Sunday, September 23, 2012

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ မူလအခြေအနေ၊ ပြည့်စုံသော လူမှုစီးပွားဘ၀များပိုင်ဆိုင်နိုင်ရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆယ်စုနှစ်တစ်စုနီးပါး ကြာမြင့်နိုင်ကြောင်း ဒုတိယသမ္မတ(၁) ပြောကြား

0 comments
စက်တင်ဘာ(၂၃)

 

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ၏ မူလအခြေအနေ၊ ပြည့်စုံသော လူမှုစီးပွားဘ၀များ ပိုင်ဆိုင်နိုင်ရေးအ တွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များသည် ဆယ်စုနှစ်တစ်စုခန့် ကြာမြင့်နိုင်ကြောင်း ဒုတိယ သမ္မတ (၁) ဒေါက်တာစိုင်းမောက်ခမ်းက နေပြည်တော်တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရေရှည် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသည့် နှစ်ဘက်အဖွဲ့အစည်းနှစ်ရပ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ရန်လိုသကဲ့ သို့ နှစ် ဘက်အဖွဲ့အစည်းအတွင်း အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုများ ဖြစ်ထွန်းလာအောင် တည်ဆောက် ရန် လိုအပ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
''မောင်တော၊ စစ်တွေ၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦးနဲ့ ကျောက်တော်ဒေသတွေ မှာ ဖြစ် ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် အိမ်ခြေ ၅၃၃၈၊ အခြားအဆောက်အဦး ၁၃၄ ပျက်ဆီးခဲ့ပြီး အိမ်ထောင်စု ၁၂၂၄၂၊ လူဦးရေ  ၇၅၀၀၀ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ပဋိပက္ခကြောင့် ဖြစ်ပွားခဲ့တာဆိုတော့ သဘာဝဘေးတွေလို ကယ်ဆယ်ရေးဆောင်ရွက်ရာမှာ မလွယ်ကူ ပါဘူး။ ရခိုင်ဒေသရဲ့ ဖွံ့ဖြိုးမှု နောက်ကျတာကလည်း အကြောင်းအရင်းတစ်ရပ်ပါပဲ။ တရားဥပဒေစိုးမိုးပြီး တည်ငြိမ် အေးချမ်းတဲ့ဒေသဖြစ်ဖို့ ၀ိုင်းဝန်းကြိုးပမ်းဖို့ လိုပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကနေ Road Map တစ်ရပ် ချမှတ်ရေးဆွဲနိုင်ဖို့ ကြိုးပမ်းပေးကြပါလို့ တိုက်တွန်းလိုပါတယ်''ဟု ဒုတိယသမ္မတ (၁)  ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက''မိမိနိုင်ငံရဲ့ အမျိုးသား လုံခြုံရေး၊ အချုပ်အခြာအာဏာနဲ့ အမျိုးသားအကျိုးစီးပွားတို့ကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ယင်းအချက်၏ လေးနက်မှုကို နိုင်ငံတကာ အသိုက်အ၀န်းက လက်ခံပေးရန် လိုအပ်ပါတယ်။ အကူအညီတွေ ပေးနိုင်ဖို့ကိုလည်း လွတ်လပ်စွာ ခွင့်ပြုပေးထားပါတယ်။ ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ဖြစ် ရပ် မှန် ပေါ်ပေါက်ဖို့ သီးခြားလွတ်လပ်သော ပြည်သူများနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းပေးထားပါတယ်။ အဲဒီအဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။ ဒုက္ခသည် ပြည်သူများအား ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ၊ ရခိုင်ဒေသရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အကြံဥာဏ်များ ပေးကြဖို့ တိုက်တွန်းလိုပါတယ်''ဟု ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးဇာဂနာက''ဒီဆွေးနွေးပွဲမှာတော့ ကျွန်တော်တို့က လေ့လာသူအနေ နဲ့ တက်ဖြစ်တာပါ။ ကော်မရှင်အနေနဲ့ကတော့ နေရာအစုံကို ရောက်ပြီးသွားပါပြီ။ ဒါက အစပြု စမ်းသပ် ချက် လို့ ပဲ ပြောလို့ ရဦးမှာပေါ့။ နောက်တစ်ဆင့်ကတော့ သုတေသနအဖွဲ့ကို ရှေ့အပတ်လောက်မှာ လွှတ်တော့ မှာပါ။ သုတေသနအဖွဲ့ သွား၇င်တော့ အချက်အလက် အသေးစိတ် ကောက်ယူရရှိ မှာဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ အစီရင်ခံစာကို နိုဝင်ဘာ ၁၄ ရက် နေ့ နောက်ဆုံးထားပြီး သမ္မတကြီးဆီ တင်ပြရ မှာပါ။ ကျွန်တော်တို့အဖွဲ့ကတော့ ပြည့်စုံပြီးတော့ စံဖြစ်အောင် လုပ်သွားမှာပါ။ ဘာလို့လဲဆိုတော့ ရခိုင် အရေး အတွက်တင် မဟုတ်ဘူး။ တစ်နိုင်ငံလုံးအရေးဆိုတော့ စံဖြစ်အောင် လုပ်မှာပါ။ ဒီကရတဲ့အချက်အလက်တွေကို လေ့လာသွားမှာပါ။ လေ့လာကြည့်ရာမှာ အချက်နှစ်ချက် တွေ့တယ်။ တစ်ချို့နေရာတွေမှာ မဖြစ်ဘူး။ အဓိကတော့ စိတ်ဒဏ်ရာတွေ ရှိတယ်။ အနာလေးတွေက ပဋိပက္ခဖြစ်ဖို့ တွန်းအားပေးတာပဲ။ ဒါတွေကို ပြုစုပျိုးထောင်ပေးဖို့ အချိန်တော့ယူရမယ်''ဟု သုံးသပ်ပြောကြားခဲ့သည်။

From.Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here