Sunday, September 23, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ခြင်း အခမ်းအနား၌ နိုင်ငံတော် သမ္မတမှ ပြောကြားခဲ့သော မိန့်ခွန်း

0 comments
 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ (၁၉) ရက် နံနက် (၁၁) နာရီ မိနစ် (၅၀) တွင် ယန်လင်း အဆင့်မြင့် လယ်ယာစိုက်ပျိုးရေး သိပ္ပံမြို့တော်ရှိ ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ် (North West Agriculture & Forestry University) သို့ ရောက်ရှိသည်။

မြန်မာနိုင်ငံ ရေးဆင်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ်တို့ အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုး ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အာ
း ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ခြင်း အခမ်းအနား၌ နိုင်ငံတော် သမ္မတမှ မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၌ ဖော်ဆောင်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများမှ တစ်ဆင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကြိုးပမ်းအားထုတ်မှု များကြောင့် မိမိအား ယခုကဲ့သို့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်သည့်အတွက် အထူးကျေးဇူးတင်ရှိပြီး လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်မိပါကြောင်း၊ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အမျိုးသား စီမံကိန်း တစ်ရပ်အဖြစ် လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အတွက် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ အမှန်ဆိုလျှင် ဤဂုဏ်ပြုမှုနှင့် အောင်မြင်မှုကို မြန်မာပြည်သူများနှင့် အတူ မျှဝေခံစားရမည် ဆိုလျှင် မိမိအတွက် ပိုပြီးပြည့်စုံ သွားမည် ဖြစ်ပါကြောင်း။

စိုက်ပျိုးရေးကဏ္ဍတွင် အရင်းအမြစ်များကို အခြေခံပြီး စိုက်ပျိုးထုတ်လုပ်သော စနစ်မှသည် နည်းပညာ အခြေခံကာ စိုက်ပျိုးထုတ်လုပ်သော စနစ်ဆီသို့ ပြောင်းလဲကာ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ယင်းရည်မှန်းချက် အောင်မြင်စေရန် အသိပညာ၊ အတတ်ပညာ ဖြန့်ဖြူးပေးနေသော တက္ကသိုလ်နှင့် အဖွဲ့အစည်းများကို အဆင့်မြှင့်တင်ပေးရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း၊ ယင်းတို့အနက် အရေးကြီး ဆောင်ရွက်ရမည့် အချက်များမှာ မှန်ကန်သော စိုက်ပျိုးရေး ဆိုင်ရာမူဝါဒများ၊ အစီအစဉ်များနှင့် စီမံကိန်းများပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးအတွက် အဓိက လုပ်ငန်းစဉ် များကို ချမှတ်ဆောင်ရွက် ခဲ့ပါကြောင်း၊

စိုက်ပျိုးရေးပညာရပ်များကို သုတေသန ဓာတ်ခွဲခန်းမှသည် လယ်ကွင်းများ ဆီသို့ အရောက် ပို့ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ နည်းပညာ ခေတ်ဖြစ်သည့် အတွက် လယ်သမားများ အကြားတွင် သတင်းအချက် အလက် နည်းပညာများ လွတ်လပ်စွာ ပြန့်ပွားရန် လိုသကဲ့သို့ လယ်သမားဗဟိုပြုနှင့် လူထုအကျိုး ရေေးရှုသော ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်လာအောင် လုပ်ဆောင်ပေးရမည် ဖြစ်ပါကြောင်း ၊ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်တို့အကြား ခေတ်မီ သိပ္ပံပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ နည်းပညာများ မြန်မာနိုင်ငံသို့ရောက်ရှိပြီး မြန်မာတောင်သူများ၏ မျှော်လင့်ချက် များကို ဖြည့်စွမ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဤတက္ကသိုလ် နှစ်ခုကြား ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် အနာဂတ်တွင် ပိုမိုခိုင်မာလာမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here