Monday, September 24, 2012

နေခြည် ကိုယ်ပိုင် အထက်တန်းကျောင်း ဖွင့်ပွဲ ကျင်းပ

0 comments
(လားရှိုး စက်တင်ဘာ ၂၃)
နိုင်ငံတော်သည် ''ပညာ မြင့်မှ လူမျိုး တင့်မည်'' ဆောင်ပုဒ်နှင့် အညီ အမျိုးသား ပညာရေး မြင့်မား လာစေရန် ခေတ်စနစ်နှင့် အညီ ပညာရေး စနစ်များကို ပြုပြင် ပြောင်းလဲလျက် ရှိရာ ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့ ရပ်ကွက် (၁) မြဝတီလမ်း နေခြည် ကိုယ်ပိုင် အထက်တန်း ကျောင်းဖွင့်ပွဲ အခမ်း အနားကို စက် တင်ဘာ ၂ဝ ရက် နံနက် ၉ နာရီ ၂၉ မိနစ်က ယင်းကျောင်း ရှေ့၌ ကျင်းပ ခဲ့သည်။

အခမ်း အနားတွင် တွဲဖက် ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြား ရေးမှူး ဦးစန်းမြင့်၊ တွဲဖက် ပြည်နယ် လူမှု ဝန်ထမ်း ဦးစီး ဌာန (လားရှိုး) မှ   ဦးစီး အရာရှိ ဒေါ်ဝါဝါမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။

အခမ်း အနားသို့ မြို့နယ် ပညာ ရေးမှူးရုံးမှ လက်ထောက် ပညာရေးမှူး၊ ကျောင်းဆရာ၊ ဆရာမများ၊ နေခြည် အထက်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန် ရှိသူများနှင့် ဖိတ်ကြား ထားသော ဧည့် သည်များ တက်ရောက် ကြသည်။

နေခြည် ကိုယ်ပိုင် အထက်တန်း ကျောင်းသည် နိုင်ငံတော်နှင့် ပညာရေး ဝန်ကြီး ဌာနတို့၏ ချမှတ် ခွင့်ပြု ထားသော ဥပဒေ၊ နည်းဥပဒေ နည်းလမ်းများကို လိုက်နာပြီး ကျောင်း သား၊ ကျောင်း သူများအား ပညာရည် တိုးတက် မြင့်မား သွားစေရန် သင်ကြား ပေးမည် ဖြစ်ကြောင်းနှင့် ၎င်းကျောင်းသည် သူငယ်တန်းမှ တက္ကသိုလ် ဝင်တန်းထိ သင်ကြား ပို့ချ မည် ဖြစ်ကြောင်း သိရ သည်။။
ref: MWD

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here