Monday, September 24, 2012

အောက်တိုဘာတွင် ဗိုလ်ချုပ် နေရာအတွက် ရွေး ချယ်ထားသူများကို သင်တန်းပေးမည်

0 comments
ဗိုလ်ချုပ်ရုပ်ရှင်ဇာတ် ကားအတွက် သရုပ်ဆောင် မယ့် မောင်ကျောက်ခဲနုတ် ထွက်သွားခဲ့တဲ့အတွက် လစ် လပ်နေတဲ့နေရာကို ပြန် လည်အစားထိုးဖို့ စက်တင် ဘာ ၁၆ ရက်နေ့က ဘုတ် အဖွဲ့မှ စိစစ်ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ် ထားတဲ့သူတွေရဲ့ကိုယ်ရေးရာဇဝင် အချက် အလက်များကို အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေ တဲ့   ဒေါ်အောင်ဆန်းစုကြည်ထံ အတည်ပြုချက်တောင်းထား တယ်လို့ သိရ ပါတယ်။ ဗိုလ်ချုပ်နေရာအတွက် ရွေး ချယ် ထားတဲ့သူတွေကို အောက်တိုဘာလ ပထမ အပတ် မှာသင်တန်းစပေးမှာဖြစ်ပါတယ်။ သင်ကြားပေးမယ့်သူတွေကတော့ ဇင်ဝိုင်း၊ လူမင်း၊ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်း ဖြစ်)၊ ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာကြည်ဖြူ သျှင်၊ ဒါရိုက်တာအိအိခိုင်တို့က သရုပ်ဆောင်ပညာ ရပ်များကို သင်ကြားပေးသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေး အဖွဲ့ဝင် ဦးဇော်သက်ထွေးက   ပြောပြသွား ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ စက်တင်ဘာ ၁၆ ရက်နေ့ အစည်းအဝေးမှာ ဦးမိုးသူ၊ ဦးစိမ်းနီ၊ မော်လင်း၊ ဦးဇင်ဝိုင်း၊ ဦးမျိုးမင်း (ရင်တွင်းဖြစ်)၊ လူမင်း၊ မင်းထင်ကိုကိုကြီး၊ အရိုင်း၊ ဇော်သက်ထွေး၊ သူရကျော်၊ ထွန်း အိန္ဒြာဗို၊ ကြည်ဖြူသျှင်တို့ တက်ရောက်ခဲ့ကြပြီး သရုပ်ဆောင်များ ကို အောက်တို ဘာလဆန်း မှာ စတင်ပြီး ရုပ်ရှင်သရုပ်ဆောင်သင်ကြား ပေးရန်အစီအစဉ်များကို ရေးဆွဲပြီး ညှိနှိုင်း သဘောတူညီ ခဲ့ကြတာဖြစ် တယ်လို့ သိရပါတယ်။
သိမ့်သိမ့်
ref: Popular News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here