Friday, September 21, 2012

၁၁၅ ကြိမ်မြောက် ပေါင်းတည်ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကျင်းပတော့မည်

0 comments

ပေါင်းတည်မြို့တွင် (၁၁၅) နှစ်ပြည့် ဗုဒ္ဓမြတ်စွယ်တော်လှည့် လည်အပူဇော်ခံပွဲတော်ကြီးကို စက်တင်ဘာ(၂၇)ရက်နေ့မှ အောက်တိုဘာ(၁)ရက် (တော် သလင်းလဆန်း၊(၁၂)ရက်မှ လ ပြည့်ကျော်(၁)ရက်နေ့အထိ ရှေး  မူမပျက် စည်ကားသိုက်မြိုက်စွာ  ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ပွဲတော် စတင်ကျင်းပသည့် တော်သလင်းလဆန်း(၁၂)ရက် ညနေ(၅)နာရီတိတိအချိန်တွင် ဗုဒ္ဓမြတ်စွယ်တော် ရတနာစိန်ကြုတ် ကို နှစ်ပတ်လည် စံမြန်းရာ ရွှေ ဂန္ဓကုဋိတိုက်အတွင်းရှိ ရွှေပလ္လင်     ထက်မှ ရွှေကျောင်းဆောင်ပေါ်သို့   ပင့်ဆောင်အပူဇော်ခံမည်ဖြစ်သည်   တော်သလင်းလဆန်း(၁၃)ရက် နေ့လည်(၁)နာရီတိတိ အချိန်တွင်  မြို့ပေါ်ရပ်ကွက်အသီးသီးသို့ ဗုဒ္ဓ  မြတ်စွယ်တော်ကိုဆင်ရတနာဖြင့်  ပင့်ဆောင်ပြီး ဒဂုံဆင်ရတနာ တစ်စီး ခြံရံလျက်ဒေ၀ါဝင်း ရာဇာ ၀င်း၊၀င်းခင်းအခမ်းအနားတို့ဖြင့်  ရှေးအစဉ်အလာတိုင်း လှည့်လည်  အပူဇော်ခံမည်ဖြစ်သည်။မြတ်စွယ်  တော်လှည့်လည် အပူဇော်ခံစဉ်  ဇာတ်-နိပါတ်-ယိမ်း အကတို့ဖြင့်  လိုက်ပါပူဇော်မည်ဖြစ်သည်။တော်သလင်းလဆန်း(၁၄)ရက် နံနက်(၈)နာရီတိတိအချိန်တွင် မြတ်စွယ်တော်ရတနာကို စိန်ကြုတ်တော်မှ ဖွင့်လှစ်၍ ပကတိအတိုင်း     အပူဇော်ခံမည်ဖြစ်သည်။ တော် သလင်းလဆန်း(၁၅)ရက် ည(၁၀)  နာရီတိတိ အချိန်တွင် မြတ်စွယ် တော်ရတနာစိန်ကြုတ်ကိုပိတ်၍  နှစ်ပတ်လည်စံမြန်းရာ ဂန္ဓကုဋိ တိုက် သို့ပြန်လည်ပင့်ဆောင်ပြီး  မြတ်စွယ်တော်ပွဲတော်ကြီး အောင်  မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေ ညာမည်ဖြစ်သည်။
ပွဲတော်ကျင်းပသည့် ရက်များ အတွင်း ဘုရားဖူးပရိသတ်များ   ကိုဇာတ်ပွဲ(၃)ပွဲဖြင့် အခမဲ့ မိုးအလင်း   ဧည့်ခံဖျော်ဖြေမည်ဖြစ်သည်။နှစ် စဉ်ဆိုင်ခန်းပေါင်း(၁၀၀၀)ကျော်   ဖြင့်(၁၂)ပွဲ ဈေးသည်တို့လာရောက်     ရောင်းချကြရာ ရောင်းအားဝယ် အား ကောင်းသော ပွဲတော်ကြီး ဖြစ်ပြီး ရပ်ရွာအေးချမ်းသာယာ   သဖြင့် ယခင်နှစ်များကဲ့သို့ စည် ကားမည့် ပွဲတော်ကြီးဖြစ်ကြောင်း သိရသည်။

မောင်ဆွေအင်း(PDE)
ref:Hot News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here