Thursday, March 14, 2013

သီပေါမြို့နယ်တွင် ဘိန်းမဲများ ဖမ်းဆီးရမိ

0 comments
မတ်(၁၄)



ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ သည် မတ်လ(၁၃)ရက်နေ့တွင် ဘိန်းမဲများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သီပေါမြို့ ရဲစခန်းမှ ဒုရဲအုပ် ဆန်းဝင်း ဦးစီးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်း အဖွဲ့သည် သီပေါမြို့နယ်၊ တုံစင့်ကျေးရွာရှိ ဦးအိုက်ဝူး နေအိမ်သို့ သတင်းအရ ၀င်ရောက်ရှာဖွေရာမှ ဘိန်းမဲများ ရှာဖွေဖမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ ဦးအိုက်ဝူး နေအိမ်မျက်နှာကျက် သုံးထပ်သားပေါ်မှ ကြွပ်ကြွပ်အိတ်အဖြူရောင်ဖြင့် ထည့်ထားသော ဘိန်းမဲ (၃၀)ဂရမ်ခန့်၊ နေအိမ်ဝန်းအတွင်း ပန်းခင်းထဲ တွင် နှီးပလိုင်းဖြင့် ထည့်ထားသော ဘိန်းမဲ(၃၆၀)ဂရမ်ခန့် စုစုပေါင်း ဘိန်းမဲအလေးချိန်(၃၉၀) ဂရမ်ခန့်၊ ကာလတန်ဖိုး အားဖြင့် (၃၅၀၀၀၀) ကျပ်ခန့် ဖမ်းဆီးရမိခဲ့သည်။

ဘိန်းမဲများ တရားမ၀င် လက်ဝယ်တွေ့ရှိသူ ဦးအိုက်ဝူးအား သီပေါမြို့နယ်၊ ရဲစခန်းမှ မယ(ပ)/၂၀၁၃၊ မူး/စိတ် ပုဒ်မ၊ ၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here