Monday, April 8, 2013

အလောင်းအစား

0 comments
ဧပြီ(၈)

မောင်ဟိန်းလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက ``စိတ်မပူပါနဲ့၊

ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို ထိန်းနိုင်ပါတယ်`` ဟု ဆိုသည်။

ညနေကျောင်းဆင်းချိန်တွင် ဆရာမက မောင်ဟိန်းလေး၏ဖခင်အား ဂုဏ်ူယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ ကျွန်မ နိုင်လိုက်တယ်။ နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။ ကျွန်မ တင်ပါးမှာ

မှဲ့ရှိရမယ်လို့ သူက ငါးဒေါ်လာကြေး လာလောင်းလို့ မရှိဘူးဆိုတဲ့ အကြောင်း သူ့ကို သက်သေပြလိုက်တယ်လေ`` ဟု ဆိုရာ မောင်ဟိန်းလး၏ ဖခင်က စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်က ``အဲဗျာ…. ဒါဆို ကျွန်တော်တော့

ရှုံးပြီ။ သူက ဒီနေ့ နေ့မကူးခင် ဆရာမရဲ့ တင်ပါးကို ရအောင် ကြည့်ပြမယ်ဆိုပြီး ကျွန်တော်နဲ့ ဒေါ်လာ ၁၀၀ ကြေး လောင်းထားတာလေ…`

Myanmar Forward
အလောင်းအစား
**************

Credit: တစ်ထောင်.တစ်ညပုံပြင်ကြိုက်သူများ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here