Tuesday, February 26, 2013

ရခိုင်ပြည်နယ် အတွင်း GSM တာဝါတိုင် စခန်းပေါင်း ၃၁ ခု ယခုနှစ် အတွင်း ထပ်မံ တည်ဆောက်မည်

0 comments
  ဖေဖော်ဝါရီ(၂၆)
 
 ရခိုင်ပြည်နယ် အတွင်း GSM တာဝါတိုင် စခန်းပေါင်း ၃၁ ခု ယခုနှစ် အတွင်း ထပ်မံ တည်ဆောက်မည်
စစ်တွေ၊ ရခိုင်ပြည်နယ် အတွင်း GSM တာဝါတိုင် စခန်းပေါင်း ၃၁ ခု ယခုနှစ်အတွင်း ထပ်မံ တည်ဆောက် သွားမည် ဖြစ်ကြောင်း
စစ်တွေမြို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်နယ် မန်နေဂျာ ဦးမျိုးသန့်ထံမှ သိရသည်။   “လိုင်းမမိတဲ့ နေရာတွေ လိုင်းပိုမိ သွားအောင် အတွက် တည်ဆောက်မှာ ဖြစ်ပါတယ်။ တချို့နေ ရာ တွေ မှာ လိုင်းက သိပ်မမိသေး ဘူးလေ။ အဲဒါကြောင့် ဒီနှစ်အတွင်းမှာ အပြီး တည်ဆောက်ဖို့ မှန်းထား ပါတယ်” ဟု ယင်းက ဆိုသည်။ ရခိုင်ပြည်နယ် အတွင်း ပထမ အဆင့် အနေဖြင့် GSM တာဝါတိုင် စခန်းပေါင်း ၄၇ ခုအနက် ၄၆ ခုအား တည်ဆောက် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ပြည်နယ်တွင်း မြို့နယ် အချို့၌ GSM နှင့် WCDMA မိုဘိုင်းဖုန်းများ ဆက်သွယ်မှု လိုင်းမမိသည့် အခက်အခဲ တချို့ ဖြစ်ပေါ်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။ “တခြားနေ ရာ တွေတော့ မသိဘူး။ ကျွန်မတို့ ကျောက်တော် ဘက်မှာဆို စစ်တွေကနေ လာလိုက်ရင် ပုဏ္ဏားကျွန်း လွန်လိုက်တာနဲ့ ဖုန်းပြောလို့ မရတော့ဘူး။ လိုင်းက လုံးဝကို မမိတာ။ ဘယ်လောက် ထိလဲဆို စစ်တွေကနေ ကျောက်တော် အထိ ကျောက်တော် တံတား ကစ္ဆပနဒီ တံတားပေါ်မှာပဲ မိတယ်။ အဲဒီမှာပဲ ဖုန်းပြောရတာ အဆင်ပြေတယ်။ ကျောက်တော်မြို့ ထဲမှာတော့ အဆင်ပြေ မှာပေါ့နော်” ဟု ကျောက်တော် မြို့နယ်မှ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။ ရခိုင်ပြည်နယ် အတွင်း WCDMA ဖုန်းသုံးစွဲနိုင်သည့် စက်ကိရိယာ များမှာ စစ်တွေ တစ်မြို့တည်းတွင်သာ တပ်ဆင် ထားရှိ သောကြောင့် ကမ္ဘာလှည့် ခရီးသည်များ လာရောက် လည်ပတ်မှု များပြားသည့် သံတွဲနှင့် မြောက်ဦးမြို့ တို့တွင်လည်း WCDMA ဖုန်းသုံး စွဲနိုင်သည့် စက်ကိရိယာ များကို ယခုနှစ် အတွင်း ထပ်မံ တပ်ဆင်ပေး သွားမည် ဖြစ်ကြောင်း ဦးမျိုးသန့်က ဆိုသည်။
လှိုင်ထွေးအောင်
From : Yatanarpon

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here