Monday, September 17, 2012

မြန်မာနိုင်ငံတောင်သူလယ်သမားများအသင်း(ယာယီ) ဖွဲ့စည်းတဲ့ အခမ်းအနား တစ်ရပ်ကျင်းပ

0 comments
Photo: မြန်မာနိုင်ငံတောင်သူလယ်သမားများအသင်း(ယာယီ) ကို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းတဲ့ အခမ်းအနား
တစ်ရပ်ကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာရှိတဲ့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒီအသင်း ဖွဲ့စည်းရတာဖြစ်ကြောင်း၊ ဒီလိုတိုးတက်နိုင်ဖို့အတွက် လယ်သမားများစုစုစည်းစည်း ရှိဖို့ လိုအပ်ကြောင်း၊ ဒါမှသာ ဒီလိုတိုးတက်အောင်ဆောင်ရွက်မဲ့ အဖွဲပအစည်းများက လယ်သမားများနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံနိုင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဠ ဦးချစ်ခိုင်က RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားများ အသင်းကို ပြည်နယ်၊တိုင်းဒေသကြီး၊ 
 ခရိုင်၊မြို့နယ် အဆင့်ဆင့်မှာ ဖွဲ့စည်းမှာဖြစ်ပြီး၊တောင်သူလယ်သမားတွေရဲ့ ဝင်ငွေတိုးတက်စေဖို့နဲ့လူမူစီးပွားဖွံဖြိုးရေးကို ဦးစားပေး လုပ်ဆောင် မှာဖြစ်တယ်လို့ အဲဒိအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအသင်းဖွဲ့စည်းလိုက်တာနဲ့ ပက်သက်လို့ လယ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက အခုလို ဝေဖန်ပြောကြားလိုက်ပါတယ်။

"လယ်သမားဆိုတာ ဖွတ်ကြောပြာစု၊ အဲဒီ ဖွတ်ကြောပြာစုတွေ မပါဘဲနဲ့ ဆန်စပါး လုပ်ငန်းရှင်များ အသင်းဆိုပြီးတော့ ခပ်တည်တည်နဲ့ ဟိုတယ်ထဲမှာ ဖွဲ့တဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားများအသင်းကို ကျွန်တော်က လုံးဝ ဆန့်ကျင်ပါတယ်ဗျာ။ လယ်သမားတွေ မသိတဲ့ လယ်သမားအဖွဲ့အစည်း ဘာသွားသုံးလို့ရမှာလဲ။"

ဒီအသင်းကို ယာယီ အသင်းအဖြစ် (၆) လထားရှိမှာဖြစ်ပြီး၊ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကို ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းက
 တောင်သူလယ်သမား (၂၀၀) ကျော်တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံတောင်သူလယ်သမားများအသင်း(ယာယီ) ကို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းတဲ့ အခမ်းအနား
တစ်ရပ်ကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှာရှိတဲ့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံ လယ်ယ

ာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒီအသင်း ဖွဲ့စည်းရတာဖြစ်ကြောင်း၊ ဒီလိုတိုးတက်နိုင်ဖို့အတွက် လယ်သမားများစုစုစည်းစည်း ရှိဖို့ လိုအပ်ကြောင်း၊ ဒါမှသာ ဒီလိုတိုးတက်အောင်ဆောင်ရွက်မဲ့ အဖွဲပအစည်းများက လယ်သမားများနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံနိုင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဠ ဦးချစ်ခိုင်က RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားများ အသင်းကို ပြည်နယ်၊တိုင်းဒေသကြီး၊
ခရိုင်၊မြို့နယ် အဆင့်ဆင့်မှာ ဖွဲ့စည်းမှာဖြစ်ပြီး၊တောင်သူလယ်သမားတွေရဲ့ ဝင်ငွေတိုးတက်စေဖို့နဲ့လူမူစီးပွားဖွံဖြိုးရေးကို ဦးစားပေး လုပ်ဆောင် မှာဖြစ်တယ်လို့ အဲဒိအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအသင်းဖွဲ့စည်းလိုက်တာနဲ့ ပက်သက်လို့ လယ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက အခုလို ဝေဖန်ပြောကြားလိုက်ပါတယ်။

"လယ်သမားဆိုတာ ဖွတ်ကြောပြာစု၊ အဲဒီ ဖွတ်ကြောပြာစုတွေ မပါဘဲနဲ့ ဆန်စပါး လုပ်ငန်းရှင်များ အသင်းဆိုပြီးတော့ ခပ်တည်တည်နဲ့ ဟိုတယ်ထဲမှာ ဖွဲ့တဲ့ မြန်မာနိုင်ငံတောင်သူလယ်သမားများအသင်းကို ကျွန်တော်က လုံးဝ ဆန့်ကျင်ပါတယ်ဗျာ။ လယ်သမားတွေ မသိတဲ့ လယ်သမားအဖွဲ့အစည်း ဘာသွားသုံးလို့ရမှာလဲ။"

ဒီအသင်းကို ယာယီ အသင်းအဖြစ် (၆) လထားရှိမှာဖြစ်ပြီး၊ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကို ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းက
တောင်သူလယ်သမား (၂၀၀) ကျော်တက်ရောက်ခဲ့ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here