Monday, September 17, 2012

ဝိုင်းစုခိုင်သိန်း နဲ့ One Lady Show

0 comments
လတ်တလောမှာ ဝိုင်းစုခိုင်သိန်း က ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “အချစ်လေပြည်ရင်ကိုအဝှေ့” ဆိုတဲ့ ဇာတ်ကားကို နေမင်း နဲ့ အတူ သရုပ်ဆောင်နေ ပါတယ်။ ဒီဇာတ်ကားလေးမှာ ဝိုင်းစုခိုင်သိန်းက မာနကြီးပြီး ဆေးကျောင်းတက်နေတဲ့ ဆရာဝန်  တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင် ဘက်မှာ ပရိသတ် အားပေးမှု ရရှိထားသလိုပဲ အဆိုဘက်မှာလည်း ပရိသတ် အားပေးမှု ရရှိထားတဲ့ သူကတော့ ဝိုင်းစုခိုင်သိန်း ပဲဖြစ်ပါတယ်။ နှစ်ဖက်စလုံး မှာ အောင်မြင်မှု ရရှိနေတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်တဲ့အတွက် ဘယ်ဘက်ကို ပိုပြီး ခုံမင်နှစ်သက် လဲဆိုတာကို ပရိသတ် တွေအနေနဲ့ စိတ်ဝင်စားကြမှာ ဖြစ်တဲ့ အတွက် ဝိုင်းစု ခိုင်သိန်း ကိုမေးကြည့်တော့. “နှစ်ခုစလုံးကို အဆင်ပြေအောင်တော့ လုပ်ပါတယ်။ နှစ်ခုစလုံးက ဝိုင်းစု ဝါသနာ ပါတဲ့ အလုပ် ဆိုတော့ အားလုံး အဆင်ပြေအောင် လုပ် တယ်။ နှစ်သက်ပြီး ကိုယ့်ကိုယ်တိုင် ရွေးချယ်ထားတဲ့ အလုပ်ပဲ။ ဒါကတော့ ပရိသတ်  ရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်တယ်။ အဆိုတော်နဲ့ သရုပ်ဆောင် ဆိုပြီး ကွဲသွား တာ မရှိဘူး။ ဒါတွေက အနုပညာတွေပဲ။ ကိုယ့် အလုပ်အပေါ် အကောင်းဆုံး ဖြစ်အောင် လုပ်တယ်” လို့ ပြောတဲ့ ဝိုင်းစုခိုင်သိန်းကို အဆိုတော် ဝိုင်းစုခိုင်သိန်း နဲ့ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း ဘာတွေ ကွာခြားမှုတွေ ရှိသွားမလဲ ဆိုတာကို မေးကြည့်တော့” ဘာမှသိပ်ပြီး အထွေအထူး ကွာခြား သွားတာ မရှိပါဘူး။ အဆိုတော် ဝိုင်းစုခိုင်သိန်း လည်း ကြိုးစားနေဆဲပဲ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း လည်း ကြိုးစားနေဆဲပါ။ နှစ်ခုစလုံးက အနုပညာ ထဲမှာပါ။ ဒီအလုပ် က အမြဲတမ်း ကြိုးစား နေ ရမှာပါ” လို့ ပြော ပါတယ်။
ပြည်ပက အနု ပညာရှင်တွေ ဆိုရင် သူတို့ရဲ့ တစ်ကိုယ်တော် ရှိုးပွဲတွေ ပြုလုပ်ပြီး ပရိသတ်နဲ့ အမြဲတမ်း ထိတွေ့ လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ အမျိုး သမီး အဆိုတော် တွေ အနေနဲ့ တစ်ကိုယ်တော် ရှိုးပွဲ ကျင်းပတာ နည်းသေး တာကိုတွေ့ ရပါတယ်။ ဒါကြောင့် ပရိသတ် အားပေးမှု ရရှိနေတဲ့ အဆိုတော် တစ်ယောက် ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်း ကိုလည်း တစ်ကိုယ်တော်ရှိုးနဲ့ ပတ်သက်ပြီးတော့ “ဝိုင်းစု အခုမှ နှစ်ခွေပဲ ထွက်ရသေးတယ်။ တစ်ကိုယ်တော်ရှိုး ဆိုတာက အပုဒ် သုံး၊လေးဆယ် ဆိုရတယ်။ ဝိုင်းစုကို တစ်ကိုယ်တော်ရှိုး လုပ်ဖို့ အားပေးတဲ့ သူလည်း ရှိသလို၊ မလုပ်သေးနဲ့ဦး လို့ပြောတဲ့ သူတွေလည်း ရှိတယ်။ အခုလော လောဆယ်တော့ စဉ်းစားနေ တုန်းပဲ။ အဓိက ကတော့ သီချင်းပေါ် မှာလည်း မူတည်တယ်။ လုပ်ဖို့တော့ အစီအစဉ် ရှိတယ်။ ဒီလိုပွဲက ရင်ခုန်စရာလည်း ကောင်းတယ်။ ဒါက အဆိုတော် တစ်ယောက် ရဲ့ မှတ်တိုင်ပဲ။ အဲဒီလိုပွဲမျိုးကို ဘာမှ ချို့ယွင်းချက်တော့ မရှိစေချင်ဘူး။ လိုအပ်ချက်လေးတွေ အနည်း နဲ့ အများတော့ ရှိမှာပဲ။ ဒါပေမဲ့ ကိုယ့်ဘက်က တအား ပြင်ဆင် ထားတာ မှ တော်ရာကျမှာ လေ။ အားလုံးပြင်ဆင်ပြီး ကိုယ့်ဘက် က စိတ်ကြိုက် ဖြစ်ပြီးမှ တစ်ကိုယ်တော်ရှိုး လုပ်တာ အကောင်းဆုံးပဲ” လို့ ပြောတဲ့ ဝိုင်းစုခိုင်သိန်း က တစ်ကိုယ်တော် ရှိုးလုပ်တာ ကိုယ့်အတွက် တအား တာဝန်ကြီးတယ်လို့ ပြောပါတယ်။
“တစ်ကိုယ်တော်ရှိုး ဆိုတာက ကိုယ့်နာမည် နဲ့ ကိုယ့် ခေါင်းစဉ်အောက်မှာ လုပ်တာ ဆိုတော့ ဒါက တအားကို တာဝန်ကြီးတယ်။ အခု လောလောဆယ်တော့ ဘာမှ သေသေချာချာ မစဉ်းစားထားဘူး။ အခု ရှိုးပွဲတွေ များတယ်။ မခိုင်ကြီးလည်း လုပ်မယ် ဆိုတော့ တစ်ယောက် နဲ့တစ်ယောက် ပွဲတွေ တအား ဆက်နေရင် ပရိသတ်တွေ အတွက် လည်း အဆင်မပြေဘူး။ လုပ်တဲ့အခါ ကျရင်လည်း သေသေချာချာ လေးလုပ်ဖို့ စဉ်းစားထားတယ်”လို့ ပြောပါ တယ်။
ပရိသတ်တွေ အနေနဲ့ သူ့ကို အဆိုဘက် မှာ ပိုအားပေးတယ် လို့ပြောတဲ့ ဝိုင်းစုခိုင်သိန်း က စက်တင်ဘာလ ၂ဝ ရက်နေ့မှာ တောင်ကြီး မှာ ဖျော်ဖြေရေး အနေနဲ့ သွားဖို့ ရှိ ပြီး အောက်တိုဘာ ၃ ရက်နေ့မှာ တစ်ကိုယ်တော် စီးရီး ဖြစ်တဲ့ “မျက်လှည့်” ဗီစီဒီလည်း ထွက်ရှိ တော့မှာဖြစ်ကြောင်း ပြောပါတယ်။
တွယ်တာ
ref: Popular

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here