Sunday, September 23, 2012

ပုဏ္ဍားကျွန်းတွင် ရထားတွဲ တိမ်းမှောက်၊ ခရီးသည် တချို့ ဒဏ်ရာရ

0 comments
ရခိုင်ပြည် နယ် ပုဏ္ဍားကျွန်းနှင့် ယိုးတရုတ်အကြားပြေးဆွဲနေသောရထားနောက် တွဲ လမ်းချော် တိမ်းမှောက် သွားသဖြင့် ခရီးသည် တချို့ ဒဏ်ရာ ရရှိသွားခဲ့သည်။

“ အမျိုးသမီး ၅ ဦး၊ ကလေး ၂ ဦးနဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၁၀ ဦးခန့် ပွန်းပဲ့ ဒဏ်ရာ ရသွားခဲ့ပါ တယ်။ အတွင်းလူနာ အဖြစ်တင်ရတာကတော့တစ်ယောက် မှ မရှိပါဘူး” ဟု ပုဏ္ဍားကျွန်း မြို့နယ် ရခိုင်တိုင်းရင်းသားများတိုး တက်ရေး ပါတီ ဒုဥက္ကဌ ဦးထွန်းထွန်းက နိ ရဉ္စရာသို့ ပြောသည်။

ရထားသည် ခရီးသည်များကို တင်ဆောင်ပြီး ပုဏ္ဍားကျွန်းမှ ယိုးတရုတ်သို့ နေ့လည်ပိုင်း ၂ နာရီ ခန့်တွင် ထွက်ခွာလာရာ ကျောက်ဆိပ် နှင့်ယိုငုံကျေးရွာ အ ကြားတွင်လမ်းချော်ပြီး နောက်တွဲ တိမ်းစောင်းမှောက်သွားခြင်းဖြစ်သည်ဟု ဆို သည်။

“ နေ့လည် ၃ နာရီ လောက်မှာ ဖြစ်တာပါ။ ဖြစ်တာကတော့မိုးတွင်းဆိုတော့လမ်း ကသိပ်မကောင်း တော့ လမ်းချော်ပီး မှောက်သွားတာ လို့ ပြောပါတယ်” ဟု ဦး ထွန်းထွန်းက ဆက် ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရထားလမ်းများမှာ အသစ်တည်ဆောက်ခါစ ရှိသေးပြီး လမ်းများ ခိုင်ခန့်မူ မရှိသေးသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အ နေဖြင့် မျက်ခြေမပြတ် စောင့်ကြည့်ကာ ပြုပြင်ပေးရန် လိုအပ်ကြောင်း ဦးထွန်းထွန်းက ပြောသည်။

ပုဏ္ဍားကျွန်းနှင့် ယိုးတရုတ် အကြားတွင် တစ်ရက် နှစ်ကြိမ်နုန်းဖြင့် ရထား ပြေးဆွဲနေပြီးဈေးနုန်းမှာလည်းကျပ် ၅၀ သာရှိသဖြင့်စရိတ် သက် သာ၍ ဒေသခံများ ရထားကို အစီးများကြသည်ဟု ဆိုသည်။

ပုဏ္ဍားကျွန်းမှ ကျောက်တော်ထိ ရထားဖြင့်သွားလာနိုင်သော်လည်း ယိုးတရုတ် ဘူတာတွင် ရထား ပြောင်းစီးရပြီး ပုဏ္ဍားကျွန်းနှင့် စစ် တွေအ ကြားတွင်မူ ရထားဖြင့် သွားလာ၍ မရသေးကြောင်း သိရသည်။
ref: နိရဉ္စရာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here