Monday, September 24, 2012

ရုပ်ရှင်အစည်းအရုံး သင်တန်းဆင်းတွေအနေနဲ့ ရိုက်ကွင်းတွေ လိုက်လေ့လာစေချင်ကြောင်း ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) အကြံပြု

0 comments
ဒါရိုက်တာကိုဇော်(အရုဏ်ဦး)ကို မြန်မာ နိုင်ငံရုပ်ရှင်အစည်း အရုံးက ကြီးမှူးကျင်းပတဲ့ သင်တန်းဆင်းပွဲကို တက်ရောက်လာ တာ တွေ့ရပါတယ်။ သင်တန်းဆင်းတွေနဲ့ ပတ် သက်ပြီး သူတို့နဲ့ ဆက်ပြီးဘာတွေ လေ့လာဖို့ လိုအပ်မလဲလို့ ဒါရိုက်တာကိုဇော် (အရုဏ်ဦး)ကိုမေးတော့”ကိုယ့်ဘာသာကိုယ်သရုပ်ဆောင် ကို ဝါသနာပါလို့ သရုပ်ေ ဆာင်ကြတဲ့အတွက် ကြောင့် ရုပ်လှစရာမလို ဘူး။ ရုပ်လှဖို့ အဓိက မကျဘူး။ သရုပ်ဆောင်တာ သဘာဝကျဖို့ အဓိကကျရမယ်။ ကိုယ်ကြိုက်တဲ့အဝတ်အစား ဝတ်ဖို့ထက် ဇာတ်ကောင်က ပေးတဲ့အဝတ် အစားကို ဝတ်ဖို့ သူတို့တွေအနေ နဲ့သိရမယ်။ သရုပ်ဆောင်လုပ်တဲ့သူ တွေမှာ ဟိုခေတ်တုန်း ကလည်း စတိုင်ဆိုတာရှိတယ်။ ကိုယ့်စတိုင် ကိုယ်ရှိရတယ်။ ရှေ့ကသွားနေတဲ့ မင်းသား၊ မင်းသမီးကြီးတွေကို ကြည့်ပြီးတော့သူတို့ရဲ့ စတိုင်ကို မခိုးရဘူး။ ခိုးလို့ ရှိရင်သူတို့ရဲ့စတိုင် ပဲဖြစ်တယ်။ ကိုယ့်စတိုင်မရှိေ တာ့ဘူးပေါ့။ ကျွန်တော်တို့မင်းသားကြီး ဦးကျော်ဆွေဆို ဦးကျော်ဆွေစတိုင်၊ ဦးညွန့်ဝင်းဆို ဦးညွန့် ဝင်းစတိုင်၊ ကိုယ်စီကိုယ်စီ စတိုင်တွေရှိကြ တယ်။ ကိုလူမင်းတို့၊   ပြေတီဦးတို့လက်ထက် အထိ ကိုယ့်စတိုင်တွေကိုယ်ရှိတယ်။ အဲ ဒီလူ တွေကိုကြည့်ပြီးတော့ကိုယ်ကကိုယ်ပိုင် စတိုင်၊ ကိုယ်ပိုင်ဟန်ရှိရမယ်။ ဘယ်လိုစတိုင် တွေ လုပ်မ လဲလျှောက်စဉ်းစားမိလိမ့်မယ်။ အဲဒီလို မျိုးလည်း စဉ်းစားစရာမလိုဘူး။ ကိုင်ပိုင်ဟန်၊ အမူအရာဆိုတာ ရှိပြီးသား။အဲဒီအထဲကမှ ကိုယ်နဲ့ အလိုက်ဖက်ဆုံးဟန်ကို ရွေးချယ် တတ်ရမယ်”လို့ ပြောပြသွားခဲ့ပါတယ်။ “အခြေခံ လုံ့လ၊ ဝီရိယ၊ ကြိုးစားချင်စိတ် ရယ်၊ တကယ်ဝါသနာပါပြီးတော့ လုပ်ချင်တဲ့ စိတ် လေးတွေရှိပါတယ်။ တချို့ကလည်း  ဘာစိုးရိမ်ကြလဲ ဆိုတော့ငွေရေးကြေးရေး ပေးများ ပေးရမလား။အဲဒီလိုအတွေးစိတ်တွေ၊ စိတ် အားငယ်စိတ်တွေ ဝင်နေပြီးတော့ မသွားရဲ၊ မလာရဲ၊ နောက်တစ်ခါ အ ဝတ်အစားတွေက ဘယ်လိုဝတ်ရမလဲ အဲဒီလိုမျိုး ခေါင်းထဲကို ရောက်နေကြတဲ့သူတွေက ဒီသင်တန်း ကို တော့တက်လိုက်တယ်။ ဆက်မလုပ်ဖြစ်ဘူး။ သူတို့သားသမီးေ တွကို ဝါသနာပါလို့သာ အဖေ၊ အမေတွေက လွှတ်လိုက်တယ်။ နင်တို့ သင်တန်းကဆင်းပြီ ဘယ်သူတွေက ခေါ်သုံး ကြပြီလဲလို့ မေးကြလိမ့်မယ်။ မေးကြ တဲ့အခါ သူတို့တွေအနေနဲ့ အားငယ်စိတ်ဝင် တယ်။ဆက်မလုပ်ဖြစ်ကြဘူး။ အဲဒီလိုမဖြစ် စေချင် တဲ့အတွက် သူတို့ကိုပြောချင်တာက ဒီကလေး တွေအကုန်လုံး ရိုက်ကွင်းကို လာလေ့ လာပါ။ မင်းသား၊ မင်းသမီးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ရင်အဆင်မပြေဘူး။ သရုပ်ဆောင် လို့သတ်မှတ်ရင် သူတို့ ကြိုးစားတဲ့အပေါ်မှာမူတည်ပြီးတော့ သူတို့ရဲ့ အ ဆင့်ကမြင့်သွားမှာ ပါ”လို့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က သင်တန်းဆင်းတွေအတွက် အတွေ့အကြုံ စကားပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
ref: Popular News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here