Thursday, October 18, 2012

သို့ အယ်ဒီတာ

0 comments

အောက်တိုဘာ(၁၈)


လဲချားမြို့နယ်တွင် ယခုအခါ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများနှင့် အိမ်ထောင်စုဇယားများကို ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူးမှ ဦးစီးဆောင်ရွက်လျှက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလွှဲသုံးစားမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ အိမ်ထောင်စု လူဦးရေစာရင်းများ ကောက်ခံရာတွင် ရွာသူရွာသားများအား သဘောပေါက် နားလည်စေရန် ရှင်းလင်းပြောဆိုရမည့် တာဝန်များကို လစ်ဟင်းပြစ်ပယ်၍ အမိန့်ပေး ငေါက်ငမ်းခြင်းများ၊ မာမာထန်ထန် ဆက်ဆံခြင်းများဖြင့် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေမှုမရှိသည့် အာဏာရှင်ဆန်ဆန် အပြုအမှု အပြောအဆိုများဖြင့်ဆောင်ရွက်နေသည့်အပြင် အိမ်ထောင်စုဇယား တစ်စောင်လျှင် အချို့ရွာများတွင် ၄၀၀၀ိ/-ကျပ်(လေးထောင်ကျပ်) ပေးရပြီး အချို့ရွာများတွင် ၃၀၀၀ိ/- ပေးဆောင်ခဲ့ရပါသည်။

ထိုငွေများ အမှန်တကယ်ကောက်ခံခဲ့ကြောင်းကို သက်ဆိုင်ရာကျေးရွာများသို့ ကွင်းဆင်းမေးမြန်းပါက အလုံးစုံသိမြင်နိုင်ပါကြောင်း၊ ထိုသို့ တစ်အိမ်ထောင်လျှင် ၃၀၀၀ိ/- / ၄၀၀၀ိ/- ကျပ်စီ ကောက်ခံသော အဆိုပါငွေများသည် အစိုးရ၏ မည်သည့် ငွေစာရင်းခေါင်းစဉ်အတွင်းတွင် ပေးသွင်းထည့်ဝင်ရမည့်ငွေ ဖြစ်သည့်အပြင် မည်သည့်နည်းလမ်းဖြင့် ပေးသွင်းသွား သည်နှင့် ကောက်ခံရရှိသော ငွေများအား ပေးသွင်းပြီးမပြီးနှင့် အိမ်ထောင်စုဇယားတစ်စောင်၏ ကောညက်ခံသင့်သောနှုန်းထား မှန်/မမှန်၊ အဆိုပါကောက်ခံသောငွေများသည် ငွေတောင်းခံကြောင်း ပြေစာနှင့် ငွေလက်ခံရရှိကြောင်းပြေစာများ မရှိသည့်အတွက် တရားဝင် ကောက်ခံသည့်သည့် အခွန်အခ ဖြစ် / မဖြစ် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စိစစ်ဆောင်ရွက်စေလိုပါသည်။

ထို့အပြင် ယခင်အသုံးပြုခဲ့ကြသော နည်းထုံးဟောင်းအတိုင်း မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေး ကဒ်များကို သောင်းဂဏန်း သိန်းဂဏန်း ငွေများဖြင့် ပြုလုပ်ပေးနေသည်ကို တွေ့ရှိရပါသည်။ ပြီးခဲ့သည့်လတွင် တစ်ဦးထံမှ ငွေတစ်သိန်းကျော် ပေးထားပြီးယခုအချိန်အထိ မှတ်ပုံတင်မရသေးကြောင်း ကြားသိရပါသည်။

သို့ဖြစ်ပါ၍ အထက်ပါကိစ္စရပ်များအား ပြည်သူတစ်ဦးတစ်ယောက်အနေဖြင့် မှားယွင်းနေသော လုပ်ဆောင်ချက် ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်အတူ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွင် အကြုံးဝင်နေသည်ဟု နားလည်မိသည့်အလျောက် မှန်ကန်သောလုပ်ငန်းဆောင်ရွက်မှုများ ထွန်းကား  စေရေးအတွက် သက်ဆိုင်ရာဌာနမှ လူကြီးမင်းများ မှ စိစစ်အရေးယူ ဆောင်ရွက်ပေးပါရန် တင်ပြပါသည်။

From; သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here