Wednesday, September 26, 2012

နိုင်ငံတော်သမ္မတကြီး ဒေါက်တာဦးသိန်းစိန် အမေရိကန်သို့ရောက်ရှိ၊ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် လေဆိပ်သို့ လာကြို

0 comments
 သမ္မတ ဦးသိန်းစိန် နယူးယောက်မြို့ The Mark ဟိုတယ်ကို စက်တင်ဘာ ၂၅ မွန်းတည့်က ရောက်လာခဲ့တာ ဖြစ်ပါတယ်။

 အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေနဲ့ အဖွဲ့ သမ္မတကြီးကို ကြိုဆိုဖို့ စောင့်နေခဲ့တာ ဖြစ်ပါတယ်။

 မြန်မာအမျိုးသမီးလေးများက သမ္မတကြီးကို ပန်းစည်းကမ်းလို့ ကြိုဆိုဖို့ စောင့်ခဲ့ကြပါတယ်။ သမ္မတကြီးက သူတို့ကို တွေ့တော့ စောင့်နေရတာ ကြာပြီလားလို့ မေးပါတယ်။ ပြီးတော့ ပန်းလာလို့နဲ့ တူပါရဲ့... ချက်ချင်းကို အခန်းပေါ်တက်လို့ အနားယူပါတယ်။

 သမ္မတဦးသိန်းစိန်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချယ်က လေဆိပ်မှာ သွားကြိုဆိုလာခဲ့ပါတယ်။ သမ္မတကြီးဟာ လောလောဆယ်မှာတော့ သူ့အခန်းမှာ အနားယူနေပါတယ်။

 သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက နှစ်နာရီခြားပြီးမှ သမ္မတ ဦးသိန်းစိန် တည်းခိုရာ The Mark ဟိုတယ်ကို ရောက်လာခဲ့ပါတယ်။

 အမေရိကခရီးစဉ်မှာ သမ္မတဦးသိန်းစိန်နဲ့အတူ ၀န်ကြီးဦးစိုးသိန်း၊ ၀န်ကြီးဦးဝဏ္ဏမောင်လွင်၊ ၀န်ကြီးဦးဝင်းမြင့်နဲ့ ၀န်ကြီးဦးခင်ရီတို့ အပါအ၀င် စုစုပေါင်း အဖွဲ့ဝင်အင်အား ၅၀ ကျော် လိုက်ပါလာတယ်လို့ သမ္မတ လုံခြုံရေး အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိက ခရီးစဉ်တွင်းမှာ ပေးဖို့ လက်ဆောင်ပစ္စည်းပုံးများလည်း ပါလာခဲ့တာကို တွေ့ရပါတယ်။ သမ္မတခရီးစဉ်အကြို ရှေ့ပြေးအဖြစ် အမေရိကကို တင်ကြို ရောက်လာခဲ့တဲ့ ၀န်ကြီးဦးအောင်မင်းကတော့ သမ္မတရဲ့ အမေရိက ခရီး မစတင်မီ စီစဉ်ထားတာတွေကို တင်ပြဖို့ မြန်မာပြည်ပြန်သွားခဲ့ပြီး ဖြစ်ပါတယ်။


 The Mark ဟိုတယ်တွင်း ၀င်ရောက်သွားပြီးနောက် ခေတ္တ အနားယူနေတဲ့ သမ္မတ ဦးသိန်းစိန် (စက်တင်ဘာ ၂၆ မွန်းလွဲပိုင်းမှာတော့ သမ္မတကြီးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ စက်တင်ဘာ ၂၇ မနက်ပိုင်းမှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ရာစုနှစ်ဝက်အတွင်း ပထမဆုံး မြန်မာသမ္မတအနေနဲ့ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်)။

 သမ္မတဦးသိန်းစိန်ရောက်ပြီး သုံးနာရီကျော်မှ တည်းခိုရာ The Mark ဟိုတယ်ကို ရောက်ရှိလာတဲ့ လ၀က၀န်ကြီး ဦးခင်ရီ (သမ္မတနဲ့ ၀န်ကြီးတွေဟာ နာရီ ၂၀ ကျော်ကြာ လေယာဉ်ခရီးကို စီးနင်းခဲ့ရတာကြောင့် ပင်ပန်းနေပုံပေါ်ပါတယ်)။ 

  အမေရိက ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် တည်းခိုနေထိုင်ရာ နယူးယောက်မြို့၊ ၇၇ လမ်းပေါ်က ကြယ်ငါးပွင့် အဆင့်ရှိ The Mark ဟိုတယ်၊ ၁၆ ထပ်ရှိတဲ့ ဟိုတယ်ကြီးထဲမှာ သမ္မတဟာ ငါးထပ်မြောက်မှာ နေထိုင်နေတယ်လို့ သိရပါတယ်။ ဒီဟိုတယ်ကို ၁၉၂၇ ခုနှစ်က စတင် တည်ဆောက်ခဲ့တာမို့ သက်တမ်း ၈၅ နှစ် ရှိပြီ ဖြစ်ပါတယ်။
From : BBC

 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here