Monday, September 24, 2012

ရုပ်ရှင်အစည်းအရုံးက ကြီးမှူးပြီးMr.Thierry Bleu ကသင်ကြားပို့ချခဲ့သော သရုပ်ဆောင်သင်တန်းဆင်းပွဲ ကျင်းပ

0 comments
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးကျင်းပသည့် အခြေခံသရုပ်ဆောင် သင်တန်းဆင်းပွဲနှင့် အဆင့်မြင့် သရုပ် ဆောင်သင်တန်းဆင်းပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့ ည ၇ နာရီကExcel Treasure Towerတွင် ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် အရိုင်းကအခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဒုတိယဥက္ကဋ္ဌ လူမင်းက သင်တန်းသားများအနေဖြင့်သင်တန်းစည်းကမ်း အရ တလေးတစား တက်ရောက်ခဲ့သည့် အတွက်လည်း ကျေးဇူးတင်ကြောင်းနှ င့်Mr. Thierry Bleu  အားကိုယ့်စရိတ်ဖြင့်ကိုယ် ယခုကဲ့သို့လာရောက်သင်တန်းပို့ချပေး သည့်အတွက်လည်း ကျေးဇူး တင်ကြောင်း ပြော ပြပါသည်။Mr. Thierry Bleu ကလည်း သင်တန်းသားများအနေဖြင့် ယခုကဲ့သို့ တက် တက်ကြွကြွ သင်ယူခဲ့ခြင်းကို ကျေးဇူးတင် ကြောင်း ပြောကြားသွားပြီး သင်တန်းသား တစ်ဦးချင်းကို သင်တန်း ဆင်းလက်မှတ် များ ပေးအပ်ချီးမြှင့်ခဲ့သည်။ စေတနာအပြည့်ဖြင့်သင်ကြားပေးခဲ့သော Mr. Thierry Bleu ကိုမြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာ ယက ကြီးဦးနှင်းမိုးနှင့် အဆင့်မြင့်သရုပ်ဆောင်သင် တန်းသားတို့က အမှတ်တရလက်ဆောင်ပေး အပ်ခဲ့ကြ သည်။ မြန်မာနိုင် ငံရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက နိဂုံးချုပ်အမှာ စကာြးေ ပာကြားကာ အခမ်းအနားကို အောင် မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ ဆက်လက်ပြီးသင်တန်းဆင်းပွဲကို တက် ရောက်ခဲ့သည့် ရုပ်ရှင်အစည်းအရုံးဒု-ဥက္ကဋ္ဌ လူမင်းက “ဒီသင် တန်းဖွင့်တဲ့ ရည်ရွယ်ချက် ကတော့ တအားကောင်းတာ။ အဓိကကတော့ သရုပ်ဆောင်ပိုင်းမှာဆိုရင် ကျွန်တော်တို့ ခေတ်က စနစ်တကျမသင်ခဲ့ရ ဘူး။ရိုက်ကွင်း မှာပဲ ဒါရိုက်တာတွေ သင်ပြတာ၊ ကိုယ့်ရှေ့က ဝါရင့်သရုပ်ဆောင်တွေကို  ကြည့်ပြီးတော့  သင်ယူတယ်။ တတ်အောင်ကြိုးစားခဲ့ရတယ်။ သင်ယူလို့ရတဲ့ ပညာတွေနဲ့ ကျွန်တော် တို့ အခု အချိန်အထိ လုပ်နေတယ်။ အနုပညာကို ခုံမင်ပြီးဝါသနာပါတဲ့ကိုယ့်မျိုးဆက်သစ်တွေ ကို တိတိကျကျခမ်းခမ်းနားနား လေ့လာသင်ယူ ပြီး စနစ်တကျတတ်ြေ မာက်စေတယ်။ စနစ် တကျ တတ်မြောက်ပြီး အနုပညာလောကမှာ  တကယ်တော်တဲ့၊ တတ်တဲ့လူတော် လူကောင်း လေးတွေဖြစ်စေချင် တဲ့စေတနာကြောင့် ဒီ သင်တန်း ကိုစီစဉ်ဖြစ်ကြတာပါ။ အခက်အခဲ တချို့ရှိပေမယ့် ပွဲကအောင်အောင်မြင်မြင် နဲ့ပြီးဆုံးသွားတဲ့ အတွက်ကျေနပ်ပါတယ်”ဟု ပြောကြားခဲ့သည်။ထို့နောက် သင်တန်းဆင်းပွဲ ကို တက် ရောက်ခဲ့သည့် အကယ်ဒမီ အိန္ဒြာကျော်ဇင်က လည်း သင်တန်းဆင်းတွေနှင့် ပတ်သက်၍ “ဒီသင်တန်းဆင်းတဲ့ မောင်ငယ်၊ ညီမငယ်တွေ အားလုံးအတွက် ဂုဏ်ယူပါတယ်။ အနုပညာ နဲ့ပတ်သက်ပြီးနားလည်သင့်သလောက်သိသင့်သလောက်သိပြီးပြီလို့ ယုံ ကြည်ပါတယ်။ ဒီလိုသင်တန်းမျိုးလုပ်ပေးတာ အနုပညာ ဝါသနာပါ တဲ့ကလေးတွေအတွက် သိပ် ကောင်း တဲ့အစီအစဉ်လို့ မြင်ပါတယ်။ နိုင်ငံခြားကနေ ပညာရှင်တစ်ယောက်က လာပြီးသင်ပေးတဲ့ အတွက်  ကျောင်းသူ၊ ကျောင်းသားတွေ အတွက် သူတို့ဖြစ်ချင်တဲ့၊လိုချင်တဲ့ အနုပညာနဲ့ပတ် သက်တဲ့ ပညာရပ်တစ်ခုရနေပြီး နေရာတစ်ခုရ လာကြမယ်လို့ယုံကြည်တယ်။ ခုခေတ်ကလေး တွေလည်းအတွေး အခေါ်သိပ်ကောင်းတာ ကိုး။ ဒီသင်တန်းကျောင်းက ဆင်းတဲ့ မောင်ငယ်၊ညီမငယ်တွေဆိုလည်း အနုပညာ လမ်း တစ်လျှောက်မှာအောင်မြင်တဲ့အနုပညာ ရှင်တွေအဖြစ်   မြင်တွေ့ချင်တယ်။ အောင်မြင် ကျော်ကြားတဲ့အနုပညာရှင်တိုင်းဟာ တစ်ချိန် က ကြိုးစားခြင်းအရင်း အနှီးများခဲ့လို့ပါ။ ဘယ်အရာမဆို အခက်အခဲနဲ့ ကြုံတွေ့ပြီးမှအောင်မြင်တယ်၊ ကျဆုံးတယ်ဆိုတာ သိလာကြ တာပါ။ အဲဒီအခါ ကျရင် အောင်မြင်ခြင်း၊ကျဆုံး ခြင်းရဲ့တန်ဖိုးကိုသိတယ်၊ မြတ်နိုးတတ်တယ် လေ။ အူဝဲတို့ခေတ်ဆိုရင် ဒီလိုအခွင့်အရေး တွေရ ခဲ့ပေမယ့် ဒီလောက်တော့မရခဲ့ဘူး။ ဒီ လို အခွင့်အရေးတွေကြားထဲကနေကြိုးစားကြ ပါ။ အခွင့်အရေးရတဲ့အခါမှာလည်း ရတဲ့ အခွင့်အရေးကို   ကောင်းကောင်းအသုံးချပါ။ သရုပ်ဆောင်ပိုင်းမှာ စစချင်းမှာတော့ အခက် အခဲကြုံတွေ့ခဲ့ရတယ်။ကိုယ်ကလည်း ဝါသနာ ပါတယ်။ ပါရမီကလည်း ပါလာတယ် ဆိုတော့ကြိုးစားပြီးပရိသတ်တွေရဲ့အားပေးမှုကို ခု အချိန်ထိရခဲ့တယ်။ ခက်ခက် ခဲခဲရုန်း ကန်ရင်း နဲ့ကျော်လွှားပြီးအောင်မြင်လာတာကိုပဲ ပြော ချင်တာကတော့ကိုယ့်ပန်းတိုင် ကိုရောက် ချင် ရင်ကြိုးစားရမှာ။ ပန်းတိုင်ရောက်မှဖြစ်မယ် ဆိုတဲ့စိတ်ဓာတ်ကို မြင်ပြီး လုပ်စေချင်တယ်။ပရိသတ်ကိုလည်းကိုယ့်ရဲ့ အနုပညာပညာစစ် စစ်နဲ့ကြိုး စားပြီး ချပြစေချင်တယ်”ဟုပြောသည်။အဆိုပါမှာ သင်တန်းသို့ တက်ရောက် ခဲ့သည့် သင်တန်းသားများထဲတွင် ဗိုလ်ချုပ် ရုပ်ရှင် ဇာတ်ကား၌ ဗိုလ်ချုပ်နေရာနှင့်ဒေါ်ခင်ကြည်နေ ရာမှာ ပါဝင်သရုပ်ဆောင်မည့်ကျော်ကျော်မျိုး၊သင်းမြတ်သန္တာလှိုင်နှင့် ဇာ ခြည်လင်း တို့လည်း တက်ရောက်ခဲ့ကြသည်။သင်တန်းတွင် ရရှိခဲ့သည့်ပညာရပ်များ ဖြင့် ဗိုလ် ချုပ်နေရာတွင် သရုပ်ဆောင် မည့် ကျော်ကျော် မျိုးက “ဒီဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားတစ်ကားအတွက်ပဲလေ။ ဒီဆရာက သူလိုချင် တာကိုပဲ မရမချင်း ကျွန်တော်တို့ ရင် ထဲမှာ ဖြစ်နေတာတွေ၊ခံစားချက်အမူအရာ တွေကို သူလိုချင်တဲ့ အမူအရာမရ မချင်းဆွဲ ထုတ်သင်ပေးတဲ့ ဆရာကောင်း တစ်ယောက် ပါ။ ကျွန်တော်တို့ကို အခြေခံက အစ သင် ပေးခဲ့တဲ့ အတွက် တအားအထောက်အကူပြု မှာပါ”ဟုပြော သွားခဲ့ပါ သည်။ထို့နောက် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်မည့် သင်းမြတ်သန္တာလှိုင်က သင် တန်းနှင့်ပတ်သက်ပြီး “စိတ်ဓာတ် ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အသိပညာ တွေရခဲ့ပါတယ်။ သရုပ်ဆောင်တဲ့ အခါမှာ ဘယ်လိုစိတ်မျိုးထားတတ်ရ မယ်ဆိုတာက အစနားလည်လာ တယ်လို့” သင်တန်းဆင်း အတွေ့အကြုံကိုပြောပြခဲ့သည်။ဆက်လက်ပြီး သင်တန်းနှင့်ပတ်သက်၍ ဗိုလ်ချုပ် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မည့် မဇာခြည် လင်းက “ဘယ်လိုသရုပ်ဆောင် ရမယ်ဆိုတာ လေးအခြေခံသိသွားတယ်။ အသိပညာတွေကတော့ အများကြီးတိုးလာတဲ့ အတွက်ဗိုလ်ချုပ်ဇာတ်ကားအတွက်လည်း အထောက်အကူပြုပါတယ်”ဟု ပြောပြသွား ခဲ့သည်။
ထူးထူး၊ သိမ့်သိမ့်၊ ဓာတ်ပုံ-သီဟ
ref: Popular N

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here