ရန်ကုန်၊ စက်တင်ဘာ ၁၇
ခုတ်မောင်းချိန် ၈ နာရီတည်းနှင့် ရန်ကုန်-မန္တလေးရထားပြေးဆွဲသွားရန် ဂျပန်ပညာရှင်တို့၏ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုမှာ နိုဝင်ဘာလတွင် အပြီးသတ်တော့ မည်ဟု သိရှိရသည်။
ခုတ်မောင်းချိန် ၈ နာရီတည်းနှင့် ရန်ကုန်-မန္တလေးရထားပြေးဆွဲသွားရန် ဂျပန်ပညာရှင်တို့၏ ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုမှာ နိုဝင်ဘာလတွင် အပြီးသတ်တော့ မည်ဟု သိရှိရသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာ န ထိပ်တန်းအရာရှိ တစ်ဦးက ”နို ဝင်ဘာလထဲမှာပဲ သူတို့ရဲ့ လေ့ လာဆန်းစစ်မှုတွေကို ဝန်ကြီးဌာန ကို အပြီးတစ်ခါတည်း တင်မှာပါ” ဟု အတည်ပြု ပြောသည်။၃၈၅ ဒသမ ၅ မိုင် ရှည်လျား ကာ ခုတ်မောင်းချိန် ၁၆ နာရီကြာ မြင့်သော ရန်ကုန်-မန္တလေးလမ်း ပိုင်းနှင့် ၂၃၃ မိုင်ရှည်လျားကာ ၁ဝ နာရီကြာခုတ်ေ မာင်းနေသည့် လမ်း ပိုင်းနှစ်ခုစလုံးကို ဂျပန်ပညာရှင် တို့ကို ဖြစ်နိုင်ခြေရှိမှု လေ့လာဆန်းစစ်မှုကိုဇူလိုင်လဆန်းပိုင်းက စကာ သုတေသန ပြုလုပ်ခဲ့ကြ သည်။ရထား ပို့ဆောင်ရေးဝန်ကြီးဌာ န ထိပ်တန်းအရာရှိက သုတေသန စာတမ်းအပေါ် နှစ်ဖက်ဆွေးနွေး ညှိနှိုင်းကာ အမြန်ဆုံးဆောင်ရွက် သွားရန်ရှိသည်ဟု ပြောသည်။ ရန်ကုန်၊ အင်းစိန်ရှိ ဒီဇယ်စက် ခေါင်းစက်ရုံမှ လုပ်သက်ရင့် ဝန် ထမ်းတစ်ဦးက ကျောက်မီးသွေး စက်ခေါင်းဖြင့်ပင် အချိန် ၈ နာရီ တည်းနှင့် ရန်ကုန်မှ မန္တလေးသို့ သွားနိုင်ခဲ့သော သာဓကရှိခဲ့ဖူး ကြောင်း ပြောသည်။”မဖြစ်နိုင်တာမရှိပါဘူး။ ဖြစ် နိုင်ပါတယ်။ ဒါကို လုပ်ဖို့ဆိုရင် ဝန်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်း အခြေအနေတွေကို မြှင့်တင်ပေး မယ့် အစီအစဉ်တွေကိုပါ ထည့် သွင်းလုပ်ကိုင်ရပါ့မယ်”ဟု ၄င်းက မှတ်ချက်ပြုသည်။အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်း ယှဉ်ပါက မြန်မာ့မီးရထားမှာ ခုတ် မောင်းချိန် ကြာမြင့်ခြင်းနှ င့် ညင် သာမှုမရှိခြင်းတို့ကြောင့် စီးနင်းသူ အများမှာ မော်တော်ကားကိုသာ ရွေးချယ်စီးနင်းမှုပြုနေကြသော် လည်း အခြေခံလူတန်းစားတို့မှာ ဈေးနှုန်းသက်သာသော
ရထားကို မှီခိုနေရဆဲဖြစ်သည်ဟု သိရှိရ သည်။
PNews
ရထားကို မှီခိုနေရဆဲဖြစ်သည်ဟု သိရှိရ သည်။
PNews