Tuesday, September 25, 2012

iPhone 5 ကို TAC Apple Store (ရန်ကုန်)တွင်လည်းဝယ်ယူရရှိနိုင်

0 comments
TAC Apple Store မှ Apple Fan များအတွက် iPhone 5 ကို မြန်မာနိုင်ငံတွင် စတင်ရောင်းချပေးနေပြီ ဖြစ်ပါသည်။

Apple ဧ။်နောက်ဆုံးပေါ် handset iPhone 5 မှာ ထူးခြားတဲ့ စွမ်းဆောင်ချက် နည်းပညာတွေ များစွာ ပါဝင်လာပါတယ်။ ကြည်လင် ပြတ်သားသော 4” (1136 x 640 resolution) 16:9 widescreen Retina display၊ ပါးလွှာပေါ့ပါးသော အလူမီနီယံ ကိုယ်ထည်နဲ့  သေသပ် ခန့် ငြား လှပ ပါတယ်။ iPhone 4S ထက် 18% ပိုမိုပါးလွှာပြီး 20% ပိုမိုပေါ့ပါးပါတယ်။ iPhone 5 မှာ အသုံးပြုထားသော A6 processor က iPhone 4S, iPad 2, New iPad တို့ တွင် အသုံးပြုထားသော A5 processor များထက် နှစ်ဆ ပိုမို မြန်ဆန်သောကြောင့် apps, surfing, games စသည် လုပ်ဆောင်ချက်များမှာလည်း နှစ်ဆပိုမိုမြန်ဆန် လာပါတယ်။ 3G သာမက 4G LTE နည်းပညာ ကိုပါ ပေါင်းစပ်ထားတဲ့ အတွက် cellular download အမြန်နှုန်း 100Mbps ထိရရှိနိုင်မှာဖြစ်ပါတယ်။ Wifi နည်းပညာ Dual-band 802.11n ကသာမန် handset များနှင့်မတူ အမြန်နှုန်း 150 Mbps ထိရရှိမှာဖြစ်ပါတယ်။ iOS 6 operating system မှာ 28 megapixels မြင်ကွင်းကျယ် 240 degree panoroma camera mode, photorealistic 3D မြေပုံ များရရှိမှာ ဖြစ်ပြီး Siri ကလည်း မိမိသိလိုသမျှကို ဖြေကြားတာထက် ပိုမိုသော လုပ်ဆောင်ချက် အသစ်တွေ ပါဝင်လာမှာဖြစ်ပါတယ်။

Nano SIM Services ကိုလည်း TAC Apple Store မှ ၀ယ်ယူသော Customers များအတွက် အခမဲ့ဝန်ဆောင်မှု့ပေးသွားမည် ဖြစ်ပါသည်။ MPT မှ ဌားရမ်းပေးသော ငွေကျပ် ၁၅သိန်းတန်၊ ၅သိန်းတန် နှင့် ၂သိန်းတန် GSM SIM Card များကို Nano SIM Card အဖြစ် အခမဲ့ပြောင်းလဲပေးသွားမည်ဖြစ်သည့်အပြင် Nano SIM မှ Micro SIM, Mini SIM သို့ ပြောင်းလဲနိုင်သည့် Adaptor များကိုလည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။
iPhone 5 model များကို 16GB, 32GB, 64GB (အဖြူရောင် / အနက်ရောင်) ရရှိနိုင်ပြီး iOS 6 operating system နဲ့ အတူ အောက်ပါ အတိုင်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။


ihone 5 အား TACApple Storeတွင် အောင်မြင်စွာ စတင်ရောင်းချနေပြီ ဖြစ်ပါ၍ အမှတ်(၄၅)၊၇မိုင်ခွဲ ၊ပြည်လမ်းရှိ Show room သို့ လာရောက်ဝယ်ယူနိုင်ပါသည်။ Phone: 01-662749, 01-660923, Email:sales@tacmm.com သို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ref: MMAP

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here