ်ဇေယျာအောင် (တိုင်းမှူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)၊ ဒေါက်တာမြင့်အောင်(အဖွဲ့ဝင်၊ ပြည် ထောင်စု ရာထူးဝန်အဖွဲ့)၊ ဦးကျော်လွင် (ဒုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)၊ ဦးဝင်းရှိန်(ဒုဝန်ကြီး ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဒေါက်တာကံဇော်(ဒုဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)၊ ဦးမောင်မြင့်(ဒုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဒေါက်တာကိုကိုဦး (ဒုဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)၊ ဦးဌေးအောင်(ဒုဝန်ကြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန)၊ ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် (ဒုဝန်ကြီး၊ ကျန်းမာ ရေးဝန်ကြီးဌာန) တို့ ဖြစ်သည်။
ref: Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here