Monday, September 24, 2012

စင်ကာပူကို မိသားစုနဲ့အတူ အပန်းဖြေခရီး ထွက်ခွာသွားတဲ့ လူမင်း

0 comments
ဒါရိုက်တာဗန်းကြီး ရိုက်ကူးတဲ့ “လက်ခုပ်ထဲက လမင်း” ဒီဗီဒီ ဇာတ်ကားမှာ လူမင်းက သားကို တအားချစ်တဲ့ ဖခင် တစ်ယောက် နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒီ ဇာတ်ကားထဲမှာ တက်နေ ဆိုတဲ့ မင်းသားသစ်လေးကို ပွဲထုတ်ထားပါတယ်။ ဗီဒီယို လောကသားတွေက ဗီဒီယို လောက ပျက်နေပြီ ဆိုပြီး နားတဲ့ ထုတ် လုပ်ရေး တွေက နားသလို၊ အခုလို တိုးဝင်လာတဲ့ သရုပ်ဆောင်သစ်တွေက ရှိနေသေးတော့ စီနီယာ တစ်ယောက် အနေ နဲ့ မျိုးဆက်သစ်တွေကို ဘယ်နည်း နဲ့မဆို လက်တွဲ ခေါ်ရမယ့် တာဝန် ရှိတယ်လို့ ခံယူထားတဲ့ အတွက် ဒီဇာတ်ကားကို ရိုက်ကူးခြင်းဖြစ်ကြောင်း၊ အသစ်တွေကို အသုံးချပြီး ကိုယ့်အတွက် ကိုယ်လုပ်တာမျိုး မဟုတ်ဘဲ နေရာ ဖယ်ပေးသင့်ရင် ပေးရမှာပဲ ဖြစ်ကြောင်း လူမင်း ကပြောပါတယ်။ အသစ်တော်တော် များများကို လည်း လက်တွဲခေါ် ဖြစ်ခဲ့တဲ့ လူမင်းက “သူတို့ အတွက် ပဲ ပူနေရတာပေါ့။ တစ်ခါတလေလည်း ကိုယ့် ရဲ့မု(ဒ်)တွေ ပျောက်မှာစိုးလို့လည်း ကိုယ့်ဘာသာကိုယ် ပြန်သတိထားရပါတယ်။ ကျွန်တော် က ဝါသနာပါလို့လား မသိဘူး။ စေတနာ အကျိုးပေးလို့ ပဲပြောရမလားပဲ။ သူတို့ကို စေတနာထားလို့ ကျွန်တော့်ကို ထိခိုက်တာမျိုးလည်း မရှိခဲ့ဖူးပါဘူး။ အသစ်ကို လက်တွဲခေါ်တယ် ဆိုပေမယ့် ကျွန်တော့် နာမည် နဲ့ သိက္ခာတော့ ရှိသေးတာပေါ့။ ဇာတ် ရွေးချယ်တဲ့ နေရာမှာလည်း ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေ မထိခိုက်အောင်၊ ကျွန်တော့် image မထိခိုက်အောင် ရွေးပြီး ရိုက်ရတာပေါ့” လို့ပြောပါတယ်။ လူမင်း ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ပုံဖော်ဖန်တီးထားတဲ့ ဇာတ်ကားတွေကလည်း ပရိသတ်အားပေးမှု အထူး ရရှိပါတယ်။ ဆက်လက်ပြီး လူမင်း က ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားကို ဒါရိုက်တာ အဖြစ် ရိုက်ကူးဖို့ ရှိကြောင်းကို “ဇာတ်က ရွေးနေတုန်းပဲ။ အခုအချိန်မှာ ရိုက်မယ် ဆိုရင်တော့ ၂ဝ၁၅ မှာ ဆိုရင် အာဆီယံနိုင်ငံတွေ ပွင့်လင်းလာတဲ့ အပိုင်းတွေ ရောက်လာတဲ့အခါ မြန်မာ ဇာတ်ကားတွေက ပြည်တွင်းမှာ ပဲပြသဖို့ ရည်ရွယ်လို့ မရတော့ဘူး။ အပြင်ထွက်တဲ့အခါ ချပြနိုင် လောက်တဲ့ ဇာတ်ကားမျိုး ရိုက်ချင်တယ်။ အဲဒါကြောင့် သေသေချာချာ ချင့်ချိန်နေတယ်။ ကျွန်တော်တို့ အစည်းအရုံးကို အင်တာနက် ကနေ ပွဲတော်တွေက ဖိတ်ကြားတာ တွေရှိပါတယ်။ ကျွန်တော်က ရုပ်ရှင်အစည်းအရုံးမှာ နိုင်ငံတကာ ဆက်ဆံရေး ဥက္ကဋ္ဌ တာဝန်ယူထားတာ ဆိုတော့ အဲဒီ အပိုင်းကို ဖိဖိစီးစီး လုပ်ချင်ပေမယ့်လည်း လတ်တလော အခြေအနေမှာ ထွက်ပြီးသွားဖို့ထက် ပြည်တွင်းမှာ အရေးတကြီး လုပ်စရာတွေ များနေတော့ အဲဒီဘက်ကို အင်တိုက် အားတိုက်တွန်းပြီး မလုပ်နိုင်သေးဘူး။ ကျွန်တော်တို့ဘက် ကအဆင်သင့် မဖြစ်တာလည်း ပါပါတယ်”လို့ပြောပါတယ်။
လူမင်းက စက်တင်ဘာ ၁၉ ရက်နေ့မှာ တော့ မိသားစုနဲ့ အတူစင်ကာပူကို အပန်းဖြေခရီး ၅ ရက်ကြာ ထွက်ခဲ့ပါတယ်။ အနုပညာ အလုပ်တွေ များနေတဲ့ အတွက် ကလေး တွေနဲ့အတူ အပန်းမဖြေ ဖြစ်တာ များနေပြီး အချိန်သတ် သတ်ပေးလိုက်ကာ ကလေးတွေကို ကစားကွင်းတွေ၊ စင်ကာပူခရီးကို လိုက်ပို့ချင်တာကြောင့် သွားဖြစ် တာဖြစ်ကြောင်း လူမင်းကပြောပါတယ်။ လူမင်းက ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် ကိုတော့ ဗီဇာကိစ္စကြောင့် မသွားဖြစ်တော့ပါဘူး။ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် မသွားဖြစ် ရခြင်း အကြောင်း အရင်းကို လူမင်းက “ကျွန်တော် ရွှေကြက်ဖ ပွဲတော်ကို ဗီဇာ ဝင်ရတာ အခက်အခဲဖြစ်တာကြောင့် မသွား ဖြစ်တော့ပါဘူး။ သံရုံးတွေက ဗီဇာဝင်တာ စနစ်တွေပြောင်းနေတယ်။ အရင်လို မဟုတ်တော့ဘူး။ ကျွန်တော်က စင်ကာပူကို သွားစရာလည်း ရှိနေတယ်။ တရုတ်ပြည်ကို ဗီဇာဝင်တာ တစ်ရက် နဲ့မပြီးလို့ ဗီဇာဝင်လို့ မရတော့ တရုတ်ပြည် ရွှေကြက်ဖ ပွဲတော် ကို မလိုက်ဖြစ်တော့ပါဘူး”လို့ပြောပါတယ်။
ခိုင်ဝေလွင်      

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here