Sunday, September 23, 2012

ချစ်သူ၏ မိသားစုနှင့်တွေ့ဆုံရန် နယူးယောက်ခ်သို့ အလည်သွား ရောက်မည့်ချယ်ရီ

0 comments

(လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၂၂)
ကမ္ဘာကျော် အဆိုတော် ချယ်ရီ ကိုးလ်သည် ချစ်သူ၏ မိသားစု ဝင်များနှင့် တွေ့ဆုံရန် အတွက် နယူး ယောက်ခ်သို့ သွားရောက် လည်ပတ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

"Under The  Sun" တေးသီချင်း အဆိုတော် ချယ်ရီနှင့်  သူမ၏ ချစ်သူ အက ပညာရှင် ထရီဟော် လိုဝေးတို့နှစ် ဦးသည် ၂ဝ၁ဝ ပြည့်နှစ် ကတည်းက စတင်တွေ့ဆုံခဲ့ပြီး ယခုနှစ် အစောပိုင်း က ချစ်သူ များ ဖြစ်သွားခဲ့ သည်ဟု သိရသည်။

ချယ်ရီသည် ဟော်လိုဝေး၏ မွေးရပ်မြေ နယူးယောက်ခ်သို့ သွားရောက်ပြီး ချစ်သူ၏ မိသားစုဝင် များနှင့် တွေ့ဆုံရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။ 

ချယ်ရီနှင့် ဟော်လို ဝေးတို့ ချစ်သူနှစ် ဦးသည် ဗြိတိန်တွင် ကျင်းပသော ဖျော်ဖြေပွဲ၌ အတွဲညီညီ ဖျော်ဖြေခဲ့ ကြပြီး မကြာသေးမီက သူမ၏ မိသားစုဝင် များနေထိုင်ရာ နယူးကာ ဆယ်မြို့သို့ ဟော်လိုဝေး ကို  ခေါ်ဆောင် သွားကာ မိသားစု ဝင်များနှင့် တွေ့ဆုံပေး ခဲ့သည်။

ချယ်ရီ သည် ဟော်လိုဝေးအား သူမ မွေးဖွားရာ ဇာတိ၊ သူမ တက်ရောက် ခဲ့သည့် ကျောင်းနှင့် သူမချစ်ခင်သည့် မြို့လေး၏ အလှအပ များကို ပြသခဲ့ ကြောင်း သိရသည်။  

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here