Wednesday, September 19, 2012

၁၅ နှစ် အရစ်ကျ တန်ဖိုးနည်းအိမ်ရာ သဘာဝဘေးသင့်ဒေသများတွင် ဦးစားပေး တည်မည်

0 comments
ရန်ကုန်၊ စက်တင်ဘာ ၁၇
၁၅ နှစ် အရစ်ကျစနစ်ဖြင့် ပေးချေရမည့် တန်ဖိုးနည်းအိမ်ရာများကို သဘာဝဘေးအန္တရာယ်ကျရောက်လျက်ရှိသော ဒေသများတွင် ဦးစားပေး စတင်တည်ဆောက် သွားမည်ဟု Gold Cycle Engineering and Project International Co.Ltd  မှ သတင်းရရှိသည်။
 ပထမဦးစားပေး ဒေသအဖြစ် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယ ဦးစားပေးဒေသအဖြစ် ချင်းတွင်းနှင့် ဧရာဝတီမြစ်ကြောင်းရှိ ဆက် စပ် ဒေသများအပါအဝင် တတိယဦးစား ပေးဒေသအဖြစ် ရန်ကုန်မြို့နှင့် အခြားလိုအပ်သည့် နေရာများတွင် တည်ဆောက်သွားမည်ဟု အထက် ပါ ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသက်ခိုင်က ပြောသည်။အဆိုပါအိမ်ရာများကို ကိုရီး ယားကုမ္ပဏီဖြစ်သည့်Real My Ko Co.Ltd  မှ တာဝန်ယူ တည် ဆောက်ပေးမည်ဖြစ်ပြီး တန်ဖိုး အားဖြင့် ကျပ်သိန်း ၈ဝ ဝန်းကျင်ရှိ ကြောင်း သိရသည်။ ”ပထမဆုံး တန်ဖိုးရဲ့ ၁ဝ ရာ ခိုင်နှုန်းပဲယူမယ်။ ကျန်တာကို အနည်းဆုံး ၁ဝ နှစ်၊ ၁၅ နှစ်မှ ပြန်ဆပ်တဲ့ ပုံစံမျိုး လုပ်သွားမှာပါ”ဟု ဦးသက်ခိုင်က ဆက်လက် ပြောသည်။ မြန်မာနိုင်ငံတွင် မိသားစုတိုင်း အိမ်ရာပိုင်ဆိုင်ရန် မလွယ်ကူခြင်း ကြောင့် ဖြည့်ဆည်းပေးလိုသည့် ဆန္ဒဖြင့်   ဆောင်ရွက်ခြင်းဖြစ်သည် ဟုGold Cycle မှ ဥက္ကဋ္ဌ ဦးချစ် အုန်းက ပြောသည်။တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရန် သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်း၍ မြေယာ များ ရယူ သွားရန်ရှိသည်ဟု ဦးသက်ခိုင်က ထပ်လောင်းပြောသည်။အဆိုပါ အိမ်ရာများကို အပူ ချိန် ၈ဝဝ ဒီဂရီ စင်တီဂရိတ် အထိ မီးမလောင်ကျွမ်းနိုင်သော ကုန် ကြမ်း များဖြင့် တည်ဆောက်မည် ဖြစ်ပြီး မီးဖိုဆောင်နှင့် သန့်စင်ခန်း အတွင်း ဒေသ၊လူမျိုးနှင့်လိုက်လျော ညီထွေဖြစ်မည့်ပုံစံမျိုး ဆောက်လုပ် ပေးသွားမည်ဟု RMK ကုမ္ပဏီ မှ ဒါရိုက်တာ ဦးခင်မောင်စိုးက ပြော သည်။RMK ကုမ္ပဏီမှ အဆိုပါ တန် ဖိုးနည်းအိမ်ရာများကို ယူဂန်ဒါ၊ အာဖရိကနှင့် အင်ဒိုနီးရှားနိုင်ငံများ တွင် တည်ဆောက်ပြီးဖြစ် သည်ဟု ဦးခင်မောင်စိုးထံမှ သိရသည်။
WMT,PN-029  
ref: PNews

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here