Thursday, October 18, 2012

သျှမ်းသံတော်ဆင့်မှတဆင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုသမ္မတကြီးနှင့် သမ္မတကြီးသို့သိစေရန်

0 comments
 
အောက်တိုဘာ(၁၈)

လားရှိုးမြို့မှာ ဗီဒီယိုဖြန့်ချိရေးလုပ်ငန်းဆိုင် ဖွင့်လှစ်ထားရှိပြီး ရှမ်းမြောက်မှာရှိတဲ့ ဗီဒီယိုလောက သားများအားလုံးကို ရိုင်းပျစွာ စော်ကားနေတဲ့ `ဦးဝမ်လီချန်း´ကို သက်ဆိုင်ရာမှ အရေးယူပေးပါခင်ဗျား။

က။ တိုင်းရင်းသားမဟုတ်သူ က တိုင်းရင်းသားများကို စော်ကားနေပါတယ်။

ခ။ အေးချမ်းစွာ လုပ်ငန်းလုပ်ကိုင်နေတဲ့ ရှမ်း(မြောက်) က ဗီဒီယိုလုပ်ငန်းရှင်များကို ဦးဝမ်လီချန်း ဟာ နာမည်လိမ် (လှစိန်) နဲ့ မှတ်ပုံတင် မှာ (ပြု) နေရာမှာ (နိုင်) ကို လိမ်လည်ဖြည့်စွက်ပြီး အမှုဆင်၊တရားစွဲ၊ငွေညှစ် လုပ်နေခဲ့တာ နှစ်အတော်ကြာနေပါပြီ။

ဂ။ ဒုသမ္မတကြီးလည်း အလိမ်ခံခဲ့ရပါပြီ။ နိုင်ငံတော်တရားရုံးအသီးသီးကိုလည်း ဦးဝမ်လီချန်း လိမ်ခဲ့ပါပြီ။ ရိုးသားစွာ လုပ်ကိုင်စားသောက်နေတဲ့ အမေအို၊အဘအိုများဆီကလည်း ရိုင်းပြစွာ ငွေညှစ်ပြီး ငွေမရရင် ထောင်ထဲ ပို့ခဲ့ ပြီးပါပြီ။

ဃ။ ဒီလိုလူစားမျိုးကို ဘယ်တပ်ဖွဲ့ကမှ ဖမ်းဆီးအပြစ်ပေးခြင်းမရှိသေးတဲ့အတွက် ကျန်လူတွေအားလုံးမှာ လူ့အခွင့် အရေး၊ လုပ်ငန်းရှင်အခွင့်အရေး များဆုံးရှုံးရပါတယ်။

`ဦးဝမ်လီချန်း´ (၄၈-နှစ်) ဟာ သီပေါ ကပါ။ သီပေါမြို့၊ အနောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း မှာ `စိန်´ဗီဒီယို ဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင် ခဲ့ဖူးပါတယ်။ သီပေါမြို့သူမြို့သားများကို အားရကျေနပ်အောင် ဒုက္ခပေးပြီးတဲ့နောက် အခု `လားရှိုးမြို့´ ကို ရောက် ရှိလို့လာပါပြီ။ လားရှိုးမြို့မှာ ခေတ် အဆက်ဆက် ဗီဒီယိုလုပ်ငန်းကို လုပ်ကိုင်နေခဲ့ကြတဲ့ သူ့ထက် သက်ကြီး၊၀ါကြီးပြီး မြို့မိမြို့ဖ စာရင်းဝင်တဲ့ ဗီဒီယို လုပ်ငန်းလောကသားများကို `ဦးလှိုင်ဖြိုး´ဆိုသူနဲ့ ပူးပေါင်းပြီး ဒူးနဲ့မျက်ရည်သုတ်ရလောက်တဲ့အထိ ဒုက္ခပေး၊ ငွေညှစ်၊ လီဆည်တရားစွဲ တာတွေကို တစိုက်မတ်မတ် လုပ်ကိုင်ခဲ့ပါတယ်။

အခုဆိုရင် သူ့ရဲ့ ထမင်းရှင်ဖြစ်တဲ့ ဦးလှိုင်ဖြိုးကိုပါ ပြန်ဒုက္ခပေးနေပါပြီ။ ထမင်းကျွေးသောလက်ကို ပြန်ကိုက်နေပါပြီ။ ဦးဝမ်လီချန်း ဒုက္ခပေးပုံတွေကို အောက်မှာ ဖတ်ကြည့်ပါခင်ဗျာ။
(၁) ဦးဝမ်လီချန်းဟာ နာမည်လိမ်ဖြစ်တဲ့ (လှစိန်) အမည်နဲ့ လှုပ်ရှားနေပါတယ်။ ဦးဝမ်လီချန်း ဟာ (၁၃/သပန(ပြု)၀၀၀၁၉၇) ကိုင်ဆောင်ထားသူဖြစ်ပါတယ်။ နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထား သူ မဟုတ်ပါဘူး။ မှတ်ပုံတင်ရော၊ အိမ်ထောင်စုမှာပါ သူ့နာမည်ကို `၀မ်လီချန်း´ လို့ပဲ ဖော်ပြထားပါတယ်။ သူ့ အနေနဲ့ အဲဒီ နိုင်ငံသားပြုခွင့်လက်မှတ်ကို အခြားနာမည်နဲ့ ကိုင်ဆောင်ခွင့်မရှိပါဘူး ဆိုတာကို ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ပြည်နယ်လဝက ကနေ အတည်ပြု စာထွက်ထားတာ ရှိပါတယ်။

(၂) နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရဲ့ လားရှိုးမြို့၊တွေ့ဆုံပွဲမှာ `ဦးဝမ်လီချန်း´ ဟာ သမ္မတကြီးထံ တိုင်ကြားစာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီတိုင်ကြားစာမှာ သူ့ရဲ့နာမည်ကို `ဦးလှစိန်(ခ)၀မ်လီချန်း´လို့ မမှန် မကန် ဖော်ပြခဲ့ပြီး မှတ်ပုံတင်နံပါတ်မှာလည်း (၁၃/သပန(နိုင်)၀၀၀၁၉၇) လို့ လိမ်လည်တင်ပြခဲ့ပါတယ်။ အဲဒီကိစ္စ ကို ရှမ်း(မြောက်) ပြည်နယ် လဝက က ဦးဝမ်လီချန်းသည် (ပြု)မှတ်ပုံတင်အား အခြားအမည်ဖြင့် အသုံးပြုခြင်းသည် တရားဥပဒေနှင့် မညီညွှတ် ဆိုပြီးတော့ တရားဝင် စာထုတ်ပြန်ခဲ့ပါတယ်။

(၃) သို့သော် ဦးဝမ်လီချန်းကို ဘယ်လိုအပြစ်မှ မပေးခဲ့ပါဘူး။ နိုင်ငံတော် ဒုတိယသမ္မတကြီးထံ အမည် နှင့် မှတ်ပုံတင် လိမ်လည်တိုင်တန်းသူ ဦးဝမ်လီချန်း ဟာ တရားဥပဒေအရ မည်သို့မှ အရေးယူခြင်း မခံခဲ့ရတာဟာ အံ့သြဖွယ် ကောင်းနေသလို နိုင်ငံတော်အဆင့် အကြီးအကဲတစ်ဦးကို လက်လွတ်စပယ် စော်ကားပြီး အရေးယူခြင်း မခံခဲ့ရ တဲ့အတွက် ပိုမို အတင့်ရဲလာပါတယ်။

ဦးဝမ်လီချန်းကို `တွဲဘက်ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့၊လားရှိုးမြို့ မှာ အတွင်းရေးမှူးတာဝန် ပေးအပ်လိုက်တဲ့ အခါ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းများနဲ့ လုပ်ငန်းရှင်များက ဒုသမ္မတကြီးထံ လိပ်မူပြီး `ဦးဝမ်လီချန်း´ အား အတွင်းရေးမှူးတာဝန် ပေးအပ်ရန် မသင့်လျော်ကြောင်း ကန့်ကွက် အသနားခံလွှာပေးပို့ခဲ့ကြပါတယ်။ ထူးဆန်းစွာ ပဲ ဦးဝမ်လီချန်း ဟာ လဝက က မသုံးရလို့ စာထွက်တားမြစ်ထားတဲ့ `ဦးလှစိန်´အမည်နဲ့ အခုဒီစာရေးတဲ့အချိန် အထိ `အတွင်းရေးမှူးရာထူး´ကို စံစားနေပါတယ်။

(၄) (၂၁-၇-၂၀၀၉) လကွယ်နေ့တွင် ဦးဝမ်လီချန်း သည် မူပိုင် အာရ်စီတွဲကိစ္စနှင့် ရက်ချိတ်အစည်းအဝေး ပြုလုပ်စဉ် မသက်ဆိုင်သော ကိစ္စနှင့် ရက်ချိတ်အစည်းအဝေးပြုလုပ်နေစဉ် မသက်ဆိုင်သော ကိစ္စဖြစ်သော သူ့အား နေပြည်တော်သို့ တိုင်ကြားသော (၇)ကောင်ကို ဖော်ထုတ်ပေးပါဟု ရိုင်းပြစွာ ပြောသည့်ကိစ္စအတွက် အမှုဆောင် ဦးမောင်စန်းနှင့် ဦးဝမ်လီချန်း တို့ စကားများရာ ဦးဝမ်လီချန်းမှ ဦးမောင်စန်းအား ထိုးကြိတ်ရန်အထိ ကြိုးပမ်းခဲ့ ပါသည်။

(၅) ဦးဝမ်လီချန်း သည် မြန်မာဇာတ်ကားမူပိုင်များကို အကြောင်းပြအမှုဆင်ပြီး ခြိမ်းခြောက်လျော်ကြေး တောင်းခံခြင်း များ ပြုလုပ်သည့်အတွက် လုပ်ငန်းရှင်များသည် မတရားငွေပေးလျော်ရခြင်း၊ အမှုအခင်းများ တိုင်ကြားခြင်း ခံရ သည့် အတွက် ဂုဏ်သိက္ခာကျဆင်းစေခြင်းများ ခံစားနေရပါသည်။

(၆) (၅-၄-၂၀၁၁)နေ့တွင် မူဆယ်မြို့ ဒေါ်ဝင်းဝင်းနု၊ တော်ဝင်နှင်းဆီခွေငှားဆိုင်သို့ သတင်းရရှိ၍ ၀င်ရောက်ရှာဖွေရာ ဂီရိမုန်တိုင်း အမည်ရှိ အခွေ (၁၄)ခွေ တွေ့ရှိကာ ဗီဒီယိုအခြေခံပြည်နယ်ဥက္ကဌ ဦးမောင်မြင့်ဌေးမှ အဖွဲ့အနေဖြင့် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း ဥက္ကဌဦးမောင်မြင့်ဌေးမှ အမှုပိတ်သည့်အတွက် (၁၃-၆-၂၀၁၁) နေ့တွင် ဒေါ်ဝင်းဝင်း နုအား တရားရုံးမှ တရားရှင်လွတ်လိုက်ပါသည်။ သို့သော် ၄င်းကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ ကြားသိရသည် မှာ ဒေါ်ဝင်းဝင်းနု မှ ဦးဝမ်လီချန်း အား နစ်နာကြေး နှင့် အခွေတန်ဘိုး (၅၅)သိန်း ပေးလိုက်ရကြောင်း ဖြစ်ပါသည်။

(၇) (၂၀-၃-၂၀၁၁) နေ့တွင် ဦးဝမ်လီချန်း သည် သီပေါမြို့နယ် ဗီဒီယိုအခြေခံ ဥက္ကဌ ဦးလှမြင့်အား အမှုတည်ဆောက်မှု မခိုင်မာပဲ ပုဒ်မ-၅၀၀ ဖြင့် တရားစွဲဆိုထားရာ ယနေ့အထိ မပြီးပြတ်သေးပါ။
(၈) (၂၁-၂-၂၀၁၂) နေ့၊လားရှိုးမြို့၊မြို့တော်ခန်းမတွင် နိုင်ငံတော် ဒုသမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်း၏ တွေ့ဆုံပွဲတွင် ၄င်းအား ဗီဒီယိုကိစ္စများတိုင်ကြားထားခြင်းကို မဆောင်ရွက်ပေး၊ ၄င်းဆိုင်တွင် စည်ပင်ရေ မရရှိကြောင်း၊ တို့ကို တိုင်တန်းခဲ့ပါသည်။ လက်မှတ်တွင် လဝက မှ ခွင့်မပြုသော (လှစိန်) ကို ဦးဝမ်လီချန်း နှင့် တွဲလျက် ထိုးထားပြီး (ပြု)မှတ်ပုံတင်နေရာတွင် (နိုင်) ဟု လိမ်လည်ဖြည့်စွက် တိုင်တန်းခဲ့ရာ သက်ဆိုင်ရာ သတင်း တပ်ဖွဲ့များမှ အမှုမှန် ဖော်ထုတ်နိုင်ခဲ့သော်လည်း တရားဥပဒေအရ အရေးယူခြင်းမခံခဲ့ရပါ။

(၉) (၂၅-၃-၂၀၁၂) နေ့တွင် လားရှိုးမြို့နယ်၊ခါးသျှိကျေးရွာ၊ဦးဗျာဝူး၊ သံယောဇဉ်ပြသရေးရုံသို့ ည (၈) နာရီအချိန် တွင် အခြားသတ်မှတ်အဖွဲ့များမပါဘဲ ဦးဝမ်လီချန်းကိုယ်တိုင် ၀င်ရောက်စစ်ဆေးခဲ့ပါသည်။ ဦးဗျာဝူး၏ အိမ်အတွင်းမှ လွန်ခဲ့သော ၂-နှစ်ခန့်က `သူထူးစံ ပါဝင်သော မမမောင်´၊ `မိုးအောင်ရင် ပါဝင်သော ဇောင်း´ ဇာတ်ကား ၂-ကား တွေ့ရှိရာ ဦးဝမ်လီချန်းမှ သူ၏ မူပိုင်ဇာတ်ကားဖြစ်၍ သက်သေအဖြစ် သိမ်းသွားပါသည်။ CD အိတ်ပေါ်တွင် `နှင်းဗီဒီယို အခွေငှား´ အမှတ်တံဆိပ်ပါသဖြင့်ဟုဆိုကာ `နှင်းဗီဒီယိုဖြန့်ချိရေး´လိုစင်ကိုင်ဆောင်ထားသူ ဦးကျော်လှိုင် အား အငြိုးထား တရားစွဲဆိုထားပါသည်။ ဦးကျော်လှိုင်သည် `နှင်းဗီဒီယိုဖြန့်ချိရေး´ လိုင်စင် ကိုင်ဆောင်ထားသူဖြစ်ပြီး `နှင်းဗီဒီယိုအခွေငှား´လိုင်စင် ကိုင်ဆောင်ထားသူမဟုတ်ပါ။ သို့ဖြစ်ပါ၍ ဦးကျော်လှိုင် အား မသက်ဆိုင်ပဲ အငြိုးထားအမှုဖွင့်ထားခြင်းကြောင့် အသက် ရ၂နှစ်အရွယ် မြို့မိမြို့ဖလည်းဖြစ်သူ၊ ဘုရားဂေါ ပကလည်းဖြစ်သူ ဦးကျော်လှိုင်သည် ကြီးစွာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရပါသည်။

(၁၀) (၂၅-၃-၂၀၁၂) နေ့တွင် ဦးဝမ်လီချန်း သည် သူ၏မူပိုင်ခွေများ မဝယ်ယူသဖြင့် သီပေါမြို့နယ်၊ မန်ဆန်ကျေးရွာနေ ဒေါ်ခင်မာဝေ (ရှမ်းတောင်တန်း ခွေအငှားဆိုင်) သို့ ရှာဖွေပုံစံမပါ၊ အခြားအဖွဲ့များမပါ၊သတင်းမပို့ဘဲ မိမိသဘော ဖြင့် ၀င်ရောက်စစ်ဆေး ခြိမ်းခြောက်ကာ မြန်မာဇာတ်ကားများကို သိမ်းဆည်းသွားပြီး ငွေ ၁၈-သိန်း တောင်းခံခဲ့ရာ ဒေါ်ခင်မာဝေမှ ၁၀-သိန်းသာပေးနိုင်သဖြင့် မကျေမနပ်ဖြစ်ကာ အမှုဖွင့်ရာ လေဖြန်းနေသော ဒေါ်ခင်မာဝေမှာ ထောင် ၃-လ ကျခဲ့ရပါသည်။ ကျေးရွာတွင် နေထိုင်ပြီး ရိုးသားစွာ လုပ်ကိုင်စားသောက်နေသော၊ နာမကျန်း လည်း ဖြစ်နေသော အမယ်အိုကြီးအား တောင်းသလောက်ငွေမရသဖြင့် အမှုဆင်ထောင်ချခြင်းသည် အင်မတန် လူသား မဆန်ရာ ရောက်နေပါသည်။

(၁၁) (၂၂-၄-၂၀၁၂) တွင် ဦးဝမ်လီချန်း သည် နန့်လန်ကျေးရွာမှ ကိုမျိုးဝင်း (ခ) ဖိုးတလုပ်အား ဗီဒီယိုလုပ်ငန်း လိုင်စင် လုပ်ပေးမည်ဟု ပြောဆိုကာ စာရွက်လွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းပါသည်။ ထိုစာရွက်ပေါ်တွင် မြို့နယ်ဥက္ကဌ ဦးလှမြင့်အား တိုင်ကြားစာ ဖြည့်စွက် ရေးသားကာ ဖိုးတလုပ် က တိုင်သည်ဟု ဖန်တီးခဲ့ပါသည်။

(၁၂) (၂၉-၁၂-၂၀၁၁) တွင် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်မြင့် မှ ဦးဝမ်လီချန်း အား အကျိုးဆောင်ခ (၁၀) သိန်း နှင့် နစ်နာကြေး (၁၀)သိန်း၊ ပေါင်း (၂၀)သိန်း ရရှိလိုမှုဖြင့် လားရှိုးမြို့နယ်တရားရုံးသို့ တရားစွဲဆိုထားပါသည်။

 From ; သျှမ်းသံတော်ဆင့် 
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here