Thursday, September 20, 2012

မန္တလေးမြို့ရှိ ကျူးကျော်အိမ်များကို အောက်တိုဘာ ၂၀ ရက်နေ့ တွင် ဘူဒိုဇာဖြင့် ထိုးဖျက်မည်

0 comments
မန္တလေး၊ အောက်တိုဘာ ၂၀
မန္တလေးမြို့ မြရည်နန္ဒာ၊ ကန်ကြီးကုန်း၊ ဇီးအုန်း၊ ရွာသစ်ကလေးတို့ရှိ ကျူးကျော်အိမ်များကို အောက်တိုဘာ ၂၀ ရက်နေ့ နံနက်တွင် ဘူဒိုဇာဖြင့် ထိုးဖျက်မည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကေ
ာ်မတီမှ အကြောင်းကြားထာ
းကြောင်း အဆိုပါနေရာတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
ကျူးကျော်နေထိုင်သည်ဟု စွပ်စွဲခံထားရသော အဆိုပါနေရာတွင် နေထိုင်သူအများစုမှာ ယင်းမြေနေရာများကို ၀ယ်ယူထားကြသူအများစုဖြစ်ကြောင်း ၎င်းတို့အရေး ၀င်ရောက်ကူညီဖြေရှင်းပေးနေသူ ဦးကျော်စိုးလင်းက ပြောကြားသည်။
အဆိုပါနေရာများတွင် နေထိုင်သည့် အိမ်ခြေ ၅၀၀၀ အထက်ရှိနေပြီး လူဦးရေ နှစ်သောင်းကျော်ခန့်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဒီပြည်သူတွေ ဘယ်သွားပို့မလဲ၊ ဘယ်သွားနေရမလဲ၊ ပြည်သူ့ဘ၀လုံခြုံရေးက ဘယ်မှာရှိနေလဲ၊ ဆင်းရဲမွဲတေမှု လျော့ချရေးဆိုတာကို ဘယ်လိုလုပ်မှာလဲ ဟု ၎င်းက မေးခွန်းထုတ်သည်။
သက်ဆိုင်ရာအနေဖြင့် အဆိုပါကိစ္စကို ညင်ညင်သာသာကိုင်တွယ်ဖြေရှင်း သင့်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
အဆိုပါနေရာကို အစိုးရပိုင်စီမံကိန်းနေရာအဖြစ်သတ်မှတ်ထားသဖြင့် ယင်းနေရာတွင် လာရောက်ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရှင်းလင်းခြင်း ဖြစ်ကြောင်း စည်ပင်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ နေထိုင်သူတစ်ချို့က ဆိုသည်။
ယခင်က လယ်ယာမြေနေရာများဖြစ်သော အဆိုပါနေရာကို စီမံကိန်းနယ်မြေအဖြစ် မန္တလေးမြို့တော်ဝန်ဦးအောင်မောင်းလက်ထက် ၁၉၉၁ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်ဆယ်အကြာတွင် ယင်းသို့ ကျူးကျော်ပြဿနာပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ယနေ့ကျူးကျော်ဟု ဆိုသူများကို ဖယ်ရှားရှင်းလင်းနေသည့် တိုင် အဆိုပါနေရာတွင် မည်သည့်စီမံကိန်းမျိုးအကောင်အထည်ဖော်မည်၊ မည်သူ များကို မည်သို့သောအကြောင်းအရင်းဖြင့် ပေးအပ်မည်ကို ရှင်းလင်းပြောကြားခြင်းမရှိသေးပေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စီမံကိန်းအကောင်အထည်ဖော်ခြင်း မရှိသော မြေနေရာများကို ပြန်လည်ပေးအပ်ရန် အတိအလင်းဖော်ပြထားသည်။
အဆိုပါနေရာကို စီမံကိန်းမြေနေရာအဖြစ်သတ်မှတ်ထားသော်လည်း နှစ်နှစ်ဆယ် အတွင်း မည်သည့်ဆောင်ရွက်ချက်မှ ဆောင်ရွက်ခဲ့ခြင်းမျိုးမရှိခဲ့သဖြင့် မူလလယ်ပိုင် ရှင်တို့က အဆင့်ဆင့်ရောင်းချခဲ့ပြီး လက်ရှိကျူးကျော်ဟု စွပ်စွဲခံရသူများ လက်တွင်မှ စီမံကိန်းမြေအဖြစ် နေထိုင်သူများကို ဖယ်ရှားရှင်းလင်းနေ ခြင်း ဖြစ်ကြောင်း ဦးကျော်စိုးလင်းက ဆိုသည်။
မန္တလေးမြို့တွင် မြေရောင်းမြေ၀ယ်ပြုလုပ်လျှင် ရပ်ကွက်၊ ကျေးရွာအာဏာ ပိုင်များက သက်သေအဖြစ်အသိအမှတ်ပြုလက်မှတ်ထိုးလေ့ရှိသဖြင့် စီမံကိန်းမြေသာအမှန်ဖြစ်ပါကလည်း ယခင်ကတည်းက အသိပေးတားမြစ်မှုများ ပြုလုပ်ခဲ့လျှင်ယခုကဲ့သို့ အခြေအနေမျိုးကြုံတွေ့ မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါနေရာ၏ မြေဈေးနှုန်းမှာ ၂၀၀၈ ၀န်းကျင်ခန့်က ကျပ်လေး၊ ငါးသိန်း၊ ယင်းနောက်ပိုင်း ၁၄သိန်း၊ ၁၅ သိန်းဝန်းကျင်အထိ ဖြစ်လာသော်လည်း ယင်းပမာဏသည် သာမန်မိသားစုတစ်စု လက်လှမ်းမီနိုင်သော ပမာဏဖြစ် သဖြင့် ယခုကဲ့သို့ အိမ်ထောင်စု အများအပြားပြောင်းရွှေ့ အခြေစိုက်လာခဲ့ ခြင်းဖြစ်သည်။
အထက်ကအမိန့်ဆိုပြီး ဒီလိုလုပ်တော့ ပြည်သူတွေရဲ့ ဆင်းရဲတွင်း ပိုနက်လာတာပေါ့ ဟု ဦးကျော်စိုးလင်းက မှတ်ချက်ပြုသည်။
ဘူဒိုဇာနှင့် ထိုးပါကလည်း ဘူဒိုဇာရှေ့တည့်တည့်ရပ်ရမည့်အနေအထား ဖြစ်နေကြောင်း ဒေသခံအချို့၏ ပြောကြားချက်ကို ကိုးကား၍ ၎င်းက ဆိုသည်။
 
The Express Times
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here