Monday, October 29, 2012

အစားထိုးသီးနှံများဖန်တီးပေးပါက ရှမ်းပြည်တောင်တိုင်း အချို့နေရာများရှိ ဘိန်းစိုက်ပျိုးနေမှုများပပျောက်သွားနိုင်

0 comments
အောက်တိုဘာ(၂၉)


ရှမ်းပြည်နယ်တောင်ပိုင်းရှိ အချို့သောတောင်သူများ စား ၀တ်နေရေးအတွက် မှီခိုလုပ်ကိုင် နေကြရသည့် 

ဘိန်းစိုက်ခင်းများ အစား၊ အစားထိုးသီးနှံများ ဖန် တီးပေးနိုင်မည့် လမ်းပန်းဆက် သွယ်ရေး လွယ်ကူ အ 

ဆင်ပြေစေ ရန် ဆောင်ရွက်ပေးသွားနိုင်မည် ဆိုပါက အဆိုပါ ဘိန်းစိုက်ပျိုးနေ မှုများ လျော့နည်းလာ မည့် 

အပြင် တစ်ချိန်တွင် လုံးဝ ပပျောက်သွား နိုင်ကြောင်း အမေရိကန်လက် ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် 

ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ ဆုံဆွေနွေးစဉ် ၀န်ကြီးချုပ် ဦးစ၀် အောင်မြတ်မှ ပြောကြားသွားခဲ့ သည်။


အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးမှ ရှမ်းပြည် နယ်အတွင်း ကျန်ရှိနေသေးသော  ဘိန်း စိုက် 

ပျိုးမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ မေး မြန်းခဲ့ခြင်းအပေါ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် 

အား မေးမြန်း ခဲ့ရာ““အန်ကယ်တို့နဲ့လာ တွေ့တာ အမေရိကန်လက်ထောက် နိုင်ငံ ခြားရေးဝန်ကြီးရယ်၊ 

သံအမတ် ကြီး ဒဲရစ်မစ်ချဲလ်ရယ်၊ စစ်သံမှူး ရယ် သူတို့က ရှမ်းပြည်မှာ ဘိန်း စိုက်ပျိုးမှုတွေ ရှိနေသလား 

လို့မေး တယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှုတွေ မရှိတော့ဘူး။ တောင်ပိုင်းမှာပဲ 

ဘိန်းစိုက်ပျိုးမှုက အနည်းအကျဉ်း ရှိနေတာ (၈၈)ခုနှစ် အရင်က  တော့ ကုလသမဂ်္ဂမူးယစ်ဆေးဝါး တိုက် 

ဖျက်ရေးအဖွဲ့နဲ့ ရှမ်းပြည် နယ် အရှေ့ပိုင်းမှာရှိတဲ့ ဘိန်းစိုက် ခင်းတွေကို ပူးပေါင်းပြီး တားဆီး နှိမ်နင်းမှုတွေ 

လုပ်ပေးတယ်။ ခု ၈၈ နောက်ပိုင်း သူတို့က အကူ အညီမပေးတော့ ဘိန်းစိုက်ပျိုးမှု တွေ နည်းနည်းကျန်နေ 

တာပါ။ အဲသလို စိုက်ပျိုးမှုတွေကလည်း ရှမ်းပြည်တောင်ဘက် ပေငါး ထောင်လောက်မြင့်တဲ့ တောင် 

တန်းတွေပေါ်မှာပါ။ စိုက်တဲ့ တောင်သူတွေကလည်း ဒီဘိန်း စိုက်တာကို သူတို့ရဲ့ အသက်မွေး ၀မ်းကြောင်း 

အနေနဲ့၊ ပြီးတော့ သူ တို့ရဲ့ အသက်ရှင်ရပ်တည်ရေး အတွက် စိုက်နေရတဲ့သဘောမျိုး ပါ။ အဲဒီ ဘိန်း စိုက် 

တဲ့တောင်သူ တွေလည်း လုံးဝဘိန်းစိုက်ချင်ကြ တာမဟုတ်ဘူး။ ဒါကြောင့် အဲဒီ တိုင်းရင်းသားတွေကို ဘိန်း 

အ စား ထိုးသီးနှံတွေ ဖန်တီးပေးမယ်။ ပြီး တော့ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် လုပ်ပေးမယ်ဆို 

ရင် ရှမ်းပြည်နယ်တွင်း ဘိန်းစိုက် ပျိုးမှုဟာ လျော့နည်းလာပြီး မကြာခင်လုံးဝ ပျောက်ကွယ်သွား မှာပါ””ဟု 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်မှ ပြန်လည်ဖြေ ကြားပေးသွားခဲ့သည်။


၁၉၈၈ခုနှစ် မတိုင်မီက ရှမ်း ပြည်နယ်အတွင်းရှိ ဘိန်းစိုက်ခင်း များအား အမေရိကန်နိုင်ငံနှင့် ကုလ သမဂ္ဂ 

မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့တို့မှ ဆေးဖြန်း လေယာဉ်ငယ်များဖြင့် ပူးပေါင်း တိုက်ဖျက်ပေးခဲ့ပြီး 

၁၉၈၈ခုနှစ် နောက်ပိုင်းတွင် ယင်းသို့ ဆက် လက် ပူးပေါင်းတိုက်ဖျက်ပေးခြင်း မပြုတော့သည့်အတွက် ဘိန်း 

စိုက်ပျိုးမှုများ အမြစ်ပြက် ပ ပျောက်မသွားဘဲ အချို့သော တောင်ပေါ်ဒေသများ၌ ဆက် လက် 

ကျန်ရှိနေခြင်းဖြစ် သည်ဟု ၎င်းက ဆိုသည်။

The Hot News Weekly Journal 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here