Monday, September 17, 2012

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာဟာ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့မနေ့က တွေ့ဆုံ

0 comments
Photo: မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာဟာ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့မနေ့က တွေ့ဆုံခဲ့ပါတယ်။

အကျဉ်းထောင်တွေကနေ လွတ်မြောက်လာပြီးနောက် (၈) လတာ ကာလ အတွင်း ဆောင်ရွက်ခဲ့တာတွေကို မေးမြန်းခဲ့သလို လက်ရှိတိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း မစ္စတာနမ်ဘီယာက ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။

ရန်ကုန်မြို့ Bangkok Kitchen စားသောက်ဆိုင်မှာ မစ္စတာနမ်ဘီယာနဲ့ညစာ စားပွဲကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကိုယ်စား ကိုကိုကြီး၊ မီးမီး၊ မနီလာသိန်း အပါအ၀င် စုစုပေါင်း (၆) ဦးတက်ရောက်ခဲ့ပါတယ်။

မစ္စတာနမ်ဘီယာဟာ ဒီကနေ့ရန်ကုန်မြို့မှာ စတင်ကျင်းပနေတဲ့ ၂၁ ရာစု မြန်မာနိုင်ငံရဲ့ National Identity and Citizenship အလုပ်ရုံ ဆွေးနွေးပွဲ ကိုလည်း တက်ရောက်ခဲ့ပါတယ်။

(Photo: 88 Generation Students Group)
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာဟာ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့မနေ့က တွေ့ဆုံခဲ့ပါတယ်။

အကျဉ်းထောင်တွေကနေ လွတ်မြောက်လာပြီးနောက် (၈) လတာ ကာလ အတွင်း ဆောင်ရွက်ခဲ့တာတွေကို မေးမြန်းခဲ့သလို လက်ရှိတိုင်းပြည်ရဲ့
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်း မစ္စတာနမ်ဘီယာက ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။

ရန်ကုန်မြို့ Bangkok Kitchen စားသောက်ဆိုင်မှာ မစ္စတာနမ်ဘီယာနဲ့ညစာ စားပွဲကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကိုယ်စား ကိုကိုကြီး၊ မီးမီး၊ မနီလာသိန်း အပါအ၀င် စုစုပေါင်း (၆) ဦးတက်ရောက်ခဲ့ပါတယ်။

မစ္စတာနမ်ဘီယာဟာ ဒီကနေ့ရန်ကုန်မြို့မှာ စတင်ကျင်းပနေတဲ့ ၂၁ ရာစု မြန်မာနိုင်ငံရဲ့ National Identity and Citizenship အလုပ်ရုံ ဆွေးနွေးပွဲ ကိုလည်း တက်ရောက်ခဲ့ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here