Saturday, November 24, 2012

မြိုင်မြိုင်ဆိုင်ဆိုင် တောင်ကြီးတန်ဆောင်တိုင်

0 comments
နိုဝင်ဘာ(၂၄)

ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တောင်ကြီးမြို့တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ ကွင်းဖွင့်ပွဲဟာ အရင် နှစ်တွေနဲ့မတူ တမူထူးခြားနေပါတယ်။
ဓာတ်ပုံများ - ဂျွန်ချစ်ငြိမ်း (တောင်ကြီး) 
ဘယ်လိုထူးခြားသလဲ ဆိုရင် တန်ဆောင်တိုင်ကွင်းဖွင့်ပွဲ မကျင်းပမီ ညနေ ၅း၀၀ နာရီမှာ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် နဲ့ ကျန် ၀န်ကြီး (၉) ပါးစလုံးက  စူဌာမုနိ ဘုရား ကုန်းပြင်ကနေ စိန်နားပန် မီးပုံးပျံ တစ်လုံးကို ပြည်ထဲရေးဌာနမှ ရဲတပ်သားတွေ အကူညီ ယူပြီး လွှတ်တင် ပူဇော်ခဲ့ကြပါတယ်။

     တောင်ကြီး တန်ဆောင်တိုင် ဖွင့်ပွဲ မကျင်းမမီ ယခုလို ပြည်နယ်ဝန်ကြီးချုပ်ကနေ ဘုရားမြေကနေ မီးပုံးပျံ လွတ်တင်တာ ဒါပထမဦးဆုံး မြင်ကွင်းပါ။

       ယင်းမီးပုံးပျံ လွှတ်တင်အပြီးမှာတော့ တောင်ကြီးမြို့ အဝေရာမီးပုံးပျံ ကွင်းမှာ ဖွင့်ပွဲ ညနေ ၆း၀၀ မှာ စတင် ကျင်းပ ပါတယ်၊

ရှမ်းရိုးရာ ဓါးသိုင်းအကတွေ၊   ကိန္ဒရီ၊  ကိန္ဒရာ အကတွေ ၊  ဆီမီးခွက်အကတွေ၊  တိုးနယား အကတွေ၊  အပြင် အိုးစည်ဗုံမောင်းတွေ  ပါဖော့မန့် ကောင်းကောင်းနဲ့  တင်ဆက်ပြခဲ့တဲ့ ရှမ်းလုလင်တွေ ရဲ့ မီးတုတ်သိုင်း အကကို ပိရိသတ်တွေ သဘောကျနှစ်သက်ကြခဲ့ပါတယ်။

           အကအလှ တွေဖျော်ဖြေ တက်ဆက်မှု ပြီးမှာတော့ ၁၃၇၄ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ဆိုတဲ့ နီယွမ်မီးတွေကို အဝေရာ ကုန်းမြေကနေ လှမ်းမြင်နေရအောင် ထွန်းညိပေးပြီး ဖွင့်ပွဲ အထိမ်းအမှတ် စိန်နားပန်မီးပုံးပျံ နှင့်အတူ မီးပုံပျံငယ် (၁,၀၀၀) ကျော်ခန့်ကို လွှတ်တင်ကာ မီးရှုး၊   မီးပန်းတွေ ပစ်ဖောက်ပြီး တန်ဆောင်တိုင်ကွင်းဖွင့်ပွဲ စတင်ခဲ့ပါတယ်။

   ယခုနှစ် တန်ဆောင်တိုင် မီးပုံးပျံ ကွင်းဖွင့်ပွဲကို ပြည်တွင်း ပုဂ္ဂလိက ရုပ်သံလိုင်းတွေ လာရောက် ရိုက်ကူး ထုတ်လွှင့်နေသလို Cherry FM ကလည်း ကွင်းတွင်းကနေ တိုက်ရိုက်အသံ လွှင့်တင်ဆက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။

         ကွင်းလုံးပြည့် လျှံနေတဲ့ ပရိသတ် စုစုပေါင်း ခန့်မှန်းအရေ အတွက် ၃သိန်း ကျော် ခန့်ရှိ နိုင်ပါတယ်။















ဧရာဝတီဘလော့

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here