Monday, September 9, 2013

တစ်ပါတ်အတွင်း သိပ္ပံ နှင့် နည်းပညာ သတင်း

0 comments

1
သောကြာနေ့ ညက ဗာဂျီးနီးယား ပြည်နယ်ရှိ အာကာသစခန်းမှ လွှတ်တင်လိုက်သော လသို့ သွားမည့် LADEE ယာဉ်တွင် လူလိုက်ပါခြင်းမရှိပေ။
ယခင် လူလိုက်ပါသော ယာဉ်များမှာ လသို့ သုံးရက် အတွင်းရောက်သော်လည်း ယခုမူ လာသို့ ရောက်ရှိရန် တစ်လကြာမည်ဖြစ်၍ အောက်တိုဘာလ ၆ရက်တွင် ရောက်ရှိမည်။ ။ လကို ၆လကြာ ပါတ်၍ လေ့လာမည်ဖြစ်ပြီး လ၏အလွန်ပါးလွှာသော လေထုနှင့် မြေပြင်မှ လွင့်ပျံ့နေသာ ဖုန်မှုန့်များကို အသေးစိတ် လေ့လာသွားရန် LADEEတွင် ကိရိယာများ တပ်ဆင်ထားပြီး နောက်ဆုံး ရက်၁၀၀ တွင် အမြင့်ပေ ကီလိုမီတာ ၂၀ ခန့်မှ ပျံသန်း လေ့လာမည် ဖြစ်သည်။
ယခင်က လတွင် လေထု မရှိဟု ယူဆထားကြပြီး ယခုလေ့လာမည့် ဖုန်မှုန့်များသည် လျှပ်စစ်လှိုင်းများကို တုန့်ပြန်သောသဘော ရှိနိုင်သောကြောင့် ဖြစ်သည်။
————————-
၂။ ဂျပန်နိုင်ငံ ဖူကူရှီးမား ယိုစိမ့်မှု
Staff of Japan's nuclear regulator near storage tanks for radioactive water at Fukushima Daiichi
ယခုအပါတ်အတွင်း ဖူကူရှီးမား အဏုမြူစွမ်းအင် ဓါတ်ပေါင်းဖိုမှ ရေများမှာ ရေဒီယို သတ္တိကြွ တစ်နာရီ 2,200 millisieverts နှုန်းထိရှိလာသည်။
ထိုပမာဏကို လူတစ်ဦး နှစ်နာရီခန့် ထိတွေ့မိပါက သေစေနိုင်သည့် ပမာဏ ဖြစ်သည်။ နှစ်နှစ်ခန့် အကြာမှ ယခုကဲ့သို့ ပြန်လည်၍ ပြသနာ ဖြစ်ပေါ်ရခြင်းမှာ ငလျင်လှုပ် အပြီး သတ္တိကြွသော ရေများ ကို အရေးပေါ် သိုလှောင်နိုင်ရန် တည်ဆောက်ခဲ့သော ယာယီရေလှောင်ကန်များမှာ ခိုင်ခန့်မှု မရှိသောကြောင့် ဖြစ်သည်။
————————-
၃။ Samsung Gear
3
Samsung ၏ Galaxy Gear ဟု အမည်ပေးထားသော smart လက်ပတ်နာရီကို ယခုလ ၄ရက်နေ့က IFAပြပွဲတွင် ထုတ်ဖေါ်ပြသလိုက်သည်။
အများခန့်မှန်းသကဲ့သို ကွေးညွတ်ထားသောscreen ဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ ၎င်းနာရီကို ယခုလ ၂၆ရက်တွင် ဒေါ်လာ ၃၀၀ခန့် ဖြင့် ရောင်းချမည့် ဖြစ်သည်။ screen အကျယ် ၁.၆၃ လက်မ ရှိပြီး အီးမေးလ် ဖတ်ခြင်း ဓါတ်ပုံရိုက်ခြင်း များကို phone သို့ tablet ဖြင့် တွဲဖက်သုံးစွဲရမည် ဖြစ်သည်။
1.9-megapixel ကင်မရာကို လက်ပါတ်ကြိုးတွင် တပ်ဆင်ထားပြီး တယ်လီဖုန်း ကိုလည်း လက်ကို နားအနီး ကပ်လိုက်ရုံဖြင့် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
Bluetooth 4.0 LE သုံးစွဲသော မည်သည့် ဖုန်း သို့မဟုတ် tablet ဖြင့် ချိတ်ဆက် သုံးစွဲနိုင်မည်ဆိုသော်လည်း ကနဦး အဖြစ် software ကန့်သတ်ချက်များကြောင့် Samsung Galaxy ဖုန်းများဖြင့်သာ ချိတ်ဆက် ၍ ရနိုင်ချေရှိကြောင်း သုံးသပ်ကြသည်။
————————–
၎။ Sony ၏ QX100 နှင့် QX10 ကင်မရာ
4
ကင်မရာကြီးများဖြင့် ရိုက်ကူးသကဲ့သို့ အရည်အသွေးရှိသည့် ဓါတ်ပုံမျိုးကို စမတ်ဖုန်းများဖြင့် ရိုက်ကူးနိုင်ရန် ဆိုနီမှ မှန်ဘီလူး တစ်မျိုးကို ထုတ်လုပ်လိုက်သည်။
ဤ ပစ္စည်းမှာ မှန်ဘီလူး နှင့် image sensorသာ ပါဝင်သော ကင်မရာပင် ဖြစ်သည်။ smart phone ၏ screen ကို viewfinder အဖြစ် နှင့် ဓါတ်ပုံများ သိမ်းဆည်းသည့် ကိရိယာ အဖြစ် အသုံးပြုသည်။
QX100 သည် 20.2-megapixel ရှိသောပုံကို ရိုက်နိုင်ပြီး 3.6x optical zoom ဆွဲ ရိုက်နိုင်မှာ ဖြစ်တယ်။ ၎င်းကင်မရာကို ဒေါ်လာ ၅၀၀ ခန့်ဖြင့် ရောင်းချမည်။
————————–
၅။ NSA နှင့် GCHQ တို့က web encryption ကို ဖေါက်ဖျက်နိုင်
အမေရိကန် National Security Agency နှင့် ဗြိတန်မှ GCHQ တို့သည် ၎င်းတို့ လိုအပ်သည့် အချက်အလက်ကို ရှာဖွေလိုသည့် encrypted data များကို super computer များအသုံးပြု၍ ဖေါက်ထွင်းနိုင်သည်ဟု ဆိုသည်။
————————-
၆။ Microsoft က Nokia ကိုဝယ်ယူ
Microsoft က ဒေါ်လာ သန်း (၇၂၀၀)  ဖြင့် Nokia ၏ လက်ကိုင်ဖုန်း လုပ်ငန်း နှင့် ၎င်းနှင့် သက်ဆိုင်သော မူပိုင်ခွင့် ဆိုင်ရာ လိုင်စင်များကို ဝယ်ယူခဲ့သည် ။ နိုကီယာသည် ယခင်ကတည်းက Microsoft နှင့် လက်တွဲ၍ Windows ဖုန်းများကို သာ အဓိကထား ထုတ်လုပ်ခဲ့သည်။

M-Media

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here