Tuesday, October 30, 2012

တာချီလိတ်မြို့နယ်တွင် မြို့နယ်အဆင့် ဆရာဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းဆွေးနွေးပွဲ(၂) သင်တန်းဖွင့်လှစ်ပို့ချ

0 comments
အောက်တိုဘာ(၃၀)

တာချီလိတ်မြို့နယ် မြို့နယ်အဆင့်ဆရာဆရာမများ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းဆွေးနွေးပွဲ(၂)အား 

(၂၇.၁၀.၁၂)ရက်နေ့တွင်စတင်ဖွင့်လှစ်ပြီး (၃.၁၀.၁၂)ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်းသိရှိရပါသည်။ 

အဆိုပါဆွေးနွေးပွဲအား မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ စုစုပေါင်း (၂၁၃) ဦးတက်ရောက် သင်ကြားလျှက် 

ရှိပြီး သင်တန်းနည်းပြ (၁၈)ဦးမှ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော ဗဟိုအဆင့်သင်တန်းတွင် တက်ရောက်ပြီး

 ပြန်လည်ပို့ချခြင်းဖြစ်ပါသည်။ သင်တန်းကြီးကြပ်ရေးအား တာချီလိတ်မြို့နယ် ပညာရေးစီမံကိန်းများ 

စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှကဦးဆောင်၍  ထက်/လယ်ကျောင်း 

အုပ်ကြီးများ၊ ကျောင်းအုပ်စုမှူးများက ဆောင်ရွက်လျှက်ရှိပါသည်။ 

ထို့ပြင် အချိန်ပြည့် သင်တန်းအောင်မြင်စွာပြီးမြောက်ရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ် 

ပညာရေး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဆရာကြီးတစ်ဦးနှင့် ပညာရေးစီမံကိန်းနှင့်

 လေ့ကျင့်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဆရာမကြီးဒေါ်လဲ့လဲ့ဝင်းတို့လည်း အထူးကြီးကြပ်ဆောင် 

ရွက်ကြကြောင်း သိရှိရပါသည်။




(၂၉.၁၀.၁၁)ရက်နေ့ တွင် ခရိုင်ပညာရေးမှူးဒေါ်ပြုံးက သင်တန်းကျင်းပနေမှုအခြေအနေများအား 

လာရောက်ကြည့်ရှုအားပေးဆောင်ရွက်ခဲ့ပါသည်။

ယခုကျင်းပလျှက်ရှိသောသင်တန်းသည် မူလတန်းဆင့် ကျောင်းသားကျောင်းသူများ သင်္ချာဆိုင်ရာ သင် 

နည်းသစ်များ၊ ထိရောက်အောင်မြင်သော သင် ထောက်ကူများနှင့် နည်းစနစ်များကို လက်တွေ့ 

့ဆွေးနွေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆရာဆရာမများအနေဖြင့် စီမံချက်ရေးဆွဲပြီး လုပ်ငန်း 

အကောင်အထည်ဖေါ်သည့် အလေ့အထများ လက်တွေ့ကျင့်သုံးတတ်စေရန်လည်း 

ပို့ချဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုနှစ်အတွင်း ပထမအကြိမ်အဖြစ် (၁၂)ရက် ပို့ချခဲ့ပြီး ယခုဒုတိယအကြိမ် (၇)ရက်ဆက် လက်ပို့ 

ချခြင်းဖြစ်ကြောင်း ၊တတိယကြိမ်အဖြစ်လည်း ယခုစာသင်နှစ်အတွင်းဆက်လက်ပို့ချ သွား မည်ဖြစ်ကြောင်း 

သတင်းရရှိပါသည်။


တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here