Wednesday, September 26, 2012

နွေရာသီ၌ ဓာတ်အား လုံလောက်မှု ရရှိရန် ဂျပန်နိုင်ငံမှ မီးစက် ၁၃ လုံး ကူညီ ပေးရန်ရှိ

0 comments

 ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား မလုံလောက်မှုတွေ ဖြစ်ပေါ်တတ်တဲ့ နွေရာသီ ကာလမှာ လျှပ်စစ် ဓာတ်အား လုံလုံ လောက်လောက် သုံးစွဲနိုင်ဖို့ အတွက် ၁ မဂ္ဂါဝပ်ထွက် မီးစက် ၁၃ လုံးကို ဂျပန်နိုင်ငံမှ ကူညီပေး သွားဖို့ ရှိတယ်လို့ စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်ရှိ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီ မီးစက် ၁၃ လုံးရဲ့တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁၀ သန်းနဲ့ ညီမျှ ပါတယ်။ အဆိုပါ မီးစက် များကို လာမယ့် နှစ်နွေရာသီ အမီ ဂျပန်နိုင်ငံကနေ ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ ဒီလို ရောက်ရှိ လာမယ့် မီးစက် တွေဟာ မီးစက် တစ်လုံး ကနေ ၁ မဂ္ဂါဝပ် ဖြစ်တဲ့ ဗို့အား ၄၀၀ ထွက်ရှိမှာ ဖြစ်တဲ့အတွက် လက်ရှိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ Transformer ၁ လုံးထက် ၂ ဆနီးပါး ပိုမိုထွက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ မီးစက်တွေ ရောက်ရှိ လာရင်တော့ ရန်ကုန်တိုင်း ဒေသကြီး အတွက်သာ အသုံးပြုမှာ ဖြစ်ပြီး မီးစက်တွေ ထားရှိမှု ကိုတော့ လှော်ကား၊ သာကေတ၊ အင်းစိန်ရွာမ၊ အလုံအစ ရှိတဲ့ မြို့နယ်တွေရှိ သဘာဝ ဓါတ်ငွေ့ဓါတ်အားပေး စက်ရုံတွေမှာ အဆင်ပြေ သလို တစ်နေရာတည်း စုစည်းပြီး ထားရှိမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာပြည် အတွက် အခုလို မီးစက်များ ကူညီပေး ရခြင်းမှာ ပြီးခဲ့တဲ့ နှစ်နွေရာသီ အချိန်က လျှပ်စစ်ဓါတ်အား ထွက်ရှိမှု မလုံလောက်တဲ့ အတွက် ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ကြုံတွေ့ရတဲ့ အတွက် လာမယ့်နှစ် နွေရာသီ ကာလမှာ မီးပြတ်တောက်မှု ပေါ်ပေါက်ခဲ့ပါက အရေးပေါ် သုံးစွဲနိုင်အောင် ကူညီပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
ref: MRTV4

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here