အင်္ဂလိပ်တို့ လာရောက် သိမ်းပိုက်ခြင်း မပြုမှီ ကျိုင်းတုံ ဟော်နန်းပုံ
ကောဇာသကရာဇ် ၆၀၅ AD -1243 မှစ၍ ကောဇာ သက္ကရာဇ် ၁၃၂၄ ခုနှစ် AD – 1962 အထိ အုပ်ချုပ်ခဲ့သော စော်ဘွား ဦးရေမှာ စုစုပေါင်း (၄၉)ပါးရှိသည်။ ဂုံသျှမ်း စာပေ ယဉ်ကျေး မှာ ရှေးယခင် ကပင် ရှိခဲ့သည်။ ဂုံသျှမ်း စာပေများသည် အိန္ဒိယ ပြည်သုံး Brahmi နှင့် Sunskit အက္ခရာတို့ မှ တဆင့် ပလ္လ၀ အက္ခရာ အဖြစ်အသုံးပြုပြီး ခမင် (ခ) ခမာ လူမျိုးများမှ တဆင့် ထိုင်းနိုင်ငံ လာအို ၊ဇင်းမယ် ၊ကျိုင်းတုံတို့ မှတဆင့် ဆစ်ဆောင်ပန်နား အထိ အသုံးပြုခဲ့ကြသည်။
တချိန်က ကိုယ်မင်း ကိုယ်ချင်းနဲ့ ကျိုင်းတုံဈေး
တချိန်က ကိန်းတုန် (ကျိုင်းတုံ) မြို့ဝင်ဂိတ်
ကိန်းတုန်(ကျိုင်းတုံ)မြို့နှင့် စော်ဘွားကြီး -စ၀်ကွဏ်းကျောက် အင်းတလဲန်း
9 November 1991 ရက်နေ့က သျှမ်းပြည် အရှေ့ပိုင်း ကိန်းတုန်မြို့တော် သမိုင်းအမွေ အနှစ်ဖြစ်သည့် စော်ဘွား ဟော်နန်းကြီးကို န၀တ စစ်အုပ်စုက ဖြိုခွဲဖျက်ဆီးခဲ့သည်။
1887 ခုနှစ်တွင် သျှမ်းပြည်တ၀ှမ်းလုံးကို အစောင့်ရှောက်ခံနိုင်ငံ (Protectorate State) အဖြစ် အင်္ဂလိပ်တို့ လာရောက် သတ်မှတ်ခြင်း မပြုမှီ 19ရာစု နှောင်းပိုင်းမှစ၍ 1880 ကျော်အထိ သီးခြားလွတ်လပ်သော နယ်ပယ်တစ်ခုအဖြစ် ရပ်တည်ခဲ့သည်၊ ကိန်းတုန်(ကျိုင်းတုံ) စော်ဘွားကြီး- Kawn Kiao Intaleng စ၀်ကွဏ်းကျောက် အင်းတလဲန်း 1903 ခုနှစ် အိန္ဒိယနိုင်ငံသို့ ကြွမြန်းလည်ပတ်ပြီးအပြန် 1905 ခုနှစ်တွင် ဟော်နန်းကြီးကို တည်ဆောက်ခဲ့၏ အနောက်တိုင်း ပုံစံအဖြစ် အိန္ဒိယမှ ဗိသုကာများခေါ်ယ ဆောက်လုပ်စေခဲ့ခြင်းဖြစ်သည်။ ကိန်းတုန်(ကျိုင်းတုံ)နယ် အကျယ်ဝန်းမှာဖြင့် 12000- စတုရန်းမိုင်ရှိ၏။ ကိန်းတုန် နယ်ပယ်တစ်ဝှမ်းလုံး ပြည်သူ များ၏ စိတ်အား၊ လူအား၊ငွေအား၊ ပစ္စည်းအားတို့ဖြင့် တည်ဆောက်ခဲ့ ကြခြင်းဖြစ်သည်၊ သူ့ခေတ်သူ့အခါ အလိုက် ကိုယ့်ထီး ကိုယ့်နန်း ကိုယ်ကျငှန်းနှင့် စော်ဘွားများတရားတဖြင့် အုပ်စိုးခဲ့စဉ်က- အဆိုပါဟော်နန်း အတွင်းရှိ
တိုင်းခန်းလှည့်လည်နေသော ကျိုင်းတုံ ကျောက်ဖါ့ 1903
ရာဇပလ္လင်ပေါ်၌ စော်ဘွား (စ၀်ဖှါ့) နှင့် မဟာဒေ၀ီ (နန်းဖှါ့)တို့ မင်းမြောက်တန်ဆာ များဝတ်ဆင်၊ ရွှေသဖူဆောင်း ထိုင်လျောင်းရင်း ဒေါင်းမြီး ယပ်တောင်ယပ်၊ အောင်စည်တော တီးခတ်ပြီး မြို့စားနယ်စားတို့၏ ဂါဝရပြုကန်တော့ပွဲ ညီလာခံသဘင် နှစ်စဉ်ကျင်းပမြဲဖြစ်သည် ယင်းအဆောက်အဦးသည် ကျယ်ပြောလှသော ခရိုင်တခုလုံး၏ အုပ်ချုပ်ရေးဌာန တခု ဖြစ်သကဲ့သို့ စော်ဘွား၏ ဇနီး (6)ယောက်၊ သားသမီး (19) ဦးနှင့် အတူနေထိုင်ခဲ့သော အိမ်တော်ယာလည်း ဖြစ်ခဲ့သည်။-ဟု ချင်းမိုင်အခြေစိုက် သက်တော် 90 ကျော်ရှိ စ၀်ကွဏ်းကျောက်၏ 19 ယောက်မြောက် သမီးတော်က ပြန်ပြောင်းပြောပြခဲ့သည်။ သူ၏မြေးတော်သူ မင်းသား စ၀်စိုင်းလုံ (Sao Sai Long) သည် သျှမ်းပြည်နယ် အစိုးရထံသို့ ဟော်နန်းကို အလွဲပြောင်းမပေးခင် ၁၉၅၉ ခုနှစ် အထိ ဟော်နန်း၏ နောက်ဆုံးပိုင်ရှင်ဖြစ်ခဲ့သည်။
အဆိုပါဟော်နန်းကို စိုးစံသွားခဲ့သူ နောက်ဆုံးစော်ဘွားမှာ 1962 ခုနှစ် နေ၀င်းဦးဆောင်သော ဗမာစစ်တပ်မှ အာဏာသိမ်းတော့၊ နှိင်ငံရေး သမားများ၊ သျှမ်းပြည် စော်ဘွားနှင့် ခေါင်းဆောင်များ အစုလိုက် အဖမ်းခံရစဉ် စော်ဘွားကြီး စ၀်စိုင်းလုံ (ကွယ်လွန်) နှင့် သူ၏ အကိုဖြစ်သူအား အများနည်းတူ အင်းစိန်တွင် 6 နှစ်ထောင်နန်းစံခဲ့ရသူ ဖြစ်သည်။
1905 နှစ်တည်ဆောက်ခဲ့သော ဟော်နန်း
၎င်းပြန်လွတ်လာသောအခါ၌ ကိန်းတုန်တွင် နေထိုင် ခွင့်မပြုတော့ပေ၊ ထိုအချိန်မှစ၍ ဗမာအာဏာရှင် အစိုးရ အဆက်ဆက်က ၎င်းတို့၏ ဌာနပေါင်းစုံ အုပ်ချုပ်ရေး ယန္တရားရုံး အဖြစ် ဟော်နန်းကြီးကို တလျှောက် လုံး မောင်ပိုင်စီးလာ ခဲ့ကြသည်။ ဟော်နန်းကြီး ဖြိုချပစ်ခါနီး၌ ကိန်းတုန်တမြို့လုံးရှိ ထေကြီးဝါကြီး သံဃာတော်များနှင့် မြို့မိမြို့ဖများက နအဖ အာဏာပိုင်များထံ အတန်တန် တောင်းပန်ဟန့်တား ခဲ့ကြသော်လည်း လာမျှအရာမထင် ရန်ကုန်စစ်ရုံးချုပ်က 9 November 1991 ရက်နေ့တွင် စတင်ဖြိုဖျက်ပစ်ရန် တိုက်ရိုက်ညွန်ကြားလာသည်၊ ဟုထိုစဉ်က ဗိုလ်မှူးကြီး ကျော်ဝင်းက ဆင်ခြေပေးပြီး ဟော်နန်းကြီး ဟောင်းနွမ်းအိုမင်း ဆွေးမြေ့ လှပြီဟုလည်း ပြန်ပြောလိုက်၏ အမှန်မှာ လုံးဝကောင်းမွန်ခိုင်ခံ့နေသေးသည်။ ဗမာပြည်မှ ဆင့်ခေါ် လာသော ဗမာအလုပ်သမားများနှင့် ကိန်းတုန်ထောင်ကျ အကျဉ်းသမားများဖြင့် ဟော်နန်းကြီးကို ထုခွဲဖြိုချခဲ့ကြသည်။ ဒေသခံလူထုများ အနားကပ်မကြည့်ရှုနိုင်စေရန် လေးဘက်လေးတန် အမိုးအကာများဖြင့် အစောင့်စစ်သားများ ချထားကာ တစ်လနီးပါး ကြာမြင့်သည်အထိ ထုခွဲဖြိုဖျက်ရှင်းလင်းပြီး ကျောက်၊ သဲ ကွန်ကရစ် အစအနများကို မြို့အ၀င် လေးဘက်လေးတန်ကားလမ်း များဆီသို့ သွားရောက်သွန်ချ ဖို့ခင်းပြီး သစ်တုံး၊ သစ်လုံးများကိုမှု မြို့အ၀င်တံတာများ ပြုလုပ်စေခဲသည်၊ ခြေထောက်ကို လူ့ ခန္ဓာကိုယ်၏ အနိမ့်ကျဆုံးအပိုင်းဟု ယူဆသတ်မှတ်ထားသော ယဉ်ကျေးမှုတခုတွင် ယခုကဲ့သို့ သမိုင်းဝင် အဆာက်အအုံ တခု၏ အပိုင်းအစများအား လူအများခြေချရာ နေရောအောက်သို့ ထားရှိလိုက်ခြင်းက သျှမ်းလူမျိုးများ တန်ဘိုး ထားသည့် သမိုင်းအမွေအနှစ်ကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ဌာနေတိုင်းရင်းသားတို့၏ သမိုင်းအစစ်၊ ယဉ်ကျေးမှုအမွေ အနှစ်များ သင်္ကေတအမှတ်အသားမှန်သမျှ ဆိတ်သုဉ်းပျောက်ပျက်စေရန် န၀တ ၊ နအဖ၊ တို့တမင်တကာဖေါက်ဖျက်ပစ်လိုသည်ဟု ဒေသခံပြည်သူများ ယုံကြည်ကြသည်။ အားမတန်မာန်လျှော့နေကြရသဖြင့် ရုပ်ဝတ္ထုအချင်းအရာများကို ဗမာစစ်အာဏာပိုင်တို့ ဖျက်ဆီးနိုင်သော်လည်း ကျိုင်းတုံသားပြည်သူများ၏ မျိုးချစ်ပြည်ချစ်စိတ်ဓါတ်နှင့် မျှော်မှန်းချက်ကိုမှု ဘယ်သောအခါမျှဖျက်ဆီးနှိင်လိမ့်မည်မဟုတ် ဟုခံယူအားခဲထားသူများ ဒုနှင့်ဒေး ရှိနေပါသည်။
သမိုင်းဝင်ဟော်နန်းအား ဖြိုချပြီး ဤသို့ဟော်တယ်အဖြစ် ပြောင်းလည်း တည်ဆောက်လိုက်သည်
1994 ခုနှစ်တွင်မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ဟော်နန်းနေရာဟောင်းတွင် ကျိုင်းတုံဟိုတယ်ဟု အမည်ပေးကာ ခေတ်မှီဟော်တယ် တခုကို စတင်ဆောက်ခဲ့သည်။ 1996 ခုနှစ်တွင် အပြီးသတ် တည်ဆောက်ခဲ့ပြီး ကုန်ကျစရိတ်ငွေ သန်း- 500 ကုန်ကျခဲ့သည်၊ တစ္ဆေခြေက်သည် ဟူသော ကောလ ဟာလ သတင်းများကြောင့် ဟိုတယ်တခုလုံး တည်းခိုသူကင်းမဲ့လျက်ရှိသည်။
သူခိုးက လူဟစ်တော့ အမွေအနှစ်တွေ ဆုံးပြီပေါ့
1991 November မှာ ဟော်နန်းခေါင်မိုးကစ၍ ဖြိုချစဉ်
တချိန်က ဒို့ကျိုင်းတုံ ကိုယ့်မင်း ကိုယ်ချင်းနဲ့ ရှိစဉ်က
သက္ကရာဇ် ၇၇၂ ခုနှစ်တွင် ဖရား ကျောက်မထု ကျိုင်းတုံမြို့  ကိုအုပ်ချုပ်စဉ် ဟွေပွန် ဟူသောနေရာ မီးလောင်ကျွမ်းခဲ့ရာမှ မမျှော်လင့်ဘဲ တစ်နယ်လုံး မိုးခေါင် ရေရှား ဖြစ်သဖြင့် ငတ်မွတ်ခေါင်းပါးသည့် ကပ်ဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအခါ ဖရားကျောက်မထု က ပုဏ္ဏားများ အား တွက်ချက်စေသောအခါ ဥတ္တမ အမည် ရှိ ပုဏ္ဏားက ကျိုင်းတုံမြို့၏ နေ့နံသည် တနင်္လာနံ ဖြစ်သောကြောင့် ဂုံလူမျိုး အယူရှိသူ တစ်ယောက် ၏ ပါးစပ်တွင် တနင်္လာနံ လခြမ်းကို ငုံစေလျက် သင်္ကြန် အကျနေ့တွင် သဲပုံစေတီနှင့်တကွ ဖားရုပ်ကို ပူဇော်ပသပေးခဲ့ပါသည်။ ထိုနေ့မှပင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်သူလယ်သမားများ ထွန်ရက်စိုက်ပျိုး နိုင်ခဲ့ပါသည်။ ထို့ကြောင့် သင်္ကြန်ကာလ ရောက်တိုင်း နှစ်စဉ် ကျင်းပလာခဲ့ရာ၁၂၆၀ ပြည့်နှစ် တွင် ကျိုင်းတုံမြို့ကို အုပ်ချုပ်သော စော်ဘွားကြီး စ၀်ကွန်ကျောက် အင်တလိုင်းက ကျိုင်းစံရပ်ကွက်ရှိ ဖယားဇာ အမျိုးအနွယ်ကို ရိုးရာ သင်္ကြန်ပွဲကို ဦးဆောင်ကျင်းပရန် တာဝန်ပေးခဲ့သည်။
သင်္ကြန်နေ့ မွန်းလွဲ ၁ နာရီတွင် မင်္ဂလာစည်တော် ကို ထုတ်ပြီး ကျိုင်းစံ ဘုန်းတော်ကြီးကျောင်း ရင်ပြင်တော်မှ မိုင်းယန်းမြို့နယ် ဟာယန်ကင်း တောင်ပေါ်နေ တိုင်းလွယ်လူမျိုးအဖွဲ့  က မင်္ဂလာစည်တော်ကို ထုတ်တီးကာ အခမ်းအနားဖြင့်ချီတက်ကာ ညလုံးပေါက် တီးပေးသည်။ သင်္ကြန်အကျနေ့ မွန်းလွဲ ၁ နာရီတွင် မင်္ဂလာစည်တော်ကြီး ၊ သင်္ကြန်မင်း ရုပ်ထုနှင့် အလံဖြူ ၊အလံနီ ကိုင်ဆောင်သည့် အဖွဲ့  ကို မျိုးနွယ်ဝင် တစ်ဦး က မြင်းစီးပြီး ဦးဆောင်ကာ စီတန်းလှည့်လှည်ပြီး မိုင်းယန်းလမ်း အတိုင်း နမ့်ခင်ချောင်း သို့ ထွက်ခွာပါသည်။
ထိုအခါ ပြည်သူလူထုက တပျော်တပါး လိုက်ပါပို့ဆောင် ပြီး လမ်းခရီးတွင် လည်း ရေပက်ကစားသူများနှင့် စည်ကားလှပါသည်။ နမ့်ခင်ချောင်း လောင့်ကုတ် သို့ရောက်သောအခါ မင်္ဂလာသုတ် ရွတ်ဆိုပြီး ရွံ့ဖြင့် ပြုလုပ်သော ဖားရုပ်သင်္ကြန်မင်း ရုပ်ထုတို့ကို ချောင်းထဲသို့ မျှောချလိုက်ပါသည်။ မင်္ဂလာစည်တော်တီး အဖွဲ့ သည် လာလမ်းအတိုင်းမြို့ ထဲသို့ ၀င်ကာ မြို့ လယ်ရှိ ဗောဓိပင်ကြီး၌ ခေတ္တ ရပ်နားပါသည်။ ထိုအချိန်တွင် ဆွမ်တောင်း ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတော် ၄ ပါး က အသင့်ပြင်ဆင်ထား သောပရိတ်ရေများဖြင့် ပက်ဖျန်းပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ သို့ဖြင့် ကျိုင်းတုံမြို့ သင်္ကြန်ပွဲကို ယနေ့ အထိ ကျင်းပဆဲ ဖြစ်ပါသည်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်