Thursday, September 20, 2012

ဆူဇူကီးဖလား လက်မှတ်များ စက်တင်ဘာ ၂၂ တွင် ကြိုတင် ဝယ်ယူနိုင်မည်ဟုဆို

0 comments
ရန်ကုန်၊ စက်တင်ဘာ ၂ဝ

AFF SUZUKI Cup ၂ဝ၁၂ ခြေစစ်ပွဲများ၏ ပွဲကြည့်လက်မှတ် များကို 2D barcode စနစ်ဖြင့် ပြု လုပ်ထားပြီး စက်တင်ဘာ ၂၂ ရက်န့မှစ၍ ကြိုတင်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ 2D barcode စနစ်နဲ့လက်မှတ်တွေကို ပြုလုပ် ရတယ်ဆိုတာကလည်း ဒီကတ်နဲ့ ဆိုရင် ဘောလုံးကွင်းဝင်ပေါက် ဂိတ်တွေမှာ စက်တွေတပ်ဆင် ထားမယ်။ အဲဒီကတ်က စက်ကို ဖြတ်ပြီးမှ ကွင်းထဲဝင်လို့ရမယ်။ ကတ်အတုဆိုရင်တော့ ဝင်လို့မရ ဘူး။ အဲဒါကြောင့် လက်မှတ်အတု အပတွေရဲ့ရန်လည်း ကာကွယ်ပြီး သားဖြစ်သွားမယ်''ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လိဂ်ကော်မတီ အတွင်းရေးမှူး ဦးရဲမျိုးဟိန်းက ပြောသည်။
အဆိုပါ ကွင်းဝင်ခွင့်လက်မှတ် ဝယ်ယူရာတွင်လည်း မှတ်ပုံတင် ကတ်ပြားယူဆောင်လာရမည်ဖြစ် ပြီး မှတ်ပုံတင်တစ်ခုလျှင် လက် မှတ် ၄ စောင်အထိသာ ဝယ်ယူ ခွင့်ပြုမည်ဖြစ်၍ ထိုလက်မှတ်တွင် ဝယ်ယူသောသူ၏ မှတ်ပုံတင် နံပါတ်ကို ထည့်သွင်းထားမည် ဖြစ်သည်။ အဆိုပါစနစ်မှာ နိုင်ငံ တကာပြိုင်ပွဲများတွင် ကျင့်သုံးနေ သည့်စနစ်လည်း ဖြစ်ကြောင်းသိရ သည်။
လက်မှတ်ဈေးနှုန်းများမှာ အထူးတန်း ကျပ် ၃ဝဝဝ နှင့် ရိုး ရိုးတန်း ကျပ် ၁ဝဝဝ ဖြစ်ပြီး အရပ် ၃ ပေ ၃ လက်မအောက် ကလေး များအနေဖြင့် လက်မှတ်ဝယ်ယူရန် မလိုအပ်ဘဲ အုပ်ထိန်းသူနှင့်အတူ တစ်စုံတည်းထိုင်ရမည်ဖြစ်သည်။
ကြိုတင်လက်မှတ် မှာယူလို သူများအနေဖြင့် စင်တာ ၄ ခုဖွင့် လှစ်၍ ရောင်းချပေးသွားမည်ဖြစ် ပြီး ရတနာပုံ Call Centre တွင် လည်း နံနက် ၉ နာရီမှ ၆ နာရီ အထိဖုန်းနံပါတ် ၁၈၇၆ သို့ ဆက် သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကစားမည့်ရက်များ တွင် သုဝဏ္ဏလူငယ်လေ့ကျင့်ရေး ကွင်းများတွင် နံနက် ၁ဝ နာရီမှ ၆ နာရီအထိ ဝယ်ယူနိုင်မည်ဖြစ် သည်။

ကြိုတင်လက်မှတ်များကို -
၁။ MRTV-4 Showroom မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားဝင်း ပြည် လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
၂။ Digital Showroom အမှတ်-၃ဝ၉၊ ဗညားဒလလမ်း၊ ကျောက် မြောင်း၊ တာမွေ။
၃။ Digital Showroom ၃၉ လမ်း၊
၎။ Digital Showroom အမှတ်-၂ဝ လေးထောင့်ကန်လမ်း၊ ဇဝန၊ သင်္ဃန်းကျွန်းတို့တွင် ဝယ်ယူနိုင် ကြောင်း သိရသည်။
 
Popular News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here