Wednesday, September 26, 2012

ကြိုတင်ငွေဖြည့်စနစ် ပြောင်းလဲရန်ကျန်ရှိသော မိုဘိုင်းဖုန်းများ အောက်တိုဘာမှစ၍ အွန်လိုင်းဖြင့်သာ ကျသင့်ငွေ ပေးဆောင်ရတော့မည်

0 comments

ကြိုတင်ငွေဖြည့်စနစ် ပြောင်းလဲရန် ကျန်ရှိနေသေးသည့် မိုဘိုင်းဖုန်းများအားလုံး ကျသင့်ငွေကို အောက်တိုဘာလမှစ၍ ဘဏ်မှ တစ်ဆင့် အွန်လိုင်းဖြင့်သာ ပေးဆောင် ရတော့မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယခင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ရောင်းချပေးခဲ့သည့် ဂျီအက်စ်အမ် ဖုန်းများအား ကြိုတင်ငွေဖြည့်ကတ် စနစ်သို့ ပြောင်းလဲနိုင်ရန် အတွက် ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်ရာ ပြောင်းလဲရန် ကျန်ရှိနေသေးသဖြင့်ယင်းစနစ် ကို ဆောင်ရွက် လိုက်ခြင်း ဖြစ် ကြောင်း သိရသည်။ “သြဂုတ်လပိုင်း ဘေလ်အားလုံးက အောက်တိုဘာလ ပိုင်းမှာ ပေးဆောင်ရ မှာ ဖြစ်တဲ့အတွက် အောက် တိုဘာလပိုင်းက စပြီး ဆက်သွယ်ရေးမှာ ဖုန်းဘေလ်ဆောင်လို့ မရတော့ဘူး။ သတ်မှတ်ပေးထားတဲ့ ဘဏ်တွေမှာ အကောင့်ဖွင့်ပြီး အွန်လိုင်းကနေပဲ ဖုန်းဘေလ်ဆောင်ရတော့မယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းသို့ ဖုန်းဘေလ် ပေးဆောင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ချိတ်ဆက်ဆောင် ရွက်ထားသော ဘဏ်များမှာ- အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ် လီမိတက်နှင့် မြန်မာ အရှေ့တိုင်းဘဏ်တို့တွင် အွန်လိုင်းစာရင်း ဖွင့်လှစ်ကာ အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။ ဖုန်းဘေလ် ပေးဆောင်နိုင်ရန် အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတ်မှတ်ပေးထားသော ဘဏ်များတွင် အွန်လိုင်းစာရင်းကို ကျပ် ၁၀၀၀၀ မှ စတင်၍ ဖွင့်လှစ်ထားနိုင်ပြီး မိမိကြိုက်နှစ်သက်သည့် ပမာဏအထိ ထည့်သွင်းထားနိုင်ကြောင်း သိရသည်။ အွန်လိုင်းမှ ဖုန်းဘေလ်ပေးဆောင်ခြင်း စနစ်ကို ၂၀၁၁ ခုနှစ်မှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တို့မှ ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရှိရသည်။
 
ref: ရန်ကုန်တိုင်းမ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here